Developer Conference 2017 အခမ်းအနားကျင်းပမည်

၂၀၁၇ ရဲ့ Developer Conference အခမ်းအနား ကျင်းပမယ်လို့ သိရပါတယ်။

အဲဒီအခမ်းအနားကို သတ္တမအကြိမ်မြောက် ကျင်းပတာဖြစ်ပြီး နိုဝင်ဘာလ ၁၈ ရက်နဲ့ ၁၉ ရက်တွေမှာ ရန်ကုန်မြို့၊ လှိုင်တက္ကသိုလ်ဝင်းရှိ Myanmar Information & Communication Technology Park (MICT Park) မှာကျင်းပမှာဖြစ်ပါတယ်။ Myanmar Computer Professionals Association (MPCA) ကကြီးမှူးကျင်းပတာဖြစ်တယ်လို့သိရပါတယ်။ Developer Conference (DevCon) ဟာ ရန်ကုန်မြို့နဲ့ မြန်မာပြည် တစ်ဝန်းမှာရှိတဲ့ Computer, Software, Networking နဲ့ IT နည်းပညာလုပ်ငန်းတွေရဲ့ ပညာရှင်များ၊ လုပ်ငန်းရှင်များ၊ Computer နဲ့ IT ကျောင်းများ၊ တက္ကသိုလ်တွေရဲ့ ပါမောက္ခ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား ကျောင်း သူများ၊ နိုင်ငံရပ်ခြားရောက် မြန်မာပညာရှင်များ၊ နိုင်ငံခြားတက္ကသိုလ်နဲ့ လုပ်ငန်တွေက ပညာရှင်များနှစ်စဉ် စုဝေးကာ အသိပညာ၊ အတတ်ပညာနဲ့ နောက်ဆုံးပေါ် နည်းစနစ်များ၊ နည်းပညာတွေကို တင်ပြဆွေးနွေးပွဲ ဖြစ်ပါတယ်။

ဒီနှစ်အခမ်းအနားမှာ Upcoming Trends အဖြစ် (Data Science,Blockchain, Quantum Computing, IoT, AI, AR, VR), Current Technologies များထဲမှ (Cloud, Virtualization, Docker, XaaS, Apps, Bots), Experience/Case Studies, Security, Software development and languages, Business side of software, UI/UX နှင့် Others software related topics များ စတဲ့နည်းပညာတွေကို ဈေးကွက်ထဲမှာ လက်တွေ့ လုပ်ကိုင်နေကြတဲ့ ပညာရှင်တွေက ဆွေးနွေးဟောပြောကြမယ်လို့သိရပါတယ်။

တက်ရောက်လိုသူတွေအနေနဲ့ မှတ်ပုံတင်ပြီး လက်မှတ်ဝယ်ယူနိုင်မှာဖြစ်ပါတယ်။တက်ရောက် ခွင့်အနေနဲ့ ကျပ် ၁၀၀၀၀ ဖြစ်ပြီး ပွဲနေ့မတိုင်ခင် လာရောက်ဝယ်ယူရင် ၅၀၀၀ ကျပ်ဖြစ်ပါတယ်။ အသေးစိတ်ကို www.devconmyanmar.org မှာကြည့်နိုင် တယ်လို့ သိရပါတယ်။ လက်မှတ်ဝယ်ယူရရှိနိုင်သော နေရာတွေကို ဖော်ပြထားပါတယ်။

1/ MCPA Office – Building (9), Ground Floor, MICT Park, Hlaing Campus

2/ MCC Computer Center – Theingyi Zay, C Ward, Third Floor, Pabedan Township

3/ GUSTO College – No. 289 (A), Pyay Road, Sanchaung Township

4/ KMD Center (1) – No. 331, Pyay Street, Myanegone, Sanchaung Township

5/ KMD Center (2) – Building No. (30/31), Insein Road, Kamaryut Township

6/ Micro Computer – No. 143, Ground Floor, 46 Street, Upper Block, Botahtaung Township

7/ Kanaung Hub – Building 14, 5th Floor, MICT Park, Hlaing Township

-ထွန်းထွန်း