Data Management in Action ခေါင်းစဉ်ဖြင့် အွန်လိုင်းဟောပြောပွဲ ပြုလုပ်မည်

ရန်ကုန်တိုင်းဒေသကြီးကွန်ပျူတာပညာရှင်အသင်းမှ ကြီးမှူး၍ Data Management in Action ခေါင်းစဉ်ဖြင့် ဟောပြောပွဲကို ဒီဇင်ဘာ ၂၁ ရက်၊ နံနက် ၉:၃၀ မှ ၁၁:၃၀ အထိ WebinarJam (Online Platform) ကို အသုံးပြုပြီး ဆွေးနွေးဟောပြောသွားမယ်လို့ သိရပါတယ်။

ဆွေးနွေးပွဲမှာ Data Management SIG Coordinator တွေဖြစ်တဲ့ ဦးဝင်းဖေ၊ ဦးကျော်ဆန်း၊ ဒေါက်တာခင်မာလာထွန်း၊ ဦးအေးကျော်လှိုင်နဲ့ Zwenexsys Int’l Co., Ltd (Myanmar) ရဲ့ Managing Director/ Founder ဦးသာထက် တို့ကဆွေးနွေးဟောပြောသွားမှာဖြစ်ပါတယ်။​ စိတ်ပါဝင်စားသူ မည်သူမဆို အခမဲ့ တက်ရောက်နိုင်ပြီး တက်ရောက်လိုသူတွေ အနေနဲ့ http://tiny.cc/SIG9 မှာ Register ဝင်ရောက်ပြုလုပ်ရမှာ ဖြစ်ပါတယ်။ ပွဲနေ့ မတိုင်မီ Register ပြုလုပ်ထားသူတွေ အနေနဲ့ မိမိတို့ထည့်သွင်းထားတဲ့ email ကို Live Room Link ရောက်ရှိမှာဖြစ်ပါတယ်။

Live Room Link ကို ပွဲနေ့မှာနှိပ်ပြီး တက်ရောက်ရမှာ ဖြစ်ပါတယ်။ ဆွေးနွေးပွဲနေ့မှာ Register ပြုလုပ်တဲ့သူတွေကတော့ Register ပြုလုပ်ပြီးတာနဲ့ Your Webinar Link ကို တိုက်ရိုက်နှိပ်ပြီး ပွဲကို တက်ရောက်နိုင်မှာဖြစ်ပါတယ်။

-အောင်သူ

»»» အင်တာနက်ဂျာနယ်ကနေ တင်ဆက်ပေးနေတဲ့ သတင်းတွေနဲ့စိတ်၀င်စားဖွယ်ရာ အ‌ကြောင်းအရာတွေကို နေ့စဉ် ည(၇) နာရီအချိန်မှာ ဒီဂျစ်တယ်ဗားရှင်း သတင်းစာစောင်လေးအနေနဲ့ ဒီနေရာ ကနေ ရယူဖတ်ရှုနိုင်မယ့် IJ Mini Newspaper «««