Dell G5 15 SE (2020)

ဈေးနှုန်း ကန်ဒေါ်လာ ၁၁၉၉

အားသာချက်

မြန်ဆန်ကောင်းမွန်တဲ့ CPU စွမ်းဆောင်ရည်၊ ဘက်ထရီနဲ့ အချိန်ကြာကြာအသုံးပြုနိုင်မှု၊ အရောင်အသွေးစိုပြည်သလို တောက်ပမှုရှိတဲ့ 144Hz Display နဲ့ ပြိုင်ဘက်မော်ဒယ်တွေကို ယှဉ်ပြိုင်နိုင်တဲ့ ဈေးနှုန်းတွေက ဒီ Laptop ရဲ့ အားသာချက်ပါ။

အားနည်းချက်

ဒီဇိုင်းပိုင်းဆန်းသစ်ပေမယ့် ကိုင်ရတာအနည်းငယ်ထူပြီး လေးလံတယ်လို့ ခံစားရတာ၊ ဂရပ်ဖစ်ပိုင်းက အလယ်အလတ်အဆင့်လောက်သာ စွမ်းဆောင်နိုင်တာနဲ့ စပီကာပိုင်း သိပ်အားမရတာက ဒီ Laptop ရဲ့ အားနည်းချက်ပါ။

သုံးသပ်ချက်

Dell G5 15 SE (2020) Laptop က ဂိမ်း Laptop တွေထဲမှာ ဘက်ထရီနဲ့ အချိန်ကြာကြာအသုံးပြုနိုင်တဲ့ Laptop တစ်လုံးဖြစ်သလို CPU စွမ်းဆောင်ရည်ပိုင်းမြင့်မားကောင်းမွန်လှတဲ့ mainstream ဂိမ်း Laptop တစ်လုံးဖြစ်ပါတယ်။ တောက်ပတဲ့ Display နဲ့ ဈေးနှုန်းက ပြိုင်ဘက်မော်ဒယ်တွေကို ကောင်းကောင်းယှဉ်ပြိုင်နိုင်မယ့် Laptop တစ်လုံးဖြစ်ပေမယ့် GPU နဲ့ စပီကာပိုင်း ဒီထက်ပိုကောင်းမယ် ဒါ့အပြင် အပြင် ဒီဇိုင်းပိုင်းက ဒီထက် အနည်းငယ်ပိုပါးလွှာမယ်ဆိုရင်တော့ တော်တော်လေးကျေနပ်စရာကောင်းမှာဖြစ်ပါတယ်။ သူထက် GPU, Display နဲ့ ဘက်ထရီပိုင်းပိုကြာကြာခံတဲ့ Asus ROG Zephyrus G14 က Dell G5 15 SE (2020) ထက် ကန်ဒေါ်လာ ၂၅၀ လောက် ပိုများပေမယ့် ပိုပြီးလည်း ပါးလွှာတဲ့ ကိုယ်ထည်ရှိတယ်လို့ ဆိုရမှာပါ။ ခြုံပြီးသုံးသပ်ရမယ်ဆိုရင်တော့ Dell G5 15 SE (2020) က ဈေးနှုန်းအရ ဝယ်သုံးရတာ တန်တယ်လို့ ခံစားရမယ် ထိပ်တန်းရွေးချယ်စရာ ဂိမ်း Laptop တစ်လုံးလို့ဆိုရမှာဖြစ်ပါတယ်။

အသေးစိတ်ဖော်ပြချက်

၁၅.၆ လက်မရှိတဲ့ Display ရုပ်ထွက်အရည်အသွေး 1920×1080 ထိထောက်ပံ့ပေးနိုင်တဲ့ 144Hz panel အမျိုးစားဖြစ်ပါတယ်။ ဒီ laptop မှာ AMD Ryzen R7 4800H processor ကို အသုံးပြုထားပြီး ဂရပ်ဖစ်အနေနဲ့ AMD Radeon RX 5600M GPU ထောက်ပံ့ပါဝင်ပါတယ်။ RAM 16 GB နဲ့ အချက်အလက် သိုလှောင်နိုင်မှု ကတော့ 512GB SSD တွေ ပါဝင်ပါတယ်။ စပီကာ အသံထွက်ပိုင်း က အရမ်းကျယ်တယ်လို့ မခံစားရသလို ဘေ့စ်သံထွက်ပိုင်းလည်း သိပ်အကောင်းကြီးလို့ မခံစားရပါဘူး။ AMD CPU နဲ့ GPU တပ်ဆင်ထားတဲ့ ဒီ Laptop က Mainstream ဂိမ်း Laptop တစ်လုံးမှာ ပုံမှန်ရှိသင့်တဲ့ စွမ်းဆောင်ရည်နီးပါးကို ပိုင်ဆိုင်ထားပါတယ်။ 720p အမျိုးအစား webcam ကလည်း ကောင်းမွန်မှုရှိပါတယ်။ ညာဘက်ဘောင်ထဲမှာ USB 2.0 ပေါက်နှစ်ပေါက်၊ နားကြပ်ပေါက်နဲ့ SD ကတ်ပေါက်တွေ ထည့်သွင်းထားပြီး ဘယ်ဘက်ဘောင်ထဲမှာ USB Type-C ပေါက်၊ USB 3.1 ပေါက်၊ HDMI 2.0 ပေါက်၊ mini DisplayPort ‌ပေါက်နဲ့ RJ45 Ethernet ပေါက်တွေ ပါဝင်ပါတယ်။

မြင်ကွင်းတောက်ပမှု 150 nits နဲ့ WiFi ချိတ်ဆက်ပြီး အွန်လိုင်းအဆက်မပြတ် အသုံးပြုမှုကို ဘက်ထရီနဲ့ ၇ နာရီ ၁၄ မိနစ်ခန့်သာ အသုံးပြုနိုင်မှာဖြစ်ပါတယ်။ အလေးချိန်ကတော့ ၂.၄၉ ကီလိုဂရမ် (၅.၅ ပေါင်) ရှိမှာဖြစ်ပါတယ်။

-ရဲထွဋ်ဝင်း
Ref: www.Laptopmag.com