Dell Latitute 7410

ဈေးနှုန်း – ကန်ဒေါ်လာ ၂၆၇၈

အားသာချက်

ကျစ်လျစ်ပြီး ဆွဲဆောင်မှုရှိတဲ့ ကိုယ်ထည်ဒီဇိုင်း၊ လှပတဲ့ 4K Display, မြင့်မားတဲ့ စွမ်းဆောင်ရည်၊ အသုံးပြုရတာ ကောင်းမွန်လှတဲ့ ကီးဘုတ်စနစ်နဲ့ ဘက်ထရီနဲ့ အချိန်ကြာကြာ အသုံးပြုနိုင်တာတွေက ဒီ Laptop ရဲ့ အားသာချက်ပဲ ဖြစ်ပါတယ်။

အားနည်းချက်

ပြိုင်ဘက်မော်ဒယ်တွေထက် အနည်းငယ်ပိုလေးတာ၊ Laptop ကို upgrade လုပ်သုံးရင် ကုန်ကျစရိတ်ပိုများနိုင်တာနဲ့ UHD ဂရပ်ဖစ်စနစ်ကိုသာ အသုံးပြုနိုင်တာတွေက ဒီ Laptop ရဲ့ အားနည်းချက်ပဲဖြစ်ပါတယ်။

သုံးသပ်ချက်

Dell Latitude 7410 က စွမ်းဆောင်ရည်မြင့်မားပြီး လှပတဲ့ Display ပါဝင်တဲ့ 2-in-1 အမျိုးအစား ပရီမီယံ Laptop တစ်လုံးဖြစ်ပါတယ်။ ပေါ့ပါးမှုရှိပေမယ့် ပြိုင်ဘက်မော်ဒယ် Lenovo ThinkPad X1 Carbon ထက်တော့ လေးတယ်လို့ဆိုရမှာပါ။ ဘက်ထရီနဲ့ အသုံးပြုနိုင်မှုကလည်း ပရီမီယံ Laptop တစ်လုံးမှာရှိသင့်တဲ့ ပျှမ်းမျှကြာချိန်ထက် ပိုကြာကြာ သုံးနိုင်တာက အထင်ကြီးစရာပါ။ အခြေခံ base model က ကန်ဒေါ်လာ ၁၅၇၉ ကစပြီး Latitude 7410 က စီးပွားရေးလုပ်ငန်းသုံးအနေနဲ့ရော ပရော်ဖက်ရှင်နယ် Content ဖန်းတီမှုတွေကို စိတ်ကြိုက် လုပ်ဆောင်ချင်သူတွေအတွက်ပါ အထူးသင့်တော်တဲ့ စွမ်းဆောင်ရည်မြင့် Laptop တစ်လုံးဖြစ်ပါတယ်။

အသေးစိတ်ဖော်ပြချက်

Dell Latitute 7410 ရဲ့ ၁၄ လက်မရှိတဲ့ 4K anti-glare Display က ရုပ်ထွက်အရည်အသွေး 3840x2160p ထောက်ပံ့ပေးနိုင်ပါတယ်။ ဒီ laptop မှာ အမြန်နှုန်း 1.8GHz ရှိတဲ့ 10th Gen Intel Core-i7-10610U processor ကို အသုံးပြုထားပြီး ဂရပ်ဖစ်အနေနဲ့Intel UHD Graphic 620 GPU ထောက်ပံ့ပါဝင်ပါတယ်။ RAM 16 GB နဲ့ အချက်အလက် သိုလှောင်နိုင်မှု ကတော့ 512GB PCIe NVMe Class 40 SSD တွေ ပါဝင်ပါတယ်။ စပီကာနှစ်လုံးရဲ့ အသံထွက်ပိုင်းက ကောင်းမွန်မှု ရှိပါတယ်။ 720p IRvWebcam အမျိုးအစားက သုံးရတာ အဆင်ပြေသလို ကီးဘုတ်စနစ်နဲ့ ၄.၅x၂.၈ လက်မ အရွယ်အစား Touchpad က တုံ့ပြန်မှုပိုင်း မြန်ဆန်ကောင်းမွန်လှပါတယ်။ ဒီ Laptop မှာ USB 3.2 Gen 1 Type-A ပေါက် နှစ်ပေါက်၊ HDMI 2.0 ပေါက်၊ Thunderbolt 3 ပေါက်၊ နားကြပ်ပေါက်နဲ့ SD ကတ်ပေါက်တွေ ထောက်ပံ့ပါဝင်ပါတယ်။

Latitute 7140 က မြင်ကွင်းတောက်ပမှု 150 nits နဲ့ WiFi ချိတ်ဆက်ပြီး အွန်လိုင်းအဆက်မပြတ် အသုံးပြုမှုကို ဘက်ထရီနဲ့ ၁၀ နာရီနဲ့ ၅၆ မိနစ်ခန့် အသုံးပြုနိုင်ပြီး ဒါက ပုံမှန် ပရီမီယံ Laptop တစ်လုံးရှိသင့်တဲ့ ဘက်ထရီကြာချိန် ၉ နာရီ ၂၁ မိနစ်ထက် ပိုကြာတဲ့ ကြာချိန်လို့ ပြောရမှာပါ။ အလေးချိန်ကတော့ ၁.၃ ကီလိုဂရမ် (၂.၉ ပေါင်) ရှိမှာ ဖြစ်ပါတယ်။

-ရဲထွဋ်ဝင်း
Ref: www.Laptopmag.com