Data Carry Plus ပရိုမိုးရှင်းနှင့်အတူ ညလုံးပေါက် Facebook အခမဲ့အသုံးပြုနိုင်မည့် ဝန်ဆောင်မှုကို မိတ်ဆက်

သတ်မှတ်ထားသည့် အင်တာနက်ဒေတာ ပက်ကေ့ချ်များဝယ်ယူပြီး Facebook နဲ့ Messenger ကို ည ၁၁ နာရီမှ မနက် ၇ နာရီအထိ အကန့်အသတ်မရှိ အခမဲ့ အသုံးပြုနိုင်မယ့် Data Carry Plus အထူးပရိုမိုးရှင်း ပက်ကေ့ချ်ကို MPT မှ မိတ်ဆက်လိုက်ပါတယ်။

ဒါ့အပြင် Data Carry Plus ပက်ကေ့ချ်ရဲ့ နောက်ထပ် အကျိုးခံစားခွင့် အနေနဲ့ 400 GB အထိ အင်တာနက် ဒေတာများ ကံထူးနိုင်မှာ ဖြစ်ပြီး သောကြာနေ့တိုင်း ဝယ်ယူပါက Happy Friday အပိုဆောင်းဒေတာ (MBs) တွေကိလည်း ရရှိမှာဖြစ်ပါတယ်။ Data Carry Plus ရဲ့ သတ်မှတ်ထားတဲ့ အကျိုးခံစားခွင့်တွေအားလုံးမှာ ပြောင်းလဲသွားခြင်း မရှိဘဲ အသုံးမပြုဘဲ ကျန်ရှိနေတဲ့ ဒေတာတွေကို ဒေတာသယ်ယူနိုင်တဲ့ ကာလအတွင်း ပက်ကေ့ချ်ထပ်မံဝယ်ယူကာ အလွယ်တကူ သယ်ဆောင်သွားနိုင်မှာ ဖြစ်ပြီး ဒေတာသက်တမ်းကိုလည်း ပေါင်းစည်း အသုံးပြုနိုင်မယ်လို့ သိရပါတယ်။

၉၉၉ ကျပ်မှ စ၍ ၂၆,၉၉၉ ကျပ်အထိ ပက်ကေ့ချ်များ ဝယ်ယူတဲ့ MPT မှ ဆွေသဟာ/ ရှယ်ပြော/ ရွှေစကား အစီအစဉ်တွေ ရယူထားတဲ့ GSM/WCDMA prepaid and postpaid အသုံးပြုသူအားလုံးဟာ Data Carry Plus ပရိုမိုးရှင်းရဲ့ ညလုံးပေါက် Facebook အခမဲ့ အသုံးပြုနိုင်မယ့် ဝန်ဆောင်မှု အစီအစဉ်တွင် ပါဝင်နိုင်မှာဖြစ်ကြောင်း၊ ပက်ကေ့ချ် အသုံးပြုခွင့်သက်တမ်းမှာ ရက်ပေါင်း (၃၀) ဖြစ်ပြီး ဒေတာသယ်ယူနိုင်သော ကာလမှာ (၇) ရက် ဖြစ်တယ်လို့ သိရပါတယ်။ ဝယ်ယူထားတဲ့ Data Carry Plus ပက်ကေ့ချ်မှ အင်တာနက်ဒေတာပမာဏများ အားလုံး သက်တမ်းမတိုင်ခင် ကုန်ဆုံးသွားသော်လည်း သုံးစွဲသူတွေအနေနဲ့ Data Carry Plus ရဲ့ ညလုံးပေါက် Facebook ကို အကန့်အသတ်မရှိ အခမဲ့ အသုံးပြုနိုင်မယ့် ဝန်ဆောင်မှုအစီအစဉ်နဲ့ ဒေတာဖိုး ထပ်မံကုန်ကျမှုမရှိဘဲ ဝယ်ယူထားသော ပက်ကေ့ချ်သက်တမ်းအတိုင်း အခမဲ့ ဆက်လက်အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ MPT အသုံးပြုသူတွေအနေနဲ့ အကြိမ်အရေအတွက် အကန့်အသတ်မရှိ စိတ်ကြိုက်ဝယ်ယူနိုင်မှာဖြစ်ပြီး နောက်ဆုံး ဝယ်ယူထားတဲ့ ပက်ကေ့ချ်ဒေတာပမာဏနဲ့ သက်တမ်းကိုလည်း ပေါင်းစည်း အသုံးပြုနိုင်မယ်လို့ သိရပါတယ်။

Free Night Facebook ဝန်ဆောင်မှုအစီအစဉ်တွင် Facebook App (ပြင်ပ links များမပါဝင်)၊ Messenger (Voice နှင့် Video calls များမပါဝင်) နဲ့ Browser မှ Facebook အသုံးပြုခွင့်ကို မည်သည့် ဒေတာကုန်ကျမှုမှ မရှိဘဲ အသုံးပြုနိုင်ခွင့်ရှိပြီး Messenger မှတစ်ဆင့် ဗွီဒီယိုနှင့်ဖုန်းခေါ်ဆိုခြင်းများ၊ Facebook App နှင့် Browser မှတစ်ဆင့် ပြင်ပ links များဝင်ရောက်ကြည့်ရှုခြင်းများ အကျုံးမဝင်သဖြင့် သုံးစွဲသူများအနေနနဲ့ အဆိုပါ အသုံးပြုမှုများ အတွက် ဒေတာအသုံးပြုခကျသင့်မည်ဖြစ်ကြောင်း၊ ဝယ်ယူထားတဲ့ ပက်ကေ့ချ်အလိုက် သို့မဟုတ် သုံးသလောက်ပေး အင်တာနက်နှုန်းထားနဲ့ ခေါ်ဆိုနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။