Data Visualization Hackathon ပြိုင်ပွဲကျင်းပမည်

Data Visualization Hackathon ပြိုင်ပွဲတစ်ရပ် ကျင်းပမယ်လို့ သိရပါတယ်။

အဲဒီအခမ်းအနားကို လာမယ့် ဇန်န၀ါရီ ၁၂ ရက်ကနေ ၁၄ ရက်အထိ သုံးရက်ကြာကျင်းပမှာ ဖြစ်တယ်လို့သိရပါတယ်။ UNICEF နဲ့ New Westminster Group တို့ ပူးပေါင်းကျင်းပမှာဖြစ်ပြီး မြန်မာနိုင်ငံမှာရှိတဲ့ ကလေးသူငယ်တွေရဲ့လူနေမှုဘဝ တိုးတက်ဖို့ တစ်ဖက်တစ်လမ်းကနေ ဆောင်ရွက်ချက်အဖြစ် ကျင်းပမှာဖြစ်တယ်လို့ ဆိုပါတယ်။ သုံးရက်တာကြာမြင့်မယ့် အဲဒီပြိုင်ပွဲမှာ ကလေးသူငယ်တွေနဲ့ သက်ဆိုင်တဲ့ အချက်အလက်တွေကို နည်းပညာအသုံးပြုပြီး နားလည်စေမယ့် analytic chart တွေနဲ့ ဖော်ပြထားတဲ့ mobile application သို့မဟုတ် ဝက်ဘ်ဆိုက်ဖန်တီးရမှာ ဖြစ်ပါတယ်။

Programmer အယောက် ၅၀ လောက် ပါဝင်နိုင်ဖို့ရည်မှန်းထားပြီး ၂၀၁၆ ခုနှစ်အတွင်း UNICEF က စစ်တမ်းကောက်ယူ စုဆောင်းထားတဲ့ အချက်အလက်တွေကို ရိုးရှင်းမြင်သာစေတဲ့ အချက်အလက်တွေအဖြစ် ပြောင်းလဲပုံဖော် ပေးရမှာဖြစ်တယ်လို့ ဆိုပါတယ်။ “ဒေါ်လာ ၅၀၀ နဲ့ညီမျှတဲ့ ပစ္စည်းတွေကို ဆုအဖြစ်ပေးအပ်သွားမှာ ဖြစ်ပါတယ်၊

ပြီးတော့ပြိုင်ပွဲထဲက ပညာရှင်တစ်ဦးကို ရွေးချယ်ပြီး Hackathon ပြိုင်ပွဲဆိုင်ရာနဲ့ ပတ်သက်ပြီးရွေးချယ်ဖို့လည်း စီစဉ်ထားပါတယ်” လို့ New Westminster ရဲ့ CEO ဦးသက်နိုင်စိုးက ပြောပါတယ်။ အကဲဖြတ်ဒိုင်တွေအဖြစ် အိုင်တီနည်းပညာ ကုမ္ပဏီတွေရဲ့ CEO တွေနဲ့ UNICEF မှ တာ​ဝန်ရှိသူတွေ ပါဝင်မယ်လို့ ဆိုပါတယ်။ ပါဝင်လိုသူတွေအနေနဲ့ Data Visualization Hackathon ရဲ့ Facebook စာမျက်နှာပေါ်ကနေ ဖောင်ရယူပြီး ယှဉ်ပြိုင်နိုင်တယ်လို့ သိရပါတယ်။ အဖွဲ့တစ်ဖွဲ့ကို အများဆုံးငါးဦးနှုန်း ပါဝင်ယှဉ်ပြိုင်နိုင်မယ်လို့ သိရပါတယ်။

-ထွန်းထွန်း