Data Management Challenges and Opportunities ခေါင်းစဉ်ဖြင့် ဟောပြောပွဲ ပြုလုပ်မည်

ရန်ကုန်တိုင်းဒေသကြီး ကွန်ပျူတာပညာရှင်အသင်းမှ ကြီးမှူး၍ Data Management Challenges and Opportunities ခေါင်းစဉ်နဲ့ ဟောပြောပွဲကို ဇန်နဝါရီ ၂၆ ရက်၊ နံနက် ၉:၃၀ မှ ၁၁ နာရီအထိ WebinarJam (Online Platform) ကို အသုံးပြုပြီး ဆွေးနွေးဟောပြောသွားမှာဖြစ်တယ်လို့ သိရပါတယ်။

Data Management SIG Coordinator တွေဖြစ်တဲ့ ဦးကျော်ဆန်း၊ ဦးဝင်းဖေ၊ ဦးအေးကျော်လှိုင်နဲ့ ဒေါက်တာငြိမ်းချမ်းကိုကိုတို့က ဆွေးနွေးသွားမှာဖြစ်ပြီး စိတ်ပါဝင်စားသူ မည်သူမဆို အခမဲ့ တက်ရောက်နိုင်မှာဖြစ်တယ်လို့ သိရပါတယ်။ တက်ရောက်လိုသူတွေ အနေနဲ့ http://tiny.cc/SIG13 မှတစ်ဆင့် Register ဝင်ရောက် ပြုလုပ်ရမှာဖြစ်ပြီး Register ပြုလုပ်ပြီးပါက ပြုလုပ်ပြီးတာနဲ့ မိမိတို့ထည့်သွင်းထားတဲ့ email သို့ Live Room Link ရောက်ရှိမှာ ဖြစ်ပါတယ်။ အဆိုပါ Live Room Link ကို ပွဲနေ့မှာနှိပ်ပြီး ပွဲသို့ တက်ရောက်နိုင်မှာဖြစ်ပါတယ်။

-အောင်သူ

»»» အင်တာနက်ဂျာနယ်ကနေ ရုပ်သံဖိုင်နဲ့တင်ဆက်တာကို နှစ်သက်သူတွေအတွက် Internet Journal ရဲ့ Youtube channel ဖြစ်တဲ့ ဒီနေရာကို နှိပ်ပြီး Subscription လုပ်ထားဖို့လိုမယ်နော် «««