Deepfake တိုက်ဖျက်မယ့် Microsoft software အသစ်

Microsoft ဟာ deepfake နည်းပညာကို တိုက်ဖျက်မယ့် ကွန်ပျူတာပရိုဂရမ် ၂ ခုကို ပြသခဲ့ပါတယ်။ Deepfake ဆိုတာ ဗီဒီယိုထဲမှာ အခြားလူတစ်ယောက်ရဲ့ မျက်နှာကို ထည့်သွင်းတဲ့ နည်းပညာဖြစ်ပါတယ်။ အဲဒီနည်းပညာက ခြေရာခံဖို့ ခက်ခဲပြီး ဗီဒီယို အစစ်လား အတုလား ဆိုတာ ခွဲခြားရခက်ပါတယ်။

နည်းပညာသစ် လုပ်ငန်းသုံး Azure ဆာဗာနည်းပညာမှာ ထည့်သွင်း တည်ဆောက်ထားပါတယ်။ Content ဖန်တီးသူတွေက Microsot ဆီ ဗီဒီယိုတွေရဲ့ hash fingerprint ကိုပေးပို့တဲ့အခါ မီဒီယာအတွင်း deepfake သုံး၊ မသုံး ဖော်ပြပေးနိုင်ပါတယ်။

“သတင်းအချက်အလက် အမှားတွေက ပုံသဏ္ဍာန်မျိုးစုံနဲ့ လာပါတယ်။ နည်းပညာတစ်ခုတည်းကပဲ မှန်၊ မမှန် ဆုံးဖြတ်တယ်ဆိုတာ စိန်ခေါ်မှုတစ်ခုဖြစ်တယ်” လို့ ကော်ပိုရိတ်ဒုဥက္ကဋ္ဌ တွမ်ဘာ့ကပြောခဲ့ပါတယ်။
Microsoft ဟာ deepfake ကိုခြေရာခံဖို့ လူတွေကို စိန်ခေါ်တဲ့ အနေနဲ့ SpotDeepfakes.org အွန်လိုင်းဂိမ်းတစ်မျိုးကိုလည်း ဖန်တီးထားပါတယ်။

စိုးထက်
Ref: CNET

»»» အင်တာနက်ဂျာနယ်ကတင်ဆက်နေတဲ့ သတင်းနဲ့ စိတ်ဝင်စားဖွယ်အကြောင်းအရာတွေကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ IJ Viber Community မှာချိတ်ဆက်ထားဖို့ လိုမယ်နော် «««