DaVo ပက်ကေ့ချ်ကို MPT မှမိတ်ဆက်

ဒေတာတွေနဲ့ စိတ်ကြိုက်ဖုန်းခေါ်ဆိုမှုတွေ ပြုလုပ်နိုင်ခြင်း၊ အပိုထပ်ဆောင်းငွေ ပေးဆောင်ဖို့ မလိုခြင်း၊ ပက်ကေ့ချ်တန်ဖိုးရဲ့ ၂ ဆပမာဏ တန်ဖိုးရှိတဲ့ Data နဲ့ any-net voice minutes တွေရရှိနိုင်မှာဖြစ်သလို နေ့စဉ် အသုံးပြုနိုင်နဲ့ 1GB နဲ့ မည်သည့် operator ကို မဆိုခေါ်ဆိုဖို့ ၁၅ မိနစ်ပါဝင်တဲ့ DaVo ပက်ကေ့ချ်ကို MPT မှ မိတ်ဆက်လိုက်ပါတယ်။

DaVo pack ရက် ၃၀ သုံးကို (30 GB ဒေတာ +450 any-net minutes မည်သည့် အော်ပရေတာမဆို ဖုန်းခေါ်ဆိုနိုင်) ၉၉၉၅ ကျပ်နဲ့ ဝယ်ယူနိုင်ပြီး DaVo pack ၇ ရက်သုံးကို (7GB ဒေတာ +105 any-net minutes မည်သည့် အော်ပရေတာကိုမဆို ဖုန်းခေါ်ဆိုနိုင်) ၂၆၉၅ ကျပ်နဲ့ ဝယ်ယူနိုင်မှာဖြစ်ပါတယ်။ “MPT က သုံးစွဲသူတွေအတွက် ပိုမိုကောင်းမွန်တဲ့ ဆန်းသစ်တီထွင်မှုတွေ၊ တန်ဖိုးထားမှုတွေနဲ့ အတူ အခုလိုမျိုး တစ်မူထူးခြားတဲ့ ပက်ကေ့ချ်တွေကိုလည်း စဥ်ဆက်မပြတ် ပေးအပ်လျက်ရှိပါတယ်။ သုံးစွဲသူတွေ ပိုမို အဆင်ပြေစေဖို့ အတွက် ရက် ၃၀ စာ 30 GB ဒေတာ နဲ့ အော်ပရေတာအားလုံးကို ဖုန်းခေါ်ဆိုနိုင်တဲ့ 450 any-net minutes ပါဝင်တဲ့ DaVo ပက်ကေ့ချ် ဝန်ဆောင်မှုကို ထပ်မံပေးအပ်လိုက်ပါတယ်။ DaVo ပက်ကေ့ချ် ဝန်ဆောင်မှုဟာ လက်ရှိသုံးစွဲသူတွေ ရင်ဆိုင်နေရတဲ့ ဆက်သွယ်ရေးဆိုင်ရာ လိုအပ်ချက်တွေကို အကောင်းဆုံး ဖြည့်ဆည်းပေးနိုင်ပြီး သူတို့ရဲ့ အသုံးစရိတ်ပေါ်မူတည် ရွေးချယ်အသုံးပြုနိုင်ကာ ဈေးနှုန်း အသက်သာဆုံး ဒေတာရော ဖုန်းခေါ်ဆိုမှုပါ ပေါင်းစပ်ထားတဲ့ မိုဘိုင်းပက်ကေ့ချ်တစ်ခု ဖြစ်တယ်ဆိုတာ အသေချာပါပဲ” လို့ MPT-KSGM Joint Operations မှ စီးပွားရေးဌာနကြီးရဲ့ အရာရှိချုပ် Mr. Tetsunori Nagashima ကပြောပါတယ်။

DaVo Pack ရဲ့ နေ့စဉ် အကျိုးခံစားခွင့် ဖြစ်တဲ့ 1 GB + 15 any-net voice min သုံးစွဲပြီးပါက အခြား data နဲ့ voice pack များဝယ်ယူထားခြင်း မရှိပါက data နဲ့ voice ဆက်လက်အသုံးပြုမှုအတွက် 1 MB လျှင် ၁ ကျပ်နှုန်း (အခွန်မပါ) နဲ့ တစ်မိနစ် ၁၅ ကျပ်နှုန်း (အခွန်မပါ) နဲ့ ဆက်လက်အသုံးပြုနိုင်မှာဖြစ်ပါတယ်။ DaVo pack ကို *995# ခေါ်ဆိုပြီး (သို့) MPT4U App မှတစ်ဆင့် ဝယ်ယူနိုင်ကာ ဝယ်ယူမှုတိုင်းအတွက် MPT4U App ရှိ ‘ထိပေါက်’ အစီအစဉ်မှာ ပါဝင်ကံစမ်းနိုင်ခွင့် တစ်ကြိမ်ရရှိမှာ ဖြစ်ပါတယ်။ MPT မှ ဆွေသဟာ၊ ရှယ်ပြော၊ ရွှေစကား အစီအစဉ် ရယူထားတဲ့ GSM/WCDMA prepaid/postpaid စနစ် လက်ရှိ အသုံးပြုနေသူတွေအနေနဲ့ အဆိုပါ ပက်ကေ့ချ်ကို ဝယ်ယူနိုင်ပါတယ်။

-အောင်သူ

»»» အင်တာနက်ဂျာနယ်ကတင်ဆက်နေတဲ့ သတင်းနဲ့ စိတ်ဝင်စားဖွယ်အကြောင်းအရာတွေကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ IJ Viber Community မှာချိတ်ဆက်ထားဖို့ လိုမယ်နော် «««