ဆိုက္ဘာလံုၿခံဳေရး ပူးေပါင္းေဆာင္ရြက္ရန္ လိုအပ္ေန

[ Zawgyi ]

အဖြဲ႔အစည္းေတြအေနနဲ႔ ဆိုက္ဘာလံုၿခံဳေရး (Cyber Security) မွာ ပူးေပါင္းေဆာင္ရြက္ဖို႔ လိုအပ္ေနေသးတယ္လို႔ သိရပါတယ္။

Cyber Security မွာ အမ်ားျပည္သူ အားထားယံုၾကည္ရတဲ့ ပတ္ဝန္းက်င္မရွိေသးေၾကာင္း Kernellix ရဲ႕ Principle Analyst ျဖစ္သူ ဦးရဲသူရသက္က သံုးသပ္ေျပာၾကားပါတယ္။ ဇူလိုင္ ၂၃ ရက္ကက်င္းပခဲ့တဲ့ ICT Professional Summit အခမ္းအနားရဲ႕ Cyber Security ဆိုင္ရာ Panel Discussion မွာ ေျပာၾကားခဲ့တာျဖစ္ပါတယ္။ “ကြ်န္ေတာ့္အျမင္ကေတာ့ ကြ်န္ေတာ္တို႔ဆီမွာ Cyber Security နဲ႔ပတ္သက္ၿပီး ဒီ Industry ကို Lead လုပ္ဖို႔ေခါင္းေဆာင္မရွိဘူး၊ အဲဒီျပသနာရွိတယ္၊ ပူးေပါင္းေဆာင္ ရြက္မႈမရွိဘူး၊ ကိုယ့္အလုပ္ကိုယ္ လုပ္ၾကတယ္၊ ကိုယ့္စီးပြားကိုယ္ရွာၾကတယ္၊ တစ္ခါ တစ္ေလက်ရင္ ပူးေပါင္းေဆာင္ရြက္မႈမလုပ္ႏိုင္ၾကဘူး၊ ေနာက္တစ္ခုကေတာ့ ပြင့္လင္းျမင္သာမႈ မရွိဘူး၊ ကိုယ့္မွာရွိတဲ့ အခက္အခဲ သူ႔မွာရွိတဲ့အခက္အခဲကို ေဝမွ်ဖို႔ ဆက္သြယ္မႈမရွိဘူး၊ ပလက္ေဖာင္း ေကာင္းေကာင္းမရွိဘူး၊ ယံုၾကည္လို႔ရတဲ့ ပတ္ဝန္းက်င္မရွိဘူး” လို႔ေျပာပါတယ္။

လက္ရွိမွာ အြန္လိုင္း အသံုးျပဳသူေတြအေနနဲ႔ မိမိတို႔ေဒတာ အခ်က္အလက္ေတြကို ကာကြယ္ထားေပမယ့္ အခ်က္အလက္ ဆံုးရံႈးမႈအတြက္ အေရးပါမႈကို ဂ႐ုစိုက္မႈနည္းေနေၾကာင္း ဇူလိုင္ ၁၄ ရက္က ျပဳလုပ္တဲ့ Cyber Security & Data Privacy အခမ္းအနားမွာလည္း ပညာရွင္ေတြက ေျပာၾကားခဲ့ပါတယ္။

-ထြန္းထြန္း

[ Unicode ]

အဖွဲ့အစည်းတွေအနေနဲ့ ဆိုက်ဘာလုံခြုံရေး (Cyber Security) မှာ ပူးပေါင်းဆောင်ရွက်ဖို့ လိုအပ်နေသေးတယ်လို့ သိရပါတယ်။

Cyber Security မှာ အများပြည်သူ အားထားယုံကြည်ရတဲ့ ပတ်ဝန်းကျင်မရှိသေးကြောင်း Kernellix ရဲ့ Principle Analyst ဖြစ်သူ ဦးရဲသူရသက်က သုံးသပ်ပြောကြားပါတယ်။ ဇူလိုင် ၂၃ ရက်ကကျင်းပခဲ့တဲ့ ICT Professional Summit အခမ်းအနားရဲ့ Cyber Security ဆိုင်ရာ Panel Discussion မှာ ပြောကြားခဲ့တာဖြစ်ပါတယ်။ “ကျွန်တော့်အမြင်ကတော့ ကျွန်တော်တို့ဆီမှာ Cyber Security နဲ့ပတ်သက်ပြီး ဒီ Industry ကို Lead လုပ်ဖို့ခေါင်းဆောင်မရှိဘူး၊ အဲဒီပြသနာရှိတယ်၊ ပူးပေါင်းဆောင် ရွက်မှုမရှိဘူး၊ ကိုယ့်အလုပ်ကိုယ် လုပ်ကြတယ်၊ ကိုယ့်စီးပွားကိုယ်ရှာကြတယ်၊ တစ်ခါ တစ်လေကျရင် ပူးပေါင်းဆောင်ရွက်မှုမလုပ်နိုင်ကြဘူး၊ နောက်တစ်ခုကတော့ ပွင့်လင်းမြင်သာမှု မရှိဘူး၊ ကိုယ့်မှာရှိတဲ့ အခက်အခဲ သူ့မှာရှိတဲ့အခက်အခဲကို ဝေမျှဖို့ ဆက်သွယ်မှုမရှိဘူး၊ ပလက်ဖောင်း ကောင်းကောင်းမရှိဘူး၊ ယုံကြည်လို့ရတဲ့ ပတ်ဝန်းကျင်မရှိဘူး” လို့ပြောပါတယ်။

လက်ရှိမှာ အွန်လိုင်း အသုံးပြုသူတွေအနေနဲ့ မိမိတို့ဒေတာ အချက်အလက်တွေကို ကာကွယ်ထားပေမယ့် အချက်အလက် ဆုံးရှုံးမှုအတွက် အရေးပါမှုကို ဂရုစိုက်မှုနည်းနေကြောင်း ဇူလိုင် ၁၄ ရက်က ပြုလုပ်တဲ့ Cyber Security & Data Privacy အခမ်းအနားမှာလည်း ပညာရှင်တွေက ပြောကြားခဲ့ပါတယ်။

-ထွန်းထွန်း