Cyber Security & Data Privacy ICT Talk ဆွေးနွေးပွဲပြုလုပ်မည်

[ Zawgyi ]


စတုထ္တအကြိမ်မြောက်ဖြစ်ပြီး မျက်မှောက်ခေတ်ကာလမှာအစိုးရ အဖွဲ့အစည်းတွေ၊ ဘဏ်၊ အစိုးရမဟုတ်တဲ့အဖွဲ့အစည်းတွေ၊ စီးပွားရေးလုပ်ငန်းတွေအပြင် လူတစ်ဦး တစ်ယောက်ရဲ့ အချက်အလက်တွေ လုံခြုံမှုနဲ့ မူပိုင်ခွင့်တွေကို လုံခြုံစွာနဲ့ တိုးတက်အောင်ဆောင်ရွက်နိုင်မယ့် နည်းလမ်းတွေကို ဝိုင်းဝန်းဆွေးနွေးဖို့အတွက် ရည်ရွယ်ကာ ကျင်းပပြုလုပ်ရခြင်းကြောင်း သိရပါတယ်။



-အောင်သက်ကို

[ Unicode ]

ဒေတာအချက်အလက်တွေကို ကာကွယ်နိုင်ဖို့နဲ့ လုံခြုံစွာအသုံးပြုနိုင်စေဖို့အတွက် Cyber Security & Data Privacy ICT Talk ဆွေးနွေးပွဲကို ဇူလိုင် ၁၄ ရက် နေ့လည် ၂ နာရီမှာ MICT Park မှာ ကျင်းပမယ်လို့သိရပါတယ်။

စတုထ္တအကြိမ်မြောက်ဖြစ်ပြီး မျက်မှောက်ခေတ်ကာလမှာအစိုးရ အဖွဲ့အစည်းတွေ၊ ဘဏ်၊ အစိုးရမဟုတ်တဲ့အဖွဲ့အစည်းတွေ၊ စီးပွားရေးလုပ်ငန်းတွေအပြင် လူတစ်ဦး တစ်ယောက်ရဲ့ အချက်အလက်တွေ လုံခြံုမှုနဲ့ မူပိုင်ခွင့်တွေကို လုံခြံုစွာနဲ့ တိုးတက်အောင်ဆောင်ရွက်နိုင်မယ့် နည်းလမ်းတွေကို ဝိုင်းဝန်းဆွေးနွေးဖို့အတွက် ရည်ရွယ်ကာ ကျင်းပပြုလုပ်ရခြင်းကြောင်း သိရပါတယ်။

“အိုင်စီတီနဲ့နည်းပညာတွေကို နိုင်ငံသားတိုင်းကို ဖြန့်ဝေပေးရခြင်းက တိုင်းပြည်ဖွံ့ဖြိုး တိုးတက် ဖို့အတွက် အဓိကအရေးကြီးတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေပါတယ်၊ အိုင်ဒီတီနည်းပညာတွေကို အသုံးပြုခြင်းအားဖြင့် တိုင်းပြည်ရဲ့လုပ်ငန်းဆောင်တာတွေ၊ ငွေရေးကြေးရေးကိစ္စတွေ၊ ဘဏ်ကိစ္စတွေနဲ့ ကုန်သွယ်မှုလုပ်ငန်းတွေကို မြန်မြန်ဆန်ဆန်နဲ့ မှန်မှန်ကန်ကန် လုပ်ဆောင်နိုင်စေဖို့အတွက် ပြုလုပ်ရခြင်း ဖြစ်ပါတယ်”လို့ ရန်ကုန်တိုင်းဒေသကြီး ကွန်ပျူတာလုပ်ငန်းရှင်အသင်းရဲ့ Government & Public Relations ကော်မတီ ဥက္ကဌဖြစ်သူ ဦးစိုးထွဋ် ပြောကြားခဲ့ခြင်းဖြစ်ပါတယ်။

အဲဒီဆွေးနွေးပွဲမှာ မြန်မာနိုင်ငံကွန်ပျူတာ အသင်းချုပ်နာယက ဦးသိန်းဦးက Keynote Speech ပြောကြားမှာဖြစ်ကာ Moderator အဖြစ် ဦးမိုက်ဘုန်းမြင့် (Director: Risk Assurance, PwC Myanmar), Panelist အဖြစ် ဦးရဲသူရသက် (Founder & Managing Principal), ဦးရဲနိုင်မိုး Director: Cyber Security Department, Ministry of Transport & Communications, ဦးဇော်လင်းထွဋ် (CEO, Myanmar Paymnet Unio), ဦးမင်းတေဇညွှန့်တင် CEO & Founder, Biz Law Co.,Ltd စတဲ့ ပညာရှင်တွေက ဆွေးနွေးမှာဖြစ် ကြောင်းသိရပါတယ်။

-အောင်သက်ကို