Dell New XPS 13 11 Laptop

A4 စာရွက်တစ်ရွက်အရွယ်သာ ရှိတဲ့အတွက် ပေါ့ပါးပြီး ကျောပိုးအိတ်၊ လက်ဆွဲအိတ်တွေနဲ့ သယ်ဆောင်တဲ့အခါ အဆင်ပြေစေမယ့် Dell New XPS 13 (Latest Model) ဖြစ်ပါတယ်။ စကရင်ကို 16:10 အချိုးနဲ့ ဘောင်ပျောက် Infinity Edge ကြောင့် အခြား ၁၃ လက်မရှိတဲ့ laptop တွေထက် အရွယ်အစား ပိုသေးပါတယ်။

အရောင်ကPlatinum Silver ဖြစ်ပြီး အပြင်ပိုင်းက အလူမီနီယံကိုယ်ထည် ဖြစ်တဲ့အတွက် အကြမ်းခံနိုင်ပါတယ်။ အတွင်းပိုင်း ကိုယ်ထည်ကိုလည်း carbon fiber အသုံးပြုထားပါတယ်။ i5-1135G7 Processor ကို နောက်ဆုံး Generation ဖြစ်တဲ့ 11 Gen အသုံးပြုထားပြီး 8MB Cache, up to 4.2 GHz အထိရရှိမှာ ဖြစ်ပါတယ်။ RAM ပိုင်းအတွက် DDR4 စနစ်နဲ့ 8GB ထောက်ပံ့ပေးထားပြီး Storage အတွက် SSD 512GB အသုံပြုးထားပါတယ်။
၁၃.၄ လက်မအရွယ်ရှိ FHD+ (1920 x 1200) InfinityEdge Anti-Glare 500-Nit Display ကို အသုံးပြုထားပါတယ်။ အခြားသော စနစ်တွေ အနေနဲ့ 2 Thunderbolt™ 4 ports,1 headset (headphone and microphone combo) port , SD Card Reader, Webcam, Killer™ Wi-Fi 6 AX1650 (2 x 2) and Bluetooth 5.1 စတာတွေ ထောက်ပံ့ပေးထားပါတယ်။ ဘက်ထရီပိုင်းအတွက် 4 Cell, 52WHr အသုံးပြုထားပါတယ်။

အမေရိကန်ဒေါ်လာ ၁၅၇၉ နဲ့ ညီမျှတဲ့ မြန်မာကျပ်ငွေနဲ့ Linn IT & Mobile Mart (နေပြည်တော်) ဖုန်း (၀၆၇) ၂၄၄၈၈ နဲ့ ၂၆၈၈၄ ကို ဆက်သွယ်ဝယ်ယူနိုင်ပါတယ်။

-ကျော်ဇေယျ

»»» အင်တာနက်ဂျာနယ်ကတင်ဆက်နေတဲ့ သတင်းနဲ့ စိတ်ဝင်စားဖွယ်အကြောင်းအရာတွေကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ IJ Viber Community မှာချိတ်ဆက်ထားဖို့ လိုမယ်နော် «««