Data ID Card စနစ္ကို ဦးစားေပးအေကာင္အထည္ေဖာ္ေန

[ Zawgyi ]

Data ID Card System ကုိ ဦးစားေပးအေကာင္အထည္ေဖာ္ေနေၾကာင္းသိရပါတယ္။

Telenor Myanmar အေနနဲ႔ အစိုးရတာ၀န္ရွိပုဂၢိဳလ္ေတြ၊ အိုင္စီတီနယ္ပယ္က တာ၀န္ရွိသူေတြပါ၀င္တဲ့ အလုပ္ရံုေဆြးေႏြးပြဲတစ္ခုကို ေနျပည္ေတာ္မွာက်င္းပခဲ့ၿပီး အဲဒီေဆြးေႏြးပြဲသတင္းထုတ္ျပန္ခ်က္အရသိ ရတာျဖစ္ပါတယ္။ “ အစိုးရအေနနဲ႔ ခ်မွတ္ထားတဲ့ စီးပြားေရးမူ၀ါဒ ၁၂ ရပ္နဲ႔အညီ လွ်ပ္စစ္ဓါတ္အားေပး ေရးနဲ႔ ပို႔ေဆာင္ဆက္သြယ္ေရးအစရွိတဲ့ အေျခခံစီးပြားေရး အေဆာက္အအံုေတြ လ်င္ျမန္စြာတိုးတက္ လာေရးအျပင္ Data ID Card System , Digital Government Strategy နဲ႔ e-Government System တို႔ကို စတင္အေကာင္အထည္ေဖာ္ဖို႔ ဦးစားေပးလုပ္ေဆာင္ေနပါတယ္” လို႔ ဆက္သြယ္ေရးၫႊန္ၾကား မႈဦးစီးဌာနမွ ဒါရိုက္တာျဖစ္သူ ဦးဇာနည္ေအာင္ကေျပာၾကားခဲ့တယ္လို႔သိရပါတယ္။

အစိုးရအေနနဲ႔ ဒီဂ်စ္တယ္ဥပေဒေတြ၊ စီးပြားေရးလုပ္ငန္းေတြနဲ႔ႏိုင္ငံသားေတြရဲ႕ရပိုင္ခြင့္ေတြကို အကာအကြယ္ေပးတဲ့ ဥပေဒေတြျဖစ္တဲ့ အခ်က္အလက္ အကာအကြယ္ေပးျခင္းဥပေဒ (Data protection)၊ ဒီဂ်စ္တယ္ ကိုယ္ေရးအခ်က္အလက္ လံုၿခံဳစြာထိန္းသိမ္းမႈ ဥပေဒ အစရွိတာေတြကို ျပဌာန္းသင့္ေၾကာင္း Telenor Myanmar အေနနဲ႔ အႀကံေပးခဲ့ေၾကာင္း သိရပါတယ္။

-ထြန္းထြန္း

[ Unicode ]

Data ID Card System ကို ဦးစားပေးအကောင်အထည်ဖော်နေကြောင်းသိရပါတယ်။

Telenor Myanmar အနေနဲ့ အစိုးရတာဝန်ရှိပုဂ္ဂိုလ်တွေ၊ အိုင်စီတီနယ်ပယ်က တာဝန်ရှိသူတွေပါ၀င်တဲ့ အလုပ်ရုံဆွေးနွေးပွဲတစ်ခုကို နေပြည်တော်မှာကျင်းပခဲ့ပြီး အဲဒီဆွေးနွေးပွဲသတင်းထုတ်ပြန်ချက်အရသိ ရတာဖြစ်ပါတယ်။ “ အစိုးရအနေနဲ့ ချမှတ်ထားတဲ့ စီးပွားရေးမူဝါဒ ၁၂ ရပ်နဲ့အညီ လျှပ်စစ်ဓါတ်အားပေး ရေးနဲ့ ပို့ဆောင်ဆက်သွယ်ရေးအစရှိတဲ့ အခြေခံစီးပွားရေး အဆောက်အအုံတွေ လျင်မြန်စွာတိုးတက် လာရေးအပြင် Data ID Card System , Digital Government Strategy နဲ့ e-Government System တို့ကို စတင်အကောင်အထည်ဖော်ဖို့ ဦးစားပေးလုပ်ဆောင်နေပါတယ်” လို့ ဆက်သွယ်ရေးညွှန်ကြား မှုဦးစီးဌာနမှ ဒါရိုက်တာဖြစ်သူ ဦးဇာနည်အောင်ကပြောကြားခဲ့တယ်လို့သိရပါတယ်။

အစိုးရအနေနဲ့ ဒီဂျစ်တယ်ဥပဒေတွေ၊ စီးပွားရေးလုပ်ငန်းတွေနဲ့နိုင်ငံသားတွေရဲ့ရပိုင်ခွင့်တွေကို အကာအကွယ်ပေးတဲ့ ဥပဒေတွေဖြစ်တဲ့ အချက်အလက် အကာအကွယ်ပေးခြင်းဥပဒေ (Data protection)၊ ဒီဂျစ်တယ် ကိုယ်ရေးအချက်အလက် လုံခြုံစွာထိန်းသိမ်းမှု ဥပဒေ အစရှိတာတွေကို ပြဌာန်းသင့်ကြောင်း Telenor Myanmar အနေနဲ့ အကြံပေးခဲ့ကြောင်း သိရပါတယ်။