Dell Chromebook 3189

[ Zawgyi ]

ဈေးနှုန်း – ကန်ဒေါ်လာ ၃၄၉

အားသာချက်


အားနည်းချက်


သုံးသပ်ချက်


အသေးစိတ်ဖော်ပြချက်



Ref: www.laptopmag.com

[ Unicode ]

စျေးနှုန်း – ကန်ဒေါ်လာ ၃၄၉

အားသာချက်

ကျောင်းသားသုံး 2-in-1 Laptop ဖြစ်သလို အလွယ်တကူ ပုံစံပြောင်းလဲအသုံးပြုနိုင်ပြီး အသံထွက်ပိုင်း ကောင်းမွန်သလို ဘက်ထရီနဲ့လည်း အချိန်ကြာကြာ အသုံးပြုနိုင်တာ ဒီ Laptop ရဲ့ အားသာချက်ဖြစ်ပါတယ်။

အားနည်းချက်

Screen က အနည်းငယ် မှိန်တယ်လို့ ခံစားရသလို Multi tasking စွမ်းဆောင်ရည်ပိုင်းကလည်း သိပ်အားမရတာက ဒီ Laptop ရဲ့ အားနည်းချက်ပါ။

သုံးသပ်ချက်

အကြမ်းခံနိုင်မှုရှိတဲ့ ကိုယ်ထည်ပိုင်း၊ အလွယ်တကူ ပုံစံ ပြောင်းလဲအသုံးပြုနိုင်မှုနဲ့ အသံထွက်ပိုင်းကောင်းမွန်တာ တွေက ကျောင်းသားတွေအတွက် အထူးသင့်လျော်မှုရှိတယ်လို့ ဆိုရမှာပါ။ Chromebook တွေက ကျောင်းသားသုံးအမျိုးအစားတွေ ဖြစ်ပြီး Dell Chromebook 3189 မှာ Google ရဲ့ OS ကို အသုံးပြုထားသလို အလွယ်တကူ Tablet ပုံစံနဲ့အသုံးပြုနိုင်မှာဖြစ်သလို Laptop ပုံစံအနေနဲ့လည်း အသုံးပြုနိုင်မှာဖြစ်ပါတယ်။ နောက်တစ်ခုက Android apps တွေကိုလည်း အသုံးပြုနိုင်မှာဖြစ်ပါတယ်။ Multitask စွမ်းဆောင်ရည်ပိုင်းက အနည်းငယ် အားနည်းသလို Screen ပိုင်းက အနည်းငယ် မှိန်တာကလွဲရင် ဘက်ထရီနဲ့ အချိန်ကြာကြာ အသုံးပြုနိုင်ပြီး အကြမ်းခံတဲ့ 2-in-1 Laptop ဖြစ်တဲ့ Chromebook 3189 က ကျောင်းသား သုံးအတွက် ရွေးချယ်သင့်တဲ့ Laptop တစ်လုံးဖြစ်ပါတယ်။

အသေးစိတ်ဖော်ပြချက်

၁၁.၆ လက်မရှိတဲ့ Display က Touch-screen အမျိုးအစားဖြစ်ပြီး ရုပ်ထွက်အရည်အသွေးကို 1366×768 pixel အထိ ထောက်ပံ့ပေးနိုင်ပါတယ်။ Intel Celeron N3060 Processor ကို အသုံးပြုထားပြီး ဂရပ်ဖစ်အနေနဲ့ Intel UHD Graphics 620 GPU ထောက်ပံ့ပါ၀င်ပါတယ်။ RAM 4 GB နဲ့ အချက်အလက် သိုလှောင်နိုင်မှုကတော့ 32 GB eMMC ကို အသုံးပြုထားပါတယ်။ Touchpad ရဲ့ sensitivity ကလည်း တုံ့ပြန်မှုကောင်းမွန်ပါ တယ်။ HDMI ပေါက်၊ USB 3.0 ပေါက်နဲ့ microSD ပေါက်တွေ ပါ၀င်ပါတယ်။

WiFi ချိတ်ထားပြီး အွန်လိုင်း အဆက်မပြတ်အသုံးပြုမှုကို ဘက်ထရီနဲ့ ၉ နာရီနဲ့ ၉ မိနစ် ဝန်းကျင်ခန့် အသုံးပြုနိုင်မှာဖြစ်ပါတယ်။ အလေးချိန်ကတော့ ၁.၄ ကီလိုဂရမ် (၃.၂ ပေါင်) ရှိမှာ ဖြစ်ပါတယ်။

Ref: www.laptopmag.com