CYBER RANGE 2019 ကျင်းပခဲ့

Myanmar Information Security Association (MISA) , Fortinet တို့ရဲ့ ဦးဆောင်မှုဖြင့် Pancific InTech နဲ့ VST ECS တို့ပူးပေါင်းကျင်းပတဲ့ CYBER RANGE 2019 ကို ယနေ့နံနက် ၉ နာရီမှ ၄နာရီ ၃၀ မိနစ်အထိ Pan Pacific ဟိုတယ်မှာ ကျင်း ပခဲ့ပါတယ်။

ပြိုင်ပွဲရည်ရွယ်ချက်မှာ မြန်မာ နိုင်ငံရှိ Cyber Security ကို စိတ် ပါဝင်စားတဲ့ လူငယ်လူရွယ်တွေ အတွက် နိုင်ငံတကာမှာ လက်ရှိ ဖြစ်ပေါ်ကြုံတွေ့နေရသော နောက်ဆုံးပေါ် Cyber Attacking Incident တွေအကြောင်းကိုလေ့ လာသိရှိရန်ဖြစ်တယ်လို့ သိရပါ တယ်။

ပြိုင်ပွဲတွင် အသင်းတစ်သင်း လျင် အဖွဲ့ဝင် ၂ ဦးစီဖြင့် အသင်း ၁၂ သင်း ပါဝင်ယှဉ်ပြိုင်ခဲ့ပါတယ်။ “ဒီပြိုင်ပွဲမှာ များသောအားဖြင့် က Telecom တွေပါတယ်။ ပြီးရင် banking sector တွေကပါတယ်။ mmCert လိုမျိုး National Security Team ကလိုမျိုးလူတွေ ပါတယ်။ အခုနောက်ပိုင်းဆို Microfinance တွေပါ ပါလာတယ်” လို့ Myanmar Information Security Ass-ociation (MISA) မှတာဝန်ရှိ သူ ကိုတေဇာမင်းနိုင်က ပြောပါ တယ်။

” Attack Factor တွေကို ဘယ်လို defensive လုပ်ရမလဲ ။ Technical Term အရ ပြော မယ်ဆိုရင်တော့ Blue Team ပေါ့။ Blue Team နဲ့ ပတ်သက်တဲ့အ တွေ့အကြုံတွေကို ကောင် းကောင်း ရသွားနိုင်တယ်။ Red Team ဆိုရင်တော့ ရိုးရိုးရှင်းရှင်း ပြောရရင် တိုက်ခိုက်တဲ့ အပိုင်း ပေါ့။ Blue Team ဆိုရင်ကာ ကွယ်တဲ့ အပိုင်းပေါ့။ အခုလုပ်တဲ့ CYBER RANGE ကျတော့ တိုက်ခိုက်တာကို ကာကွယ်တဲ့ အပိုင်းဖြစ်သွားတာပေါ့” လို့ ပြိုင့်ပွဲ နဲ့ပတ်သက်ပြီး ထပ်မံ ပြောကြားခဲ့ပါတယ်။