DAN Myanmar

UNDP နှင့် Adaptation Fund တို့ရဲ့ ပံ့ပိုးမှုနဲ့ ရေးဆွဲထားတဲ့ သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကြိုတင်အသိပေးချက်တွေကို ဖတ်ရှုနိုင်မယ့် App ဖြစ်ပါတယ်။ မြန်မာနိုင်ငံအတွင်း ဖြစ်ပွားမှုနှုန်း များပြားတဲ့ သဘာဝဘေးအန္တရာယ် ၈ မျိုးနဲ့ဆိုင်တဲ့ အသိပေးချက်တွေကို အချိန်နဲ့တစ်ပြေးညီ သိရှိနိုင်အောင် ဖန်တီးထားပြီး စာဖြင့်သာမကဘဲ အသံနဲ့ပါ နားထောင်နိုင်မှာဖြစ်ပါတယ်။ ကြုံတွေ့နိုင်တဲ့ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အရေးပေါ်အသိပေးချက်တွေ အပြင် ကြုံတွေ့နိုင်တဲ့ သဘာဝဘေးအန္တရာယ်နဲ့ပတ်သက်တဲ့ ဆောင်ရန်-ရှောင်ရန်တွေကိုပါ သိရှိနိုင်မှာဖြစ်ပါတယ်။ App ကို အင်္ဂလိပ်-မြန်မာ နှစ်ဘာသာနဲ့ အသုံးပြုနိုင်မှာဖြစ်ပါတယ်။ App ကို Android version 4.0.3 နဲ့အထက်မှာ ထည့်သွင်းအသုံးပြုနိုင်မှာဖြစ်ပြီး Download လုပ်ချင်တယ် ဆိုရင်တော့ ဒီနေရာမှာ Download လုပ်ပါ။

-ရဲထွဋ်ဝင်း