Desktop သုံးစွဲသူတွေအတွက် အသံနဲ့ ဗီဒီယိုခေါ်ဆိုမှု WhatsApp ဖြန့်ချိ

WhatsApp ဟာ ၂၀၁၅ နဲ့ ၂၀၁၆ မှာ အသံနဲ့ ဗီဒီယိုခေါ်ဆိုမှုကို ဝန်ဆောင်မှုထဲ ထည့်သွင်းခဲ့ပြီး ရေပန်းအစားဆုံး ဖုန်းခေါ်ဆိုမှု platform တစ်ခု ဖြစ်လာပါတယ်။ ဒါပေမဲ့လည်း ဖုန်းခေါ်ဆိုမှုနဲ့ ဗီဒီယိုကတော့ မိုဘိုင်း app မှာပဲ အသုံးပြုနိုင်ပါတယ်။

WABetaInfo ဖော်ပြချက်အရ WhatsApp ဟာ Desktop app အတွက် အသံနဲ့ ဗီဒီယိုခေါ်ဆိုမှုတွေကို ဖြန့်ချိနေပြီ ဖြစ်ပါတယ်။ ဒါပေမဲ့လည်း ကန့်သတ်ဖြန့်ချိတာ ဖြစ်ပြီး beta အဆင့်ပဲ ရှိပါသေးတယ်။ အဲဒီ feature ရရှိသူတွေက chat header နေရာမှာ ခလုတ်တွေ စမြင်ရပါမယ်။ အောက်မှာတော့ ပုံနဲ့တကွ ဖော်ပြပေးထားပါတယ်။

သုံးစွဲသူကတော့ WhatsApp ထုံးစံအတိုင်း desktop app ကို ဖုန်းနဲ့ချိတ်ဆက်ရပြီး အသံနဲ့ ဗီဒီယိုခေါ်ဆိုမှုအပြင် အဝင်လက်ခံမှုကို ကွန်ပျူတာကတစ်ဆင့် ပြုလုပ်နိုင်အောင် ထောက်ပံ့ပေးပါမယ်။

-စိုးထက်
Ref: AndroidAuthority