Dance Rhythm ဂိမ်းသစ် Just Dance 2015 ထွက်ရှိ

Dance-Rhythm.jpg

Ubisoft ၏ ရောင်းအားအကောင်းဆုံး Dance Rhythm ဂိမ်းစီးရီးဖြစ်သော Just Dance ၏ version အသစ် Just Dance 2015 ကို Xbox360 ၊ PS3 ၊ Wii U နှင့် Wii ဂိမ်းစက်များအတွက် ဝယ်ယူကစားနိုင်ပြီဖြစ်
ကြောင်း သိရသည်။

Xbox360 ဂိမ်းစက်တွင် Kinect Sensor ကို အသုံးပြုပြီး screen ပေါ်မှ dancer များကို လှုပ်ရှားမှုအတိုင်း ကနိုင်မည်ဖြစ်သည်။  PlayStation နှင့် Nintendo Version များတွင် PSMove နှင့် Wiimote တို့ကို
အသုံးပြုပြီး ကစားရမည်ဖြစ်သည်။ ကစားသူလေးယောက် တစ်ပြိုင်တည်း ကစားနိုင်ပြီး မိမိ၏ ကကွက်များကို မှတ်သားထားနိုင်သည့် “Community Remix” mode နှင့်အတူ Lady Gaga၊ Avicii၊ One Direction၊ Katy Perry၊ Maroon 5 နှင့် Ylvis အစရှိသော အဆိုတော်များ၏ သီချင်းသစ်များ ပါဝင်ထားကြောင်း သိရှိရသည်။ Just Dance 2015 နှင့်အတူ ဂိမ်းခွေသစ်များကို GAME HIVE ဖုန်း ၀၉၇၃၁၁၈၅၅၀ နှင့် ၀၉၄၅၀၀၄၁၅၀၀ သို့ ဆက်သွယ်ဝယ်ယူနိုင်မည် ဖြစ်သည်။