Cyber Kill Chain and how will it help for Cyber Defense? ခေါင်းစဉ်ဖြင့် ဟောပြောပွဲပြုလုပ်မည်

ရန်ကုန်တိုင်းဒေသကြီး ကွန်ပျူတာပညာရှင်အသင်းမှ ကြီးမှူးကျင်းပမယ့် Cyber Kill Chain and how will it help for Cyber Defense? ခေါင်းစဉ်နဲ့ ဟောပြောပွဲကို ဇန်နဝါရီ ၃၁ ရက်၊ နံနက် ၁၁ နာရီမှ ၁၂:၃၀ နာရီအထိ Zoom Webinar (Online Platform) ကို အသုံးပြုပြီး ကျင်းပသွားမယ်လို့ သိရပါတယ်။

ဟောပြောပွဲမှာ Cyber Security SIG Coordinator ဒေါက်တာမီမီစုသွင်နဲ့ ဦးနိုင်လင်းထက် (Kingston Voluntary Action Organization, Technical Support Engineer, Superhighways Project, UK) တို့က Zoom Webinar (Online Platform) ကို အသုံးပြုပြီး ဆွေးနွေးဟောပြောသွားမှာဖြစ်ပါတယ်။ စိတ်ပါဝင်စားသူ မည်သူမဆို အခမဲ့တက်ရောက်နိုင်ပြီး တက်ရောက်မယ့်သူတွေဟာ http://tiny.cc/SIG14 မှာ Register ပြုလုပ်ရမှာဖြစ်ပါတယ်။ Register ပြုလုပ်ပြီးတာနဲ့ Register ပြုလုပ်ထားတဲ့ email ကို Link ရောက်ရှိမှာဖြစ်ပြီး ပွဲနေ့မှာ Link ကနေတစ်ဆင့် တက်ရောက်နိုင်မှာ ဖြစ်ပါတယ်။

-အောင်သူ

»»» စိတ်ဝင်စားဖွယ်ရာအကြောင်းအရာ စုံစုံလင်လင်နဲ့တင်ဆက်ထားတဲ့ အင်တာနက်ဂျာနယ် အပတ်စဉ်တနင်္လာနေ့တိုင်းထွက်ရှိနေပါပြီ
အိမ်အရောက်ဖတ်ရှုဖို့ ရန်ကုန်ဆိုရင် ဖုန်း – 09443053320 မန္တလေးဆိုရင် ဖုန်း – 0943010747 ကိုသာဖုန်းလေးတစ်ချက်ဆက်လိုက်ပါ «««