Daydream VR ကို Google ရပ်ဆိုင်း

Google ရဲ့ Daydream ဟာ Android ရဲ့ built-in virtual reality platform ဖြစ်ပြီး အခုအခါမှာ ရပ်ဆိုင်းလိုက်ပြီ ဖြစ်ပါတယ်။

Google ဟာ နှစ်စဉ်ကျင်းပနေကျ hardware ထုတ်ကုန်မိတ်ဆက်ပွဲမှာ Pixel 4 နဲ့ Pixel 4 XL အတွက် Daydream မထောက်ပံ့ထားဘူးလို့ ပြောခဲ့ပါတယ်။ ဒါ့အပြင် Google ဟာ Daydream View headset တွ ေရောင်းချမှုကို ရပ်တန့်ခဲ့ပါတယ်။ အနာဂတ် Android ထုတ်ကုန်တွေအတွက် Daydream ကိုထောက်ပံ့ဖို့ အစီအစဉ်မရှိဘူးလို့ Google ကပြောကြားခဲ့ပါတယ်။ လက်ရှိမှာတော့ Daydream app နဲ့ store ကို ဆက်လက်ထားရှိသွားပါမယ်။

Pixel 4 မှာ Daydream ထောက်ပံ့မှု မပါဝင်ပေမယ့် Pixel 3 ကတော့ Google Daydream View headset နဲ့ တွဲသုံးဖို့ တည်ဆောက်ထားတယ်လို့ ဝက်ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။ Pixel 4 နည်းပညာ အသေးစိတ်အချက်အလက် စာမျက်နှာမှာတော့ ARCore နဲ့အသုံးပြုနိုင်တယ်လို့ ဖော်ပြထားပေမယ့် Daydream View ကိုတော့ မသုံးနိုင်ဘူးလို့ Google Store မှာရေးသားထားပါတယ်။

စိုးထက်
Ref: Venturebeat