Cyberpunk 2077 ဂိမ်းထွက်ရှိမယ့်ရက် ရွှေ့ဆိုင်း

Cyberpunk 2077 ဂိမ်းကတော့ မူလက နိုဝင်ဘာ ၁၉ ရက်မှာ ထွက်ရှိဖို့ စီစဉ်ထားပေမယ့် ၂၁ ရက် နောက်ဆုတ်ပြီး ဒီဇင်ဘာ ၁၀ ရက်မှပဲ ထွက်မယ်လို့ CD Projekt Red က ထုတ်ပြန်ခဲ့ပါတယ်။

Cyberpunk 2077 ဂိမ်းကို နေအိမ်ကနေ အလုပ်လုပ်ပြီး မတူညီတဲ့ ဗားရှင်း ၉ မျိုးကို စမ်းသပ်နေတဲ့ လုပ်ငန်းစဉ်ကြောင့် ကြန့်ကြာတာ ဖြစ်တယ်လို့ သိရပါတယ်။ ဂိမ်းကိုတော့ PS5 နဲ့ Xbox Series X နဲ့ S မှာ ဖြန့်ချိပါမယ်။ ပြီးတော့ PS4 နဲ့ Xbox One, PC နဲ့ Google Stadia မှာလည်း ဖြန့်ချိသွားပါမယ်။ CD Projekt ကတော့ ဂိမ်းဖြန့်ချိမှုအတွင်း PS4 Pro နဲ့ Xbox S ကိုလည်း ထည့်သွင်း စဉ်းစားထားပါတယ်။

Cyberpunk 2077 ဂိမ်းထွက်ရှိဖို့ရက် ဧပြီလကနေ စက်တင်ဘာအထိ ရွှေ့ဆိုင်းခဲ့ပြီးနောက် နိုဝင်ဘာအထိ ထပ်မံ ရွှေ့ဆိုင်းခဲ့ပါတယ်။ ဂိမ်းအမြည်းမိတ်ဆက်ကိုတော့ PS4 နဲ့ Xbox One အတွက်၂၀၁၃ ခုနှစ်မှာ စတင်ပြသခဲ့တာ ဖြစ်ပါတယ်။ Cyberpunk 2077 မှာတော့ ကီရာနူရိဗ်က ဂျော်နီဆယ်ဗားဟန်းဆိုတဲ့ ဇာတ်ကောင်အဖြစ် ပါဝင်မယ်လို့ E3 2019 ပွဲမှာ ကြေညာခဲ့ပါတယ်။

-စိုးထက်
Ref: CNET

»»» အင်တာနက်ဂျာနယ်ကနေ ရုပ်သံဖိုင်နဲ့တင်ဆက်တာကို နှစ်သက်သူတွေအတွက် Internet Journal ရဲ့ Youtube channel ဖြစ်တဲ့ ဒီနေရာကို နှိပ်ပြီး Subscription လုပ်ထားဖို့လိုမယ်နော် «««