#CyberSmart4All ခေါင်းစဉ်ဖြင့် Digital literacy စကားဝိုင်း ပြုလုပ်မည်

ဆိုက်ဘာဘေးကင်း မှ Facebook နဲ့လက်တွဲပြီး #CyberSmart4All ဆိုတဲ့ Digital literacy စကားဝိုင်းကို အောက်တိုဘာ ၂၆ ရက်မှာ ကျင်းပသွားမှာဖြစ်ပြီး တက်ရောက်လိုသူတွေအနေနဲ့ အွန်လိုင်းမှ ကြိုတင်စာရင်း ပေးသွင်းနိုင်ပြီ ဖြစ်တယ်လို့ သိရပါတယ်။

အခမ်းအနားကို Myanmar Cybersecurity Month (MCM) အတွက် ဆိုက်ဘာဘေးကင်းက Facebook နဲ့ လက်တွဲပြီး ပြုလုပ်လုပ်ခြင်းဖြစ်ကာ စိတ်ဝင်စားသူ မည်သူမဆို တတ်ရောက်နိုင်မှာလည်း ဖြစ်ပါတယ်။ အခမ်းအနားကို အောက်တိုဘာ ၂၆ ရက်၊ နေ့လယ် ၂ နာရီမှ ညနေ ၄ နာရီအထိ ရန်ကုန်မြို့ ဗိုလ်တထောင်စျေးလမ်းရှိ Pansurira Gallery မှာ ပြုလုပ်မှာ ဖြစ်ပါတယ်။ CyberSmart ဖြစ်ဖို့ ဘာတွေသိထားသင့်လဲ ဆိုတာတွေကို အဓိကထား ဟောပြောသွားမှာဖြစ်တယ်လို့ သိရပါတယ်။

တက်ရောက်လိုသူတွေ အနေနဲ့ https://forms.gle/KhGHHYZ7ozWsDebf9 မှာ ကြိုတင်စာရင်းပေးသွင်းနိင်ပါတယ်။

-ကျော်ဇေယျ