Developer တွေအတွက် ကိုရိုနာဗိုင်းရပ်စ် ခြေရာခံ API ကို Apple နဲ့ Google ဖြန့်ချိ

ဒီလအစောပိုင်းမှာ Google နဲ့ Apple ဟာ iOS နဲ့ Android ထဲမှာ contact tracing နည်းညာကို ထည့်သွင်း တည်ဆောက်ဖို့ ပူးပေါင်းမယ့် အစီအစဉ်ကို ကြေညာခဲ့ပါတယ်။ အခုဆိုရင် Apple နဲ့ Google က exposure notification API ပထမဆုံးဗားရှင်းကို ဖြန့်ချိလိုက်ပါတယ်။ အရင်တုန်းကတော့ contact tracing API လို့ အမည်ပေးထားခဲ့ပါတယ်။

အခုဗားရှင်းက developer အတွက် ရည်ရွယ်ပြီး ဖြန့်ချိတာဖြစ်ပြီး တည်ဆောက်ဆဲ API မျိုးစေ့တစ်ခု ဖြစ်ပါတယ်။ Developer တွေက အများပြည်သူဆိုင်ရာ ကျန်းမာရေးအေဂျင်စီကိုယ်စား သတိပေးချက် app တွေနဲ့ contact tracing app အသစ်တွေ ဖန်တီးဖို့ API ကိုအသုံးပြုသွားမှာပါ။ အခုဗားရှင်းကတော့ developer တွေဆီက အကြံပြုချက်ရယူဖို့ ဖြန့်ချိခဲ့တာ ဖြစ်ပါတယ်။

စိုးထက်
Ref: TechCrunch