Developer Conference Yangon 2019 ကျင်းပမည်

မြန်မာနိုင်ငံ ကွန်ပျူတာပညာရှင်အသင်းမှ ကြီးမှူးပြီး မြန်မာနိုင်ငံရဲ့ နည်းပညာဖွံ့ဖြိုးတိုးတက်ရေးအတွက် ဉာဏပညာရှင်များ တွေ့ဆုံဆွေးနွေးမယ့် Developer Conference Yangon 2019 ကို ဒီဇင်ဘာ ၂၁ ရက်မှ ၂၂ ရက်အထိ နှစ်ရက်တိုင်တိုင် MICT Park၊ Conference Hall မှာ ကျင်းပပြုလုပ်သွားမယ်လို့ သိရပါတယ်။

အဆိုပါ အခမ်းအနားကို မြန်မာနိုင်ငံရဲ့ အိုင်စီတီအခန်းကဏ္ဍနဲ့ Industry ဖွံ့ဖြိုးတိုးတက်စေရန်လည်းကောင်း၊ ခေတ်နဲ့အညီ နည်းပညာအသစ်များကို မျှဝေသုံးစွဲရန် အတွက်လည်းကောင်း၊ Developer Community တိုးတက်စေရန်အတွက် လည်းကောင်း၊ တိုးတက်ပြောင်းလဲလာတဲ့ ICT နည်းပညာပေါ် အခြေခံပြီး လူ့စွမ်းအား အရင်းအမြစ် ဖြစ်တဲ့ ICT ဆားဗစ်များ၊ Skill Level များ၊ ဝန်ဆောင်မှုများ ဖြစ်လာစေရန်အတွက်လည်းကောင်း Developer Conference ရဲ့ Theme ဖြစ်တဲ့ Developer Beyond 2020 ခေါင်းစဉ်ဖြင့် ကျင်းပခြင်းဖြစ်တယ်လို့ သိရပါတယ်။

Developer Conference Yangon 2019 တက်ရောက်ရန် လက်မှတ်ဝယ်ယူလိုသူတွေ အနေနဲ့ MCPA Office, Gusto University, KMD Center(1), KMD Center(2), Micro Com-puter, Kanaung Hub အပြင် ကွန်ပျူတာတက္ကသိုလ်တွေနဲ့ နည်းပညာတက္ကသိုလ်တွေမှာလည်း ဝယ်ယူရရှိနိုင်မှာဖြစ်ပါတယ်။ အွန်လိုင်းမှ လက်မှတ်ဝယ်ယူလိုသူတွေနဲ့ အသေးစိတ် အချက်အလက်တွေကို www.devconmyanmar.org မှ တစ်ဆင့် ဝင်ရောက်ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။ အသေးစိတ်ကို ဖုန်း – ၆၅၂၂၇၆ နဲ့ ၀၉၅၀၆၇၁၆၈ ကို ဆက်သွယ် စုံစမ်းနိုင်ပါတယ်။

-အောင်သူ