Dell Vostro 15-5502 Laptop

လုပ်ငန်းသုံးဖြစ်ပြီး 11th Gen ဖြစ်တဲ့ Intel(R) Core(TM) i7-1165G7 Processor (12MB Cache, up to 4.7GHz) CPU နဲ့ Graphic အတွက် NIVIDIA GeForce MX330 2GB GDDR5 ထောက်ပံ့ပေးထားတဲ့ Dell Vostro 15-5502 Laptop ဖြစ်ပါတယ်။ RAM ပိုင်းအတွက် 16GB DDR4 RAM အထိ ထောက်ပံ့ပေးထားပြီး လိုအပ်ရင် 32GB အထိ ထပ်တိုး အသုံးပြုနိုင်ပါတယ်။ အချက်အလက်တွေ သိမ်းဆည်းဖို့အတွက် 512GB M.2 NVMe SSD (Dual M.2 Support) ထည့်သွင်း အသုံးပြုထားပါတယ်။ ဘက်ထရီက 3Cell အမျိုးအစား ဖြစ်ပါတယ်။ Display ပိုင်းအတွက်ကိုတော့ 15.6-inch FHD (1920 x 1080) Anti-glare LED Backlight Non-Touch Narrow Border ထောက်ပံ့ပေးထားပါတယ်။ အခြားသော စနစ်တွေအနေနဲ့ Finger Print Reader, 802.11ac 2×2 WiFi and Bluetooth, 2x USB Type-A, 1x USB Type-C, HDMI, Card Reader , 3.5 Audio Jack စတာတွေထောက်ပံ့ပေးထားပါတယ် ။လုံခြုံရေးအတွက် WebCam ကို Manual Sliding Cover နဲ့ပိတ်ထားနိုင်ပါတယ်။ အရွယ်အစားက 356.1 x 234.5 x 14.1 ~ 17.9 mm ဖြစ်ပြီး အလေးချိန် 1.7kg သာရှိလို့ သွားလေရာကို ပေါ့ပေါ့ပါးပါးနဲ့ သယ်ဆောင်အသုံးပြုနိုင်မှာပါ။

အမေရိကန်ဒေါ်လာ ၁၀၆၉ နဲ့ ညီမျှတဲ့ မြန်မာကျပ်ငွေနဲ့ ရောင်းချပေးမှာ ဖြစ်ပါတယ်။ MAT IT & Mobile Sales and Service (မန်း ) ဖုန်း (၀၉) ၄၃၀၅၈၇၆၅၊ ၄၃၀၅၉၈၁၄၊ MAT IT & Mobile Sales and Service (မုံရွာ ) ဖုန်း (၀၉)-၇၉၇၂၂၂၂၄၂ နဲ့ ၂၅၆၃၇၇၂၄၂ တို့ကို ဆက်သွယ်ဝယ်ယူနိုင်ပါ တယ်။

-ကျော်ဇေယျ

»»» စိတ်ဝင်စားဖွယ်ရာအကြောင်းအရာ စုံစုံလင်လင်နဲ့တင်ဆက်ထားတဲ့ အင်တာနက်ဂျာနယ် အပတ်စဉ်တနင်္လာနေ့တိုင်းထွက်ရှိနေပါပြီ
အိမ်အရောက်ဖတ်ရှုဖို့ ရန်ကုန်ဆိုရင် ဖုန်း – 09443053320 မန္တလေးဆိုရင် ဖုန်း – 0943010747 ကိုသာဖုန်းလေးတစ်ချက်ဆက်လိုက်ပါ «««