Dell Latitude 7410 Chromebook Enterprise

ဈေးနှုန်း – ကန်ဒေါ်လာ ၁၉၀၀

အားသာချက်

Blue light ကာကွယ်မှုစနစ် ထောက်ပံ့ပါဝင်တဲ့ 4K display နဲ့ ပြည့်ဝကောင်းမွန်တဲ့ စွမ်းဆောင်ရည်၊ အချိန်ကြာကြာသုံးနိုင်တဲ့ ဘက်ထရီ၊ Optional LTE စနစ်၊ MIL-STD 810G အကြမ်းခံနိုင်မှုနဲ့ အသုံးပြုရတာ သက်သောင့်သက်သာရှိတဲ့ ကီးဘုတ်စနစ်တွေပါဝင်တာက ဒီ Laptop ရဲ့ အားသာချက်ပဲဖြစ်ပါတယ်။

အားနည်းချက်

Chromebook ဖြစ်ပေမယ့် ပရီမီယံဂိမ်း Laptop ထက် ဈေးကြီးတာ၊ စပီကာနဲ့ Webcam စနစ်တွေက ပေးရတဲ့ဈေးနဲ့ အရမ်းကောင်းတယ်လို့ မခံစားရတာတွေက ဒီ Laptop ရဲ့ အားနည်းချက်ပဲဖြစ်ပါတယ်။

သုံးသပ်ချက်

Dell Latitude 7410 Chromebook Enterprise က တကယ့်ပရော်ဖက်ရှယ်နယ်လုပ်ငန်းသုံး Chromebook အနေနဲ့ အသုံးပြုနိုင်မယ့် 2-in-1 အမျိုးအစားဖြစ်ပါတယ်။ Geekbench 5.0 ရဲ့ overall စွမ်းဆောင်ရည် ရမှတ် ၃၂၉၂ ရှိတဲ့ ဒီ Laptop က Chromebook တစ်လုံးရဲ့ ပျမ်းမျှရှိသင့်တဲ့ရမှတ် ၂၄၄၀ ထက် များသလို Core i7-1610U CPU အသုံးပြုထားတဲ့ HP Pro C640 ရဲ့ ရမှတ် ၃၁၁၄ နဲ့ Core i5-10210U CPU အသုံးပြုထားတဲ့ Samsung Galaxy Chromebook ရဲ့ ရမှတ် ၂၂၃၂ တို့ထက် ပိုတဲ့ ရမှတ်လို့ဆိုရမှာပါ။ MIL-STD 810G အကြမ်းခံနိုင်မှုရှိတဲ့ ဒီ Laptop က မတော်တဆ ပြုတ်ကျတာ၊ လျှပ်စစ်ရှော့ဖြစ်တာ၊ ဖုန်၊ သဲ စတာတွေ ဝင်တာနဲ့ ပူပြင်းတဲ့ရာသီဥတုဒဏ် စတာ‌တွေကို ခံနိုင်ရည်ရှိပါတယ်။ အချိန်ကြာကြာ ဗီဒီယိုကြည့်တာတွေ အတွက် Laptop ပူလာတာမျိုးလည်း သိပ်မရှိတာ သဘောကျစရာပါ။ ဒါပေမဲ့ High-end လုပ်ဆောင်ချက်တွေ ပါဝင်တဲ့ ဒီ Laptop ရဲ့ ဈေးက ကန်ဒေါ်လာ ၁၄၄၉ ကျသင့်တဲ့ ဂိမ်း Laptop တစ်လုံးထက် ပိုဈေးကြီးတယ်လို့ ဆိုရမှာပါ။ ကောင်းမွန်တဲ့ Display နဲ့ စွမ်းဆောင်ရည်၊ ဘက်ထရီစနစ်တွေ အပြင် သွားလေရာသယ်ဆောင် အသုံးပြုနိုင်တဲ့ အကြမ်းခံနိုင်မှု၊ တစ်ကိုယ်ရေလုံခြုံရေး အနေနဲ့ အသုံးပြုနိုင်မယ့် LTE စနစ်တွေ ထောက်ပံ့ပါဝင်တာက ဈေးကြီးပေမယ့် သုံးရတာ စိတ်ကျေနပ်မှုအပြည့်ရှိမယ့် Laptop တစ်လုံးလို့ သုံးသပ်ရမှာ ဖြစ်ပါတယ်။

အသေးစိတ်ဖော်ပြချက်

Dell Latitude 7410 Chromebook ရဲ့ ၁၄ လက်မရှိတဲ့ 4K IPS Display က ရုပ်ထွက်အရည်အသွေး 3840x2160p ထိ ထောက်ပံ့ပေးနိုင်တဲ့ Touchscreen အမျိုးအစားဖြစ်ပါတယ်။ ဒီ laptop မှာ 10th Gen Intel Core i5-10310 processor ကို အသုံးပြုထားပြီး ဂရပ်ဖစ်အနေနဲ့ Intel UHD 620 GPU ထောက်ပံ့ပါဝင်ပါတယ်။ RAM 16 GB နဲ့ အချက်အလက် သိုလှောင်နိုင်မှုကတော့ 256GB SSD ကို ထည့်သွင်းထားပါတယ်။ စပီကာရဲ့ အသံထွက်ပိုင်းက ကျယ်လောင်မှု ရှိပေမယ့် ပေးရတဲ့ ဈေးနဲ့တော့ အရမ်းကောင်းတယ်လို့ မခံစားရဘူး။ 720p HD Webcam ကလည်း ကာလာပိုင်းကောင်းမွန်မှုရှိတယ်ဆိုရမှာပါ။ island-style ကီးဘုတ်က အသုံးပြုရတာ အထူးကောင်းမွန်သလို ၄.၆x၂.၈ လက်မ ရှိတဲ့ Touchpad က ကြီးမားသလို တုံ့ပြန်မှုပိုင်း မြန်ဆန်ကောင်းမွန်ပြီး Gesture စနစ်တွေလည်း ထောက်ပံ့ပါဝင်ပါတယ်။ ဒီ Laptop မှာ USB Type-C ပေါက်၊ USB Type-A ပေါက်၊ Wedge lock ပေါက်၊ microSD ပေါက်၊ HDMI ပေါက်နဲ့ နားကြပ်ပေါက်တွေ ပါဝင်ပါတယ်။

Dell Latitude 7410 Chromebook ကို Display မြင်ကွင်းတောက်ပမှု 150 nits နဲ့ Wi-Fi ချိတ်ဆက်ပြီး အွန်လိုင်းအဆက်မပြတ် အသုံးပြုတာကို ဘက်ထရီနဲ့ ၁၀ နာရီနဲ့ ၅၂ မိနစ်ခန့် အသုံးပြုနိုင်တာက နှစ်သက်စရာပါ။ ဘက်ထရီစနစ်က ပရီမီယံ Laptop တစ်လုံးရဲ့ ရှိသင့်တဲ့ ပျှမ်းမျှကြာချိန်ထက် ပိုတယ်လို့ ဆိုနိုင်ပါတယ်။ အလေးချိန်ကတော့ ၁.၄ ကီလိုဂရမ် (၃.၂ ပေါင်) ရှိမှာ ဖြစ်ပါတယ်။

-ရဲထွဋ်ဝင်း
Ref: laptopmag; digitaltrends

»»» စိတ်ဝင်စားဖွယ်ရာအကြောင်းအရာ စုံစုံလင်လင်နဲ့တင်ဆက်ထားတဲ့ အင်တာနက်ဂျာနယ် အပတ်စဉ်တနင်္လာနေ့တိုင်းထွက်ရှိနေပါပြီ
အိမ်အရောက်ဖတ်ရှုဖို့ ရန်ကုန်ဆိုရင် ဖုန်း – 09443053320 မန္တလေးဆိုရင် ဖုန်း – 0943010747 ကိုသာဖုန်းလေးတစ်ချက်ဆက်လိုက်ပါ «««