Data Management Essentials ခေါင်းစဉ်ဖြင့် ဟောပြောပွဲ ကျင်းပမည်

ရန်ကုန်တိုင်းဒေသကြီးကွန်ပျူတာပညာရှင်အသင်းမှ ကြီးမှူး၍ Data Management Essentials ခေါင်းစဉ်ဖြင့်ဟောပြောပွဲကို နိုဝင်ဘာ ၂၃ ရက်၊ နံနက် ၁၀ နာရီမှ ၁၁:၃၀ အထိ WebinarJam (Online Platform) အသုံးပြုကာ ဆွေးနွေးဟောပြောသွားမယ်လို့ သိရပါတယ်။

Data Management SIG ရဲ့ Coordinator တွေဖြစ်တဲ့ ဦးဝင်းဖေ၊ ဦးကျော်ဆန်း၊ ဒေါက်တာခင်မာလာထွန်းနဲ့ ဦးအေးကျော်လှိုင်တို့က ဆွေးနွေးဟောပြောသွားမှာဖြစ်ပါတယ်။ စိတ်ပါဝင်စားသည့် မည်သူမဆို အခမဲ့ တက်ရောက်နိုင်မှာဖြစ်ပါတယ်။

တက်ရောက်လိုသူတွေအနေနဲ့ http://tiny.cc/SIG7 မှာ Register ဝင်ရောက်ပြုလုပ်ရမှာဖြစ်ပြီး Register ပြုလုပ်ပြီးပါက မိမိတို့ထည့်သွင်းထားတဲ့ email သို့ Live Room Link ရောက်ရှိမှာဖြစ်တယ်လို့သိရပါတယ်။ Live Room Link ကို ပွဲနေ့တွင် နှိပ်ပြီး ပွဲသို့ တက်ရောက်နိုင်မှာဖြစ်ပါတယ်။

-အောင်သူ

»»» အင်တာနက်ဂျာနယ်က နေ့စဉ်တင်ဆက်ပေးနေတဲ့ သတင်းတွေနဲ့ ထူးခြားတဲ့အကြောင်းအရာတွေကို အချိန်နဲ့ တပြေးညီ စာဖတ်ပရိသတ်တွေထံ အီးမေးလ်ကနေတစ်ဆင့်ရောက်ရှိလာဖို့ ဒီနေရာက တစ်ဆင့် Subscription လုပ် ထားလိုက်ပါ «««