Cyber security နှင့်ပတ်သက်သည့်ဆွေးနွေးပွဲ ပြုလုပ်ခဲ့

US အခြေစိုက် FireEye Inc. နဲ့ Golden Myanmar Apex တို့ ပူးပေါင်း၍ Cyber Security ဆိုင်ရာ ဆွေးနွေးပွဲကို ဖေဖော်ဝါရီ ၁၈ ရက် (ယနေ့) နံနက်ပိုင်းက Melia ဟိုတယ်မှာ ကျင်းပခဲ့ပါတယ်။

အခမ်းအနားမှာ FireEye Inc. (Asia Pacific) ရဲ့ Chief Technology Officer Mr.Steve Ledzian မှ အဖွင့်အမှာစကားပြောကြားခဲ့ပြီးနောက် ယနေ့ခေတ် အဖွဲ့အစည်းတွေမှာ ရင်ဆိုင်ကြုံတွေ့နေရတဲ့ Cyber security Threat များ၊ ၂၀၂၀ ခုနှစ်အတွက် ပေါ်ပေါက်လာနိုင်တဲ့ Security ဆိုင်ရာ မှန်းဆချက်တွေနဲ့ Security Operations Centers (SOC) တွေရဲ့ လိုအပ်ချက်တွေကို ရှင်းလင်းပြောကြားခဲ့ပါတယ်။ ဒါ့အပြင် Cyber Security ဆိုင်ရာ နယ်ပယ်အရပ်ရပ်မှ ပညာရှင်တွေက စကားဝိုင်းဆွေးနွေးပွဲပြုလုပ်ခဲ့ပြီး Cyber Security နဲ့သက်ဆိုင်တဲ့ အမြင်အသီးသီးကို ဆွေးနွေးခဲ့ကြသလို အနာဂတ်ရဲ့ Cyber လုံခြုံရေးအတွက် အသင့်ပြင်ဆင်ထားရမယ့် လိုအပ်ချက်တွေကိုလည်း ဆွေးနွေးခဲ့ကြပါတယ်။

-အောင်သူ