အနှိပ်တစ်ချက်နဲ့ DeDoo ကုန်သည် – ကုန်ပို့ကြမယ်

[ Zawgyi ]


-ရဲထွဋ်ဝင်း

[ Unicode ]

ကုန်စည်ပို့ဆောင်မှု App ဖြစ်ပါတယ်။ ကုန်တင်ယာဉ်မောင်းတွေအတွက် ပိုမိုကောင်းမွန်တဲ့စနစ်နဲ့ ကုန်စည်တွေလက်ခံ ပို့ဆောင်ပေးဖို့ ရည်ရွယ်ဖန်တီး ထားတာဖြစ်ပါတယ်။ မိမိပို့ဆောင်ပေးစေလိုတဲ့ ကုန်စည်ကို လက်ခံစေလိုတဲ့နေရာ၊ ပေးပို့စေလိုတဲ့နေရာ၊ ကားအမျိုးအစား၊ ကုန်အမျိုးအစား၊ ကုန်အလေးချိန်တွေကို အော်ဒါတင်ကာ ဖုန်းကနေ ခလုတ်တစ်ချက်နှိပ် ပို့ဆောင်နိုင်မှာဖြစ်ပါတယ်။ အွန်လိုင်း အခြေပြု App ဖြစ်ပြီး App ကို မြန်မာဘာသာနဲ့ အသုံးပြုနိုင်မှာဖြစ်ပါတယ်။ App ကို Android version 2.3 နဲ့ အထက်မှာ ထည့်သွင်းအသုံးပြုနိုင်မှာဖြစ်ပြီး Download လုပ်ချင်တယ်ဆိုရင်တော့ ဒီနေရာမှာ Download လုပ်ပါ။