Dell Inspiron 7391 2 in 1 Laptop

ကျောင်းသားတွေနဲ့ လုပ်ငန်းခွင်အတွက် အသုံးပြုချင်သူတွေ အဆင်ပြေစေမယ့် Dell Inspiron 7391 2 in 1 Laptop ဖြစ်ပါတယ်။ Tablet အနေနဲ့လည်း အသုံးပြုလို့ရပါတယ်။ ကျောဘက်ကို ကပ်သွားတဲ့အထိ 360 degree ခေါက်ချိုးနိုင်သလို touch screen ပါဝင်တာကြောင့် Designing နဲ့ drawing ကဲ့သို့ အလုပ်တွေလုပ်တဲ့အခါမှာ ပိုပြီး အဆင်ပြေစေမှာ ဖြစ်ပါတယ်။ Intel Core i7-10510U 10th Gen 2.3 GHz Processor (12M Cache, up to 4.9 GHz) CPU နဲ့ Memory ပိုင်းအတွက် 16GB DDR3 ထည့်သွင်း အသုံးပြုထားပါတယ်။ အချက်အလက်တွေ သိမ်းဆည်းဖို့ အတွက် Internal Storage အနေနဲ့ 512GB SSD ထောက်ပံ့ပေးထားပါတယ်။ Graphic ပိုင်းအတွက် Intel UHD Graphic 620 ထောက်ပံ့ထားပြီး ၁၃.၃ လက်မ အရွယ်ရှိ UHD (3840 x 2160) Truelife Touch Narrow Border IPS Display ကို အသုံးပြုထားပါတယ်။ အခြားသော စနစ်တွေဖြစ်တဲ့ 802.11ac 2×2 WiFi , Bluetooth 5.0, 1 HDMI 2.0 out, USB 3.1 Gen 1, Thunderbolt™ 3 with Power Delivery & Display Port, 3.5mm Headphone/Microphone combination jack, Power (4.5mm barrel), HD cam, 3:1 Micro SD Card Reader စတာတွေ ထောက်ပံ့ပေးထားပါတယ်။ အရွယ်အစားက 15.90 x 306.76 x 215.92mm ဖြစ်ပြီး အလေးချိန်ကတော့ 1.39kg ရှိပါတယ်။

အမေရိကန်ဒေါ်လာ ၁၂၆၉ နဲ့ ညီမျှတဲ့ မြန်မာကျပ်ငွေနဲ့ ရောင်းချပေးမှာ ဖြစ်ပြီးLinn IT & Mobile Mart (နေပြည်တော်) ဖုန်း (၀၆၇) ၂၄၄၈၈၊ ၂၆၈၈၄ မှာ ဝယ်ယူနိုင်ပါတယ်။

-ကျော်ဇေယျ

»»» စိတ်ဝင်စားဖွယ်ရာအကြောင်းအရာ စုံစုံလင်လင်နဲ့တင်ဆက်ထားတဲ့ အင်တာနက်ဂျာနယ် အပတ်စဉ်တနင်္လာနေ့တိုင်းထွက်ရှိနေပါပြီ
အိမ်အရောက်ဖတ်ရှုဖို့ ရန်ကုန်ဆိုရင် ဖုန်း – 09443053320 မန္တလေးဆိုရင် ဖုန်း – 0943010747 ကိုသာဖုန်းလေးတစ်ချက်ဆက်လိုက်ပါ «««