Dell XPS 15 (2019)

ဈေးနှုန်း – ကန်ဒေါ်လာ ၂၆၄၉

အားသာချက်

4K OLED Display က မြင့်မားတဲ့ ရုပ်ထွက်အရည်အသွေး၊ ကောင်းမွန်တဲ့ ဂရပ်ဖစ် စွမ်းဆောင်ရည်တွေအပြင် ပါးလွှာပြီး ဆွဲဆောင်မှုအပြည့်ရှိတဲ့ ဒီဇိုင်းတွေက ဒီ Laptop ရဲ့ အားသာချက်ပဲဖြစ်ပါတယ်။

အားနည်းချက်

ဘက်ထရီသက်တမ်းကတော့ ပုံမှန်ရှိသင့်တဲ့ ကြာချိန်ထက် မဆိုစလောက် လျော့နည်းတာက ဒီ Laptop ရဲ့ အားနည်းချက်လို့ဆိုရမှာပါ။

သုံးသပ်ချက်

Dell XPS 15 2019 က မြင့်မားကောင်းမွန်တဲ့ စွမ်းဆောင်ရည်နဲ့ ပြည့်ဝတဲ့ ပရီမီယံ Laptop တစ်လုံးဖြစ်ပါတယ်။ ရုပ်ထွက်အရည်အသွေး မြင့်မားတဲ့ 4K OLED Dispaly ၊ ဂရပ်ဖစ်စွမ်းဆောင်ရည်တွေ အပြင် မြန်ဆန်တဲ့ SSD တွေ ပါဝင်တာက Laptop ကို ပရော်ဖက်ရှင်နယ်လုပ်ငန်းဆိုင်ရာတွေကို လုပ်ကိုင်နိုင်စေမှာဖြစ်ပါတယ်။ ဘက်ထရီနဲ့ အသုံးပြုနိုင်မှုက ၈ နာရီကျော်လောက်သာ ရှိတာက ၈ နာရီနဲ့ ၄၈ မိနစ်လောက်သုံးနိုင်တဲ့ အခြား non-OLED display မဟုတ်တဲ့ နောက်ဆုံးပေါ် ပရီမီယံ Laptop ထက် နည်းတဲ့ပမာဏပါ။ ဒါပေမဲ့ ကြီးမားတဲ့ 4K မြင်ကွင်း အသုံးပြုထားတာကြောင့် ၈ နာရီ ဝန်းကျင်သာ အသုံးပြုနိုင်တာက တစ်နေ့တာအတွက် လုံလောက်မှု ရှိတယ်လို့လည်း ဆိုရမှာပါ။ မိမိ အနေနဲ့ ဒီဇိုင်းပိုင်း ဆွဲဆောင်မှုရှိသလို ဘက်စုံစွမ်းဆောင်ရည်ပိုင်း မြင့်မားကောင်းမွန်တဲ့ ပရော်ဖက်ရှင်နယ်သုံး ပရီမီယံ Laptop ကို အသုံးပြုချင်တယ်ဆိုရင်တော့ Dell XPS 15 (2019) က ထိပ်တန်းရွေးချယ်စရာတစ်ခုပဲဖြစ်ပါတယ်။

အသေးစိတ်ဖော်ပြချက်

၁၅.၆ လက်မရှိတဲ့ 4K OLED Display က Touchscreen အမျိုးအစားဖြစ်ပြီး ရုပ်ထွက် အရည်အသွေးကို 3840×2160 အထိ ထောက်ပံ့နိုင်ပါတယ်။ အမြန်နှုန်း 2.4GHz ရှိတဲ့ Intel Core i9-9980HK CPU processor ကို အသုံးပြုထားပြီး ဂရပ်ဖစ်အနေနဲ့ Nvidia GeForce GTX 1650 GPU (4GB VRAM) ထောက်ပံ့ပါဝင်ပါတယ်။ RAM 32 GB နဲ့ အချက်အလက် သိုလှောင်နိုင်မှုကတော့ 1TB PCIe SSD ကို အသုံးပြုထားပါတယ်။ သူ့မှာ တပ်ဆင်ထားတဲ့ Webcam က သုံးဖူးသမျှ ပရီမီယံ Laptop တွေထဲမှာ အကောင်းဆုံးလို့ ပြောလို့ရပါတယ်။ ၄.၁x၃.၁ လက်မ အရွယ်အစား Touchpad ရဲ့ sensitivity ကလည်း တုံ့ပြန်မှုကောင်းမွန်ပါတယ်။ WiFi 802.11ax , Bluetooth 5.0, USB 3.1 Type-A ပေါက်၊ HDMI ပေါက်၊ 3in1 card reader ပေါက်နဲ့ နားကြပ်ပေါက်တွေ ပါဝင်ပါတယ်။ မြင်ကွင်းတောက်ပမှု 150 nits နဲ့ WiFi ချိတ်ဆက်ပြီး အွန်လိုင်းအဆက်မပြတ် အသုံးပြုမှုကို ဘက်ထရီနဲ့ ၈ နာရီနဲ့ ၇ မိနစ်ခန့် အသုံးပြုနိုင်မှာဖြစ်ပါတယ်။ အလေးချိန်ကတော့ ၁.၂ ကီလိုဂရမ် (၂.၈ ပေါင်) ရှိမှာ ဖြစ်ပါတယ်။

-ရဲထွဋ်ဝင်း

Ref: www.laptopmag.com