‘Dating’ ဝန်ဆောင်မှု ဥရောပမှာ Facebook ဖြန့်ချိ

Facebook ဟာ ယူကေနဲ့ ဥရောပမှာ dating ဖူးစာရှင်ရှာဖွေပေးတဲ့ ဝန်ဆောင်မှုကို ဖြန့်ချိလိုက်ပါတယ်။

Facebook က ဝန်ဆောင်မှုကို လွန်ခဲ့တဲ့ ၈ လလောက် ကတည်းက ဖြန့်ချိဖို့ စီစဉ်ထားပေမယ့် ဥပရောအချက်အလက် စည်းကမ်းထိန်းသိမ်းရေးက ပိတ်ပင်ထားပါတယ်။ Facebook Dating ဝန်ဆောင်မှုက မဖြစ်မနေ အသုံးပြုရတဲ့ ဝန်ဆောင်မှု မဟုတ်ဘဲ ရွေးချယ်မှပဲ အသုံးပြုနိုင်ပြီး အဓိက Facebook account နဲ့ ခြားနားပါတယ်။

အဲဒီ ဝန်ဆောင်မှုက ဒေသတွင်းဧရိယာအတွင်းက အလားအလာရှိတဲ့ ဖူးစာရှင်တွေကို ညွှန်ပြပေးပြီး message ပို့နိုင်ကာ virtual ချိန်းတွေ့ဖို့ video call ခေါ်လို့ရပါမယ်။ ဒါ့အပြင် Secret Crush tool လို့ခေါ်တဲ့ လုပ်ဆောင်ချက် ပါဝင်လာပါတယ်။ အဲဒီ လုပ်ဆောင်ချက်ကတော့ သုံးစွဲသူက စိတ်ဝင်စားမှုရှိတဲ့ Facebook သူငယ်ချင်း ၉ ယောက်အထိ ရွေးချယ်ခွင့်ပြုထားပြီး အပြန်အလှန် စိတ်ဝင်စားရင် match လုပ်ပေးပါတယ်။

အဲဒီ feature ကိုအသုံးပြုနိုင်ဖို့ Facebook မှာ dating ပရိုဖိုင်လုပ်ထားဖို့ လိုပါတယ်။

Facebook Dating ကိုတော့ ၂၀၁၉ စက်တင်ဘာလမှာ အမေရိကန်အတွင်း စတင်ဖြန့်ချိခဲ့ပါတယ်။ အခုအခါမှာတော့ ယူကေ၊ အိုင်ယာလန်၊ ပြင်သစ်နဲ့ ဂျာမနီ အပါအဝင် ဥရောပ ၃၂နိုင်ငံအတွင်း ဖြန့်ထားပါတယ်။

-စိုးထက်
Ref: DailyMail

»»» အင်တာနက်ဂျာနယ်က နေ့စဉ်တင်ဆက်ပေးနေတဲ့ သတင်းတွေနဲ့ ထူးခြားတဲ့အကြောင်းအရာတွေကို အချိန်နဲ့ တပြေးညီ စာဖတ်ပရိသတ်တွေထံ အီးမေးလ်ကနေတစ်ဆင့်ရောက်ရှိလာဖို့ ဒီနေရာက တစ်ဆင့် Subscription လုပ်ထားလိုက်ပါ «««