Cyberpunk 2077 ဂိမ်းကို PlayStation Store ကနေ Sony ဖယ်ရှား

Sony ဟာ Cyberpunk 2077 ဂိမ်းမှာ အားနည်းချက်တွေနဲ့ ပတ်သက်ပြီး လူတွေက ဝေဖန်ခဲ့ပြီးနောက် PlayStation Store ကနေ ဂိမ်းကို ဖယ်လိုက်ပါတယ်။

Sony Interactive Entertainment ကတော့ ပြီးခဲ့တဲ့ကြာသပတေးက ဂိမ်းကို ဒီဂျစ်တယ်စတိုးကနေ ဖယ်ရှားလိုက်တဲ့အကြောင်း ကြေညာခဲ့ပါတယ်။

ကုမ္ပဏီအနေနဲ့ ဂိမ်းဝယ်ယူထားသူတွေကို ငွေပြန်အမ်းနိုင်ဖို့ အွန်လိုင်းဖောင်တစ်ခု လုပ်ခဲ့ပါတယ်။ Cyberpunk ဂိမ်းဖန်တီးတဲ့ CD Projekt Red ကတော့ ပြီးခဲ့တဲ့အပတ်က ဂိမ်းကို စတင်ဖြန့်ချိခဲ့ပြီးနောက်ပိုင်း အားနည်းချက်များတဲ့ ဂိမ်းအပေါ် ပရိသတ်တွေက ဝေဖန်ခဲ့ကြပါတယ်။

Sony Interactive Entertainment ကတော့ “ဈေးဝယ်သူတွေ စိတ်ကျေနပ်မှုရှိစေဖို့ အမြဲကြိုးစားနေပါတယ်။ PlayStation Store ကတစ်ဆင့် Cyberpunk 2077 ဂိမ်းဝယ်ယူထားသူ ဂိမ်မာအားလုံးဆီ ငွေပြန်အမ်းမှု စတင်မယ်” လို့ ဝက်ဘ်ဆိုက်ကနေ ကြေညာထားပါတယ်။

-စိုးထက်
Ref: News.com.au

»»» စိတ်ဝင်စားဖွယ်ရာအကြောင်းအရာ စုံစုံလင်လင်နဲ့တင်ဆက်ထားတဲ့ အင်တာနက်ဂျာနယ် အပတ်စဉ်တနင်္လာနေ့တိုင်းထွက်ရှိနေပါပြီ
အိမ်အရောက်ဖတ်ရှုဖို့ ရန်ကုန်ဆိုရင် ဖုန်း – 09443053320 မန္တလေးဆိုရင် ဖုန်း – 0943010747 ကိုသာဖုန်းလေးတစ်ချက်ဆက်လိုက်ပါ «««