“Desktop mode” ပါဝင်တဲ့ Galaxy Tab S4 Android tablet ကို Samsung မိတ်ဆက်
[ Zawgyi ]
Ref: DailyMail
[ Unicode ]
[ Zawgyi ]
Samsung ဟာ Apple, Microsoft တို့နဲ့ ယှဉ်ပြိုင်မယ့် tablet သစ်တစ်မျိုးကို မိတ်ဆက်လိုက်ပါတယ်။
ကိုရီးယားနည်းပညာကုမ္ပဏီကြီးက မိတ်ဆက်ကြေညာခဲ့တဲ့ ဒေါ်လာ ၆၅၀ တန် Galaxy Tab S4 ဟာ ၁၀.၅ လက်မ convertible tablet တစ်ခုဖြစ်ပါတယ်။ အဲ့ဒီ tablet သစ်မှာ ‘desktop mode’ အတွက် Samsung ရဲ့DeX နည်းပညာ အသုံးပြုထားတဲ့ AMOLED display ပါဝင်လာပါတယ်။
Samsung DeX ဟာ dock တစ်ခုဖြစ်ပြီး Galaxy ဖုန်းတွေကို desktop ကွန်ပျူတာတစ်လုံးနဲ့ ချိတ်ဆက်ကာ သက်ဆိုင်ရာ mobile app တွေကို PC ပေါ်မှာ အသုံးပြုနိုင်ပါတယ်။ အဲ့ဒီလုပ်ဆောင်ချက်ကို အခုအခါ Tab S4 မှာ အသုံးပြုနိုင်ပါပြီ။
Tab S4 ကို လက်ရှိမှာ ကြိုတင်မှာယူနိုင်ပြီဖြစ်ပြီး သြဂုတ်လ ၁၀ ရက်မှာ ရောင်းချသွားမယ်လို့ သိရပါတယ်။
အရောင်အနေနဲ့ အနက်နဲ့ အဖြူဆိုပြီး ရရှိနိုင်ပါတယ်။ 64GB ဗားရှင်းအတွက်က ဒေါ်လာ ၆၅၀ ဖြစ်ပြီး 256GB အတွက်က ဒေါ်လာ ရ၅၀ ဖြစ်ပါတယ်။
ဒါပေမဲ့လည်း ဒီစျေးနှုန်းတွေက Wi-Fi ဗားရှင်းအတွက်သာ ဖြစ်ပါတယ်။ LTE မော်ဒယ်တွေကိုတော့ ဒီနှစ်ကုန်ပိုင်းမှာ ရောင်းချသွားမယ်လို့ သိရပါတယ်။
ဖြုတ်နိုင်တပ်နိုင်တဲ့ Book Cover keyboard အတွက်က ဒေါ်လာ ၁၅၀ ထပ်မံကျသင့်မှာ ဖြစ်ပါတယ်။
ဒီ keyboard မှာ app တွေအကြား multitask သုံးတာ၊ app တွေကို ဘေးချင်းယှဉ်သုံးတာနဲ့ drag-and-drog tool တွေ စတဲ့ feature အချို့ပါဝင်ပါတယ်။
DeX mode ဟာ ထိပ်တန်း Android app အများအပြားကို ထောက်ပံ့ပေးနိုင်တယ်လို့ Samsung က ပြောပါတယ်။
External monitor တစ်ခုနဲ့ ချိတ်ဆက်ထားတဲ့အခါ သုံးစွဲသူတွေက S4 ကို trackpad အကြီးစားတစ်ခုအနေနဲ့ အသုံးပြုနိုင်ပါတယ်။ ဒါ့အပြင် S4 ရဲ့ stylus နဲ့ မှတ်စုရေးတာ၊ doodle ဆွဲတာနဲ့ screenshot ဖမ်းတာတွေကို ပြုလုပ်နိုင်ပါတယ်။
သုံးစွဲသူတွေအနေနဲ့ desktop mode မှာ application ၂၀ အထိ ဖွင့်ထားနိုင်တယ်လို့ ကုမ္ပဏီက ဆိုပါတယ်။
S4 အတွက် Bixby လုပ်ဆောင်ချက်တွေကို လာမယ့်နှစ်မှာ software update တစ်ခုအနေနဲ့ ဖြန့်ချိပေးသွားဖို့လည်း Samsung က စီစဉ်ထားပါတယ်။
Bixby ဟာ Samsung ရဲ့ digital assistant ဖြစ်ပြီး ကုမ္ပဏီရဲ့စမတ်ဖုန်းတွေနဲ့ စမတ်အိမ်သုံးထုတ်ကုန်တွေမှာ ထည့်သွင်းထားပါတယ်။
Galaxy Tab S4 ဟာ Apple ရဲ့ iPad Pro, Microsoft ရဲ့ Surface Go တို့နဲ့ ယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ်။
iPad Pro ရဲ့တန်ဖိုးက ၆၄၉ ဒေါ်လာဖြစ်ပြီး Surface Go ကတော့ ၃၉၉ ဒေါ်လာ ဖြစ်ပါတယ်။
https://youtu.be/ufAuTtB5mV4
Ref: DailyMail