Dell Latitude 9510 (2in1)

ဈေးနှုန်း – ကန်ဒေါ်လာ ၂၉၃၇

အားသာချက်

ပါးလွှာတဲ့ ကိုယ်ထည်ဒီဇိုင်း၊ တောက်ပမှုရှိတဲ့ ၁၅ လက်မ Display, eSIM နဲ့ Active Pen အထောက်အပံ့ စနစ်တွေ ပါဝင်တာ၊ ပြည့်ဝကောင်းမွန်တဲ့ စွမ်းဆောင်ရည်နဲ့ ဘက်ထရီနဲ့ ၁၈ နာရီကြာ သုံးနိုင်တာတွေက ဒီ Laptop ရဲ့ အားသာချက်ပဲ ဖြစ်ပါတယ်။

အားနည်းချက်

ဈေးနှုန်းကြီးမြင့်ပေမယ့် Display က 4K အမျိုးအစား မဟုတ်တာနဲ့ ဂရပ်ဖစ်စနစ် Intel UHD တွေက ဒီ Laptop ရဲ့ အားနည်းချက်ပါ။

သုံးသပ်ချက်

Latitude 9510 က ပါးလွှာပေါ့ပါးပြီး ဒီဇိုင်းပိုင်း အထူးဆွဲဆောင်မှုရှိတဲ့ 2in1 အမျိုးအစား လုပ်ငန်းသုံး Laptop တစ်လုံးပါ။ ပရီမံယံ Laptop တစ်လုံးရဲ့ ပျှမ်းမျှရှိသင့်တာရဲ့ နှစ်ဆစွမ်းဆောင်ရည်ရှိတဲ့ ဘက်ထရီစနစ်က စိတ်တိုင်းကျစရာ ကောင်းလှသလို ပြည့်ဝတဲ့ စွမ်းဆောင်ရည်ကလည်း နှစ်သက်စရာပါ။ ဈေးနှုန်းကြီးမြင့်တဲ့ ဒီ Laptop မှာ ဂရပ်ဖစ်စနစ်က Integrated GPU အနေနဲ့ပဲ ထည့်သွင်းထားတာနဲ့ Display က 4K အမျိုးအစား မဟုတ်တာတွေက စဉ်းစားစရာပါ။ ဒါပေမဲ့ eSIM သုံးနိုင်ပြီး Stylus နဲ့ပါ သုံးချင်သူတွေအတွက် အလွယ်တကူ အသုံးပြုနိုင်တဲ့စနစ် စတဲ့ အဆင့်မြင့်လုပ်ဆောင်ချက်တွေ ထောက်ပံ့ပါဝင်တာက ဈေးနှုန်းကြီးမြင့်ပေမယ့် အဆင့်မြင့်လုပ်ဆောင်ချက်တွေ စုံလင်ပြီး ဒီဇိုင်းလှပကာ ထိပ်တန်းစွမ်းဆောင်ရည် ပိုင်ဆိုင်ထားတဲ့ 2in1 အမျိုးအစား ပရီမီယံ Laptop ကိုသုံးချင်သူတွေ အတွက်ကတော့ ဒီ Laptop က အထူးဆွဲဆောင်နိုင်မှာ သေချာပါတယ်။

အသေးစိတ်ဖော်ပြချက်

Latitude 9510 ရဲ့ ၁၅ လက်မ ရှိတဲ့ Display က ရုပ်ထွက်အရည်အသွေး 1920x1080p ထောက်ပံ့ပေးနိုင်တဲ့ Touchscreen ဖြစ်ပါတယ်။ ဒီ laptop မှာ 10th Gen Intel Core i7-10810U vPro processor ကို အသုံးပြုထားပြီး ဂရပ်ဖစ်အနေနဲ့ Intel UHD GPU ထောက်ပံ့ပါဝင်ပါတယ်။ RAM 16 GB နဲ့ အချက်အလက် သိုလှောင်နိုင်မှုကတော့ 512GB SSD တွေ ပါဝင်ပါတယ်။ စပီကာရဲ့ ဘေ့စ်သံထွက်ပိုင်းက Laptop တစ်လုံး အတွက် ကျေနပ်စရာကောင်းသလို 720p IR Webcam ကလည်း အရမ်းကောင်းတယ်လို့တော့ မခံစားရပါဘူး။ ၄.၅x၂.၆ လက်မရှိတဲ့ Touchpad က တုံ့ပြန်မှုပိုင်း မြန်ဆန်ကောင်းမွန်ပြီး Windows 10 Guesture စနစ်တွေလည်း ထောက်ပံ့ပါဝင်ပါတယ်။ ဒီ Laptop မှာ USB Type-A ပေါက်၊ microSD ကတ်ပေါက်၊ Lock slot, Thunderbolt 3 ပေါက်၊ HDMI ပေါက်နဲ့ နားကြပ်ပေါက်တွေ ပါဝင်ပြီး လက်ဗွေလုံခြုံရေးစနစ်လည်း ထောက်ပံ့ပါဝင်တဲ့အပြင် TPM security chip ထည့်သွင်းပေးထားတဲ့အတွက် laptop ကို အဝေးကနေ remote အနေနဲ့ ထိန်းချုပ် အသုံးပြုနိုင်မှာလည်းဖြစ်ပါတယ်။

Dell Latitude 9510 ကို မြင်ကွင်းတောက်ပမှု 150 nits နဲ့ WiFi ချိတ်ဆက်ပြီး အွန်လိုင်းအဆက်မပြတ် အသုံးပြုမှုကို ဘက်ထရီနဲ့ ၁၈ နာရီနဲ့ ၃၀ မိနစ်ခန့် အသုံးပြုနိုင်တာက ပရီမီယံ Laptop တစ်လုံးရဲ့ ပုံမှန်သုံးနိုင်တဲ့ကြာချိန်ရဲ့ နှစ်ဆနီးပါး အသုံးပြုနိုင်တာက စိတ်ကျေနပ်စရာပါ။ အလေးချိန်ကတော့ ၁.၇ ကီလိုဂရမ် (၃.၇ပေါင်) ရှိမှာ ဖြစ်ပါတယ်။

-ရဲထွဋ်ဝင်း
Ref: www.laptopmag.com

»»» စိတ်ဝင်စားဖွယ်ရာအကြောင်းအရာ စုံစုံလင်လင်နဲ့တင်ဆက်ထားတဲ့ အင်တာနက်ဂျာနယ် အပတ်စဉ်တနင်္လာနေ့တိုင်းထွက်ရှိနေပါပြီ
အိမ်အရောက်ဖတ်ရှုဖို့ ရန်ကုန်ဆိုရင် ဖုန်း – 09443053320 မန္တလေးဆိုရင် ဖုန်း – 0943010747 ကိုသာဖုန်းလေးတစ်ချက်ဆက်လိုက်ပါ «««