Dell Lattitude (13-inch) 7300

ဈေးနှုန်း – ကန်ဒေါ်လာ ၁၉၉၅

အားသာချက်

တောက်ပမှုရှိတဲ့ 1080p Display ၊ မြန်ဆန်ကောင်းမွန်တဲ့ Laptop စွမ်းဆောင်ရည်၊ ဘက်ထရီနဲ့ အချိန်ကြာကြာ အသုံးပြုနိုင်မှုတွေက ဒီ Laptop ရဲ့ အားသာချက်ဖြစ်ပါတယ်။

အားနည်းချက်

ဈေးအနည်းငယ်ကြီးတယ်လို့ ထင်ရတာနဲ့ တခြားသော ပြိုင်ဘက်မော်ဒယ်တွေလိုမျိုး ပေါ့ပါး ပါးလွှာမှု မရှိတာက သူ့ရဲ့ အားနည်းချက်ပါ။

သုံးသပ်ချက်

မြန်ဆန်ကောင်းမွန်တဲ့ စွမ်း ဆောင်ရည်နဲ့ ဘက်ထရီနဲ့ အချိန်ကြာကြာ အသုံးပြုနိုင်တာက Dell Latitiude 7300 ကို လုပ်ငန်းသုံးအနေနဲ့ ကောင်းစွာ အသုံးပြုနိုင်မှာဖြစ်ပါတယ်။ နောက်တစ်ခုက ၁၃.၃ လက်မ Laptop ရဲ့ 1080p Display ကလည်း တစ်ကိုယ်ရေဖျော်ဖြေမှု အတွက် ကျေနပ်စရာကောင်းပေမယ့် ဒီ Laptop က တခြား ပြိုင်ဘက်မော်ဒယ်တွေလိုမျိုး Laptop ပါးလွှာတဲ့ laptop တော့ မဟုတ်သလို အခြားပရီမီယံ Laptop တွေလိုမျိုး အလေးချိန်ကလည်း သွားလေရာ သယ်သွားရလောက်အောင် မပေါ့ပါးပါဘူး။ ဒါပေမဲ့ အကြမ်းခံပြီး overall စွမ်းဆောင်ရည် မြင့်မားသလို ဘက်ထရီနဲ့ အချိန်ကြာကြာ အသုံးပြုနိုင်တဲ့ လုပ်ငန်းသုံး Laptop ကို သုံးချင်သူတွေ ရွေးချယ်သင့်ပါတယ်။

အသေးစိတ်ဖော်ပြချက်

၁၃.၃ လက်မရှိတဲ့ Display က Touch-screen အမျိုးအစားဖြစ်ပြီး ရုပ်ထွက်အရည်အသွေးကို 1920×1080 pixel အထိ ထောက်ပံ့ပေးနိုင်ပါတယ်။ Intel Core i7-8665U processor ကို အသုံးပြုထားပြီး ဂရပ်ဖစ်အနေနဲ့ Intel UHD 620 GPU ထောက်ပံ့ပါဝင်ပါတယ်။ RAM 16 GB နဲ့ အချက်အလက် သိုလှောင်နိုင်မှုကတော့ 512 GB M.2 PCIe NVMe Class 40 SSD ကို အသုံးပြုထားပါတယ်။ သူ့မှာ တပ်ဆင်ထားတဲ့ Webcam က 720p အမျိုးအစား ဖြစ်ပြိး ၃.၈x၂ လက်မ အရွယ်အစား Touchpad ရဲ့ sensitivity ကလည်း တုံ့ပြန်မှုကောင်းမွန်ပါ တယ်။ လက်ဗွေစနစ်၊ microSD ပေါက်၊ USB 3.1 ပေါက်၊ HDMI ပေါက်နဲ့ Thunderbolt 3 ပေါက်၊ USB 3.1 Always On ပေါက်တွေပါဝင်ပ ါတယ်။ မြင်ကွင်း တောက်ပမှု 150 nits နဲ့ WiFi ချိတ်ဆက်ပြီး အွန်လိုင်းအဆက်မပြတ် အသုံးပြုမှုကို ဘက်ထရီနဲ့ ၁၀ နာရီခန့် အသုံးပြုနိုင်မှာဖြစ်ပါတယ်။ အလေးချိန် ကတော့ ၁.၄ ကီလိုဂရမ် (၃.၁ ပေါင်) ရှိပါတယ်။

Ref: www.laptopmag.com