Cyber Security ႏွင့့္ပတ္သက္၍ ဂ႐ုစိုက္မႈ နည္းေနေသး

[ Zawgyi ]

ျပည္တြင္းမွာ Cyber Security နဲ႔ ပတ္သတ္တဲ့  အေရးတစ္ယူ ဂ႐ုစိုက္မႈဟာ နည္းေနေသး ေၾကာင္း Kernellix Co.Ltd Myanmar က Founder & Managing Principal ျဖစ္သူ ဦးရဲသူရသက္ ကေျပာၾကားပါတယ္။

ဇူလိုင္ ၁၄ ရက္က ျပဳလုပ္တဲ့ Cyber Security & Data Privacy အခမ္းအနားမွာ Panelist အျဖစ္ေဆြးေႏြးရာမွာ ေျပာၾကားခဲ့တာ ျဖစ္ပါတယ္။ လက္ရွိမွာ အြန္လိုင္းအသံုးျပဳသူေတြအေနနဲ႔ မိမိတို႔ေဒတာ အခ်က္အလက္ေတြကို ကာကြယ္ထားေပမယ့္ အခ်က္အလက္ ဆံုးရံႈးမႈအတြက္ အေရးပါမႈကို ဂ႐ုစိုက္မႈနည္းေနေၾကာင္း ေျပာပါတယ္။ “လက္ရွိျပည္တြင္းမွာ Cyber Security နဲ႔ပတ္သက္ၿပီး ေျပာရရင္ေတာ့ သိပ္ၿပီးေဘာင္မဝင္ ေသးပါဘူး၊ ဥပမာ – E – Mail System ထဲကို သူခိုးဝင္သြားတယ္၊ E- Mail ေတြယူသြားတယ္၊ Password ေတြ ယူသြားတယ္၊ အဲ့လိုယူသြားေတာ့ေရာ ဘာျဖစ္လာလဲ၊ ဘာမွမျဖစ္လာဘူးေလ၊ အဲ့အတြက္ ထိေရာက္မႈေတြ မရွိေသးတဲ့အတြက္ အေရးတယူလုပ္မႈ နည္းေနတာပါ၊ ဒါေပမဲ့ ျပည္တြင္းမွာ Digital Economy System ေျပာင္းလဲလာရင္ေတာ့ Cyber Security က အေရးပါလာမွာပါ” လို႔ ဆက္ေျပာပါတယ္။

-ေအာင္သက္ကို

[ Unicode ]

ပြည်တွင်းမှာ Cyber Security နဲ့ ပတ်သတ်တဲ့ အရေးတစ်ယူ ဂရုစိုက်မှုဟာ နည်းနေသေး ကြောင်း Kernellix Co.Ltd Myanmar က Founder & Managing Principal ဖြစ်သူ ဦးရဲသူရသက် ကပြောကြားပါတယ်။

ဇူလိုင် ၁၄ ရက်က ပြုလုပ်တဲ့ Cyber Security & Data Privacy အခမ်းအနားမှာ Panelist အဖြစ်ဆွေးနွေးရာမှာ ပြောကြားခဲ့တာ ဖြစ်ပါတယ်။ လက်ရှိမှာ အွန်လိုင်းအသုံးပြုသူတွေအနေနဲ့ မိမိတို့ဒေတာ အချက်အလက်တွေကို ကာကွယ်ထားပေမယ့် အချက်အလက် ဆုံးရှုံးမှုအတွက် အရေးပါမှုကို ဂရုစိုက်မှုနည်းနေကြောင်း ပြောပါတယ်။ “လက်ရှိပြည်တွင်းမှာ Cyber Security နဲ့ပတ်သက်ပြီး ပြောရရင်တော့ သိပ်ပြီးဘောင်မဝင် သေးပါဘူး၊ ဥပမာ – E – Mail System ထဲကို သူခိုးဝင်သွားတယ်၊ E- Mail တွေယူသွားတယ်၊ Password တွေ ယူသွားတယ်၊ အဲ့လိုယူသွားတော့ရော ဘာဖြစ်လာလဲ၊ ဘာမှမဖြစ်လာဘူးလေ၊ အဲ့အတွက် ထိရောက်မှုတွေ မရှိသေးတဲ့အတွက် အရေးတယူလုပ်မှု နည်းနေတာပါ၊ ဒါပေမဲ့ ပြည်တွင်းမှာ Digital Economy System ပြောင်းလဲလာရင်တော့ Cyber Security က အရေးပါလာမှာပါ” လို့ ဆက်ပြောပါတယ်။

-အောင်သက်ကို