Daw Aung San Suu Kyi

မြန်မာ့လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဘဝအကြောင်းဆိုင်ရာ App ဖြစ်ပါတယ်။ အမေစုဖြတ်သန်းခဲ့ရတဲ့ ဘဝအကြောင်းစုံကို အလွယ်တကူ ရှာဖွေဖတ်ရှုနိုင်အောင် ဖန်တီးထားပြီး မိမိ သိရှိလိုတဲ့ အကြောင်းအရာကို ရွေးချယ်ကာ ဖတ်ရှုနိုင်မှာလည်း ဖြစ်ပါတယ်။ ဒါ့အပြင် မိန့်ခွန်းနဲ့ မှတ်တမ်းဆိုင်ရာ၊ နေ့စဉ်လှုပ်ရှားမှုသတင်း၊ သတင်းထုတ်ပြန်ချက်တွေကိုလည်း ဖတ်ရှုနိုင်မှာဖြစ်ပြီး သမ္မတရုံးသို့ စာပို့ရန်ကနေလည်း စာတွေ ပေးပို့နိုင်မှာဖြစ်ပါတယ်။ ယူနီကုတ်၊ ဇော်ဂျီဖောင့်စနစ် နှစ်မျိုးစလုံးနဲ့ အသုံးပြုနိုင်မှာဖြစ်ပါတယ်။ အွန်လိုင်းအခြေပြု App ဖြစ်ပြီး အွန်လိုင်း Offline ပုံစံနှစ်မျိုးနဲ့ အသုံးပြုနိုင်မှာဖြစ်ပါတယ်။ App ကို Android version 4.0 နဲ့ အထက်မှာ ထည့်သွင်း အသုံးပြုနိုင်ပြီး Download လုပ်ချင်ရင်တော့ ဒီနေရာမှာ download လုပ်နိုင်ပါတယ်။

-ရဲထွဋ်ဝင်း

»»» အင်တာနက်ဂျာနယ်ကတင်ဆက်နေတဲ့ သတင်းနဲ့ စိတ်ဝင်စားဖွယ်အကြောင်းအရာတွေကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ IJ Viber Community မှာချိတ်ဆက်ထားဖို့ လိုမယ်နော် «««