Darksiders Genesis

Nintendo Switch, Xbox One နဲ့ PS4 လို Console တွေအပြင် PC နဲ့ပါ ကစားနိုင်အောင် ဖန်တီးထားတဲ့ အခုဂိမ်းကလူငယ်တွေ အကြိုက်တွေ့မှာ အမှန်ပါပဲ။ စိတ်ကူးယဉ်ဆန်ဆန် ဇာတ်လမ်းသွားမှာ မှော်ဆန်တဲ့စွမ်းအင်တွေ အသုံးပြု တိုက်ခိုက်နိုင်စွမ်းက ဒီနေ့ခေတ် တိုက်ခိုက်ရေးဂိမ်းတွေ အားသန်ကြတဲ့ လူငယ်တွေအကြားမှာ စိတ်ဝင်စားစရာ ဖြစ်လာမှာပါ။

Single အနေနဲ့ ဆိုရင်တော့ အဓိကဇာတ်ကောင် Strife နေရာမှာ ဝင်ကစားနိုင်မှာဖြစ်ပြီး Multi အနေနဲ့ကတော့ သူ့ရဲ့ညီဖြစ်တဲ့ War နဲ့အတူ နှစ်ယောက်ကစားနိုင်မှာပါ။ တခြားဇာတ်ကောင် ရွေးချယ်နိုင်မှုတော့ မရှိပါဘူး။ Strife က အဓိကဇာတ်ကောင်ဖြစ်ပြီး War ထက် အစွမ်းအစလည်း ပိုပါတယ်။ War ကတော့ အကူအနေနဲ့လောက်ပါပဲ။ ဒါပေမဲ့ သုံးတတ်ရင်တော့ အဆင်ပြေပါတယ်။ Single အနေနဲ့ ကစားနေချိန် Strife အကူအညီလိုရင် War ကို ခေါ်သုံးနိုင်ပါတယ်။ AI စနစ်ရဲ့ War အနေနဲ့ ရောက်လာမှာပါ။ နှစ်ယောက်တွဲ ကစားရင်တော့ အကောင်း ဆုံးပါပဲ။

အခန်းအများစုက အမှောင်ခန်းမှာ မီးအလင်းရောင်နဲ့ သွားလာတိုက်ခိုက်ရမှာပါ။ ရန်သူက နတ် ဘီလူးတွေဖြစ်နေတဲ့ အချက်က ဇာတ်လမ်းမှာ အမှောင်နဲ့ငရဲလို မြေအောက်ခန်းတွေ များနေစေပါတယ်။ ရုပ်ထွက်ဆန်းဆန်းနဲ့ အင်အားကြီးမားအောင် အရွယ်အစားပါ ကြီးကြီးဖန်တီးထားတဲ့ ဘီလူးတွေက သင့်အတွက်တော့ခက်ခဲ့တဲ့ ပြိုင်ဘက်တွေပါပဲ။ စခန်းသွားပုံစံ တစ်ခန်းပြီး တစ်ခန်းဆက်က စားရမှာပါ။

Strife က လက်နက်အဖြစ် ပစ္စတိုသေနတ်ကိုသုံးပြီး War ကတော့ ဓားနဲ့တိုက်ခိုက်ပါတယ်။ လက်နက်ရွေးချယ်နိုင်မှု မရှိပါဘူး။ မိမိရဲ့ စွမ်းရည်ပိုကောင်းအောင် လက်နက်နဲ့ ချပ်ဝတ်တွေကို အဆင့်မြှင့်နိုင်မှုပဲ ရှိပါတယ်။ ရန်သူကို ပုံမှန်တိုက်အားနဲ့ ထိချက်မိမိ တိုက်ခိုက်မှု များလာရင် Burst စွမ်းရည်လို့ ခေါ်တဲ့ Power ထုတ် တိုက်ခိုက်နိုင်မှု ရှိလာပါတယ်။ Power ထုတ်ချိန်မှာတော့ ကစားသူက တိုက်ခိုက်မှု စွမ်းရည်ရော တိုက်ခိုက်နှုန်းပါ မြန်ဆန်လာမှာ ဖြစ်ပါတယ်။ Power ထုတ်ပြီး နောက်တစ်ကြိမ် ပြန်သုံးနိုင်ဖို့ကတော့ ရန်သူကိုတိုက်ခိုက်ရင်း အားပြန်စုရမှာ ဖြစ်ပါတယ်။ ကစားတဲ့အဆင့် မြင့်လာတာနဲ့အမျှ Power လည်း အားပိုကောင်းလာသလို အချိန်တိုတိုနဲ့ Power ထုတ်နိုင်လာမှာလည်း ဖြစ်ပါတယ်။ Strife ရော War ပါ ပြိုင်တူ စွမ်းရည်ထုတ် တိုက်ရင်တော့ စွမ်းအားချိတ်ဆက်မှု ဖြစ်လာပြီး ထိချက်တွေ ပိုကောင်းလာမှာပါ။

စိတ်ကူးယဉ်ဆန်ဆန် ဂိမ်းဖြစ်လို့ ပန်းတိုင်ရောက်ရှိ အနိုင်ရဖို့ ဆိုတာထက် စနစ်ကပေးလာတဲ့ တစ်ခန်းပြီးတစ်ခန်း ဆက်လက်အနိုင်ရအောင် ကစားဖို့ပဲရှိပါတယ်။ သတိထားစရာတစ်ချက်က Strife နဲ့ War နှစ်ယောက်တည်းက တစ်ယောက် သေသွားတာနဲ့ ဂိမ်းကအနိုင်ရဖို့ မဖြစ်နိုင်တော့တာပါပဲ။ တစ်ယောက်နဲ့ တစ်ယောက် အကူအညီပေးက စားရတာဖြစ်လို့ အဆင့်မြင့်လာလေလေ ခက်ခဲတဲ့ရန်သူနဲ့ ရင်ဆိုင်လာရချိန် တစ်ယောက်တည်း တိုက်ခိုက်လဲ အနိုင်ရဖို့ ခက်ခဲသွားတာ ဖြစ်ပါတယ်။ ဒါကြောင့် ရန်သူနဲ့ ရင်ဆိုင်နေချိန် တစ်ယောက်ယောက် အားနည်းလာပြီဆိုရင် အပြန်အလှန် ကာကွယ်ပေးတာတွေ လုပ်ပေးသင့်ပါတယ်။ ကစားသူသေသွားရင် ရောက်လက်စ အခန်းကနေပြန်စနိုင်ပေမယ့် နောက်ပိုင်း အခန်းတွေမှာ ရန်သူက ရင်ဆိုင်ရ အရမ်းခက်ခဲလာတာကြောင့် ရင်ဆိုင်ရင်း ကစားသူတစ်ယောက်ယောက် သေသွားတာနဲ့ အနိုင်ရဖို့ခက်ခဲသွားသလို အစကနေ ပြန်က ားရဖို့ ဖြစ်လာစေနိုင်တာကြောင့်ပါ။ စိတ်ကူးယဉ် ဇာတ်လမ်းသွား တစ်ခုထဲက ဘီလူးတွေနဲ့ ရင်ဆိုင်ဖို့ သင့်မှာစွမ်းအင်တွေရှိနေတာ မမေ့ပါနဲ့။