Dell Inspiron (i5) 2 in 1 Laptop

စွမ်းဆောင်ရည်မြင့်မားပြီး ပေါ့ပါးတဲ့ Dell Inspiron 2 in 1 Laptop ဖြစ်ပါတယ်။ ဘက်စုံသုံး Laptop ဖြစ်ပြီး Touchscreen နဲ့ Finger Print စနစ်တွေထောက်ပံ့ပေးထားပါတယ်။ Screen ကိုလည်း ခေါက်ပြီးလှည့်ကာ အသုံးပြုနိုင်မှာဖြစ်ပါတယ်။10th Generation Intel® Core™ i5-10210U Processor (6MB Cache, up to 4.2 GHz) CPU နဲ့ RAM ပိုင်းအတွက် 8GB DDR4 2666MHz (8GBx1) ထည့်သွင်း အသုံးပြုထားပါတယ်။ Graphic ပိုင်းအတွက် NVIDIA® GeForce®MX230 with 2GB GDDR5 graphic ထောက်ပံ့ပေးထားပါတယ်။ အချက်အလက်တွေသိုလှောင်ဖို့အတွက် 256GB SSD ပါဝင်ပါတယ်။ ၁၄ လက်မ အရွယ်အစား FHD (1920 x 1080) IPS LED-Backlit Touch Display ကို အသုံးပြုထားတဲ့အတွက် ထိတွေ့ စေခိုင်းနိုင်ပါတယ်။

၃၆၀ ဒီဂရီ လှည့်ခေါက်ပြီး အသုံးပြုနိုင်မှာဖြစ်ပါတယ်။ 802.11ac 2×2 WiFi and Bluetooth, HDMI 1.4b, Wedge-shaped lock slot, USB 3.1 Gen 1 Type C™ (DP/PowerDelivery), USB 2.0, USB 3.1 Gen 1, SD card Reader, Universal audio jack စတာတွေလည်း ထောက်ပံ့ပေးထားပါတယ်။ Linn IT & Mobile Mart (နေပြည်တော်) ဖုန်း (၀၆၇) ၂၄၄၈၈၊ ၂၆၈၈၄ Star Mart 9 Mile Show Room (ရန်ကုန်) ဖုန်း – ၀၉ ၄၂၂၂၉၄၈၈၄ နဲ့ ၃၄၆၀၃၈၈၈၄ တို့ကို ဆက်သွယ်ဝယ်ယူနိုင်ပါတယ်။

-ကျော်ဇေယျ