
DC Comics နဲ့ Warner Bros. တို့က ပထမဆုံး FanDome ပွဲကို အွန်လိုင်းကနေ ပြုလုပ်လိုက်ပါတယ်။ အဲဒီပွဲအတွင်း ရုပ်ရှင်ထွေလာအသစ်တွေ၊ ကြေညာချက်အသစ်တွေနဲ့ gameplay ဗီဒီယိုတွေ ထုတ်ဖော်ပြသခဲ့ပါတယ်။
Warner Bros. Games Montreal ရဲ့ Gotham Knights ဂိမ်းကနေ Zack Snyder ရဲ့ Justice League ရုပ်ရှင် ပထမဆုံးထွေလာအပြင် နေးလ်ဂိုင်းမင်းရဲ့ Sandman စီးရီးကိုလည်း Netflix ကနေ ထုတ်လွှင့်မယ်လို့ ကြေညာခဲ့ပါတယ်။
Gotham Knights
Gotham Knights ဂိမ်းဟာ Warner Bros. Games Montreal ရဲ့ပထမဆုံး open-world ဂိမ်းဖြစ်ပါတယ်။ Developer တွေက ဂိမ်းထွေလာနဲ့အတူ ဂိမ်းမှာ ပါဝင်တဲ့ ဇာတ်ကောင်တွေအပြင် gameplay ဗီဒီယိုကိုလည်း ထုတ်ဖော်ပြသခဲ့ပါတယ်။
Zack Snyder ရဲ့ Justice League
လီယိုနတ်ကိုဟန်ရဲ့ “Hallelujah ” သီချင်းနဲ့ Zack Snyder ရဲ့ Justice League ထွေလာကတော့ ထွက်ရှိလာပါတယ်။ ၂၀၁၇ ခုနှစ်တုန်းက ထွက်ရှိခဲ့တဲ့ Justice League ရုပ်ရှင်မှာ မပါဝင်ခဲ့တဲ့ ဇာတ်ဝင်ခန်းတွေ ပါဝင်လာတာ တွေ့ရပါတယ်။ Justice League ကို ၂၀၂၁ ခုနှစ်အတွင်း HBO Max ကနေ ထုတ်လွှင့်သွားမှာပါ။
ရောဘတ်ပတ်တီဆင်ပါဝင်တဲ့ The Batman
ဒါရိုက်တာ မတ်ရိဒ်နဲ့ ရောဘတ်ပတ်တီဆင်တို့ပါဝင်တဲ့ The Batman ထွေလာကို FanDome မှာပြသခဲ့ပါတယ်။
Suicide Squad: Kill the Justice League
Rocksteady Studios ကတော့ Suicide Squad: Kill the Justice League ဂိမ်းထွေလာကို ပြသခဲ့ပါတယ်။ ဂိမ်းကတော့ ၂၀၂၂ ခုနှစ်အတွင်း PC, PlayStation 5 နဲ့ Xbox Series X တို့မှာထွက်လာပါမယ်။
Wonder Woman 1984
Wonder Woman 1984 ရုပ်ရှင်မှာ ဂဲလ်ဂါထော့က ဒိုင်ယာနာပရင့်နဲ့ ခရစ္စပိုင်းက စတိဗ်ထရီဗော်အဖြစ် ပြန်လည် ပါဝင်ထားကြပါတယ်။ Wonder Woman 1984 ထွေလာအသစ်ရဲ့ စိတ်ဝင်စားစရာ အကောင်းဆုံး အပိုင်းကတော့ ဗီလိန် Cheetah ကိုထုတ်ဖော်ပြသလိုက်တာပဲ ဖြစ်ပါတယ်။
Suicide Squad ရုပ်ရှင်ဇာတ်ကောင်များ
ဒါရိုက်တာ ဂျိမ်းစ်ဂန်းရဲ့ The Suicide Squad ရုပ်ရှင်ကတော့ ထွေလာကို အပြည့်အစုံ မပြခဲ့ပေမယ့် နောက်ကွယ်က ရိုက်ကူးနေကြတဲ့ ဗီဒီယိုကိုပဲ ပြသခဲ့ပါတယ်။
The Flash ဝတ်စုံသစ်
အန်ဒရေမူချီတီရိုက်ကူးမယ့် The Flash မိတ်ဆက်မှုကတော့ တိုတောင်းပေမယ့် ပရိသတ်တွေ အကြိုက်ဖြစ်ခဲ့ပါတယ်။ The Flash ဝတ်စုံသစ်ကို မိတ်ဆက်ခဲ့ပါတယ်။ The Flash အဖြစ် အီဇရာမေလာကပဲ သရုပ်ဆောင်သွားပါမယ်။
Black Adam အဖြစ် ဒဝိန်းဂျွန်ဆင်
ဒဝိန်းဂျွန်ဆင်ကတော့ DC Comics ရဲ့ ဂျင်းလီနဲ့ BossLogic တို့နဲ့ပူးပေါင်းပြီး Black Adam အတွက် အမိုက်စား concept ဗီဒီယိုကို ဖန်တီးခဲ့ပါတယ်။
-စိုးထက်
Ref: TheVerge
»»» အင်တာနက်ဂျာနယ်ကနေ ရုပ်သံဖိုင်နဲ့တင်ဆက်တာကို နှစ်သက်သူတွေအတွက် Internet Journal ရဲ့ Youtube channel ဖြစ်တဲ့ ဒီနေရာကို နှိပ်ပြီး Subscription လုပ်ထားဖို့လိုမယ်နော် «««