CVT Myanmar မွ အမႈေဆာင္ အရာရွိခ်ဳပ္ေဒၚခင္ျမတ္စႏၵာႏွင့္ ေတြ႕ဆံုျခင္း

[ Zawgyi ]

CVT Myanmar က ဆြစ္ဇာလန္ႏိုင္ငံမွ သက္ဆိုင္ရာ စာေတြ႕၊ လက္ေတြ႕ အလုပ္သင္ သင္တန္းေက်ာင္းေတြနဲ႔ ဆြစ္ဇာလန္ႏိုင္ငံရဲ႕ နည္းပညာေတြနဲ႔ ခ်ိတ္ဆက္ကာ သင္႐ိုးညႊန္းတမ္းေတြ ကို ႏွစ္စဥ္ေခတ္နဲ႔အညီျမန္မာႏိုင္ငံ ရဲ႕ လိုအပ္ခ်က္အတိုင္း ျပင္ဆင္သင္ၾကားပို႔ခ်ေပးလ်က္ ရွိပါတယ္။ ဒီလို သင္ၾကားေပးတာေတြနဲ႔ ပတ္သက္ၿပီး အင္တာနက္ဂ်ာနယ္ စာဖတ္ပရိသတ္ေတြ အေသးစိတ္သိရွိႏိုင္ဖို႔အတြက္ CVT Myanmar မွ အမႈေဆာင္အရာရွိခ်ဳပ္ ေဒၚခင္ျမတ္စႏၵာနဲ႔ ေတြ႕ဆံု ေမးျမန္းခဲ့ပါတယ္။

Center for Vocational Training ေက်ာင္းအေနနဲ႔ လက္ရွိဖြင့္လွစ္ထားတဲ့ သင္တန္းေတြနဲ႔ ပတ္သက္ၿပီး ေျပာျပေပးပါ။

လူငယ္ေတြ အသက္ေမြးမႈပညာရပ္တစ္ခု တတ္ေျမာက္ထားဖို႔ အမွန္တကယ္ လိုအပ္လွၿပီး အလုပ္လုပ္ရင္း ကုန္က်စရိတ္မရွိတဲ့ သင္တန္းေတြ သင္ယူေလ့လာလို႔ရေအာင္ အတတ္ပညာ ၅ မ်ိဳးဖြင့္လွစ္ထားပါတယ္။ အဲဒါေတြကေတာ့စီးပြားေရး အေထာက္အကူျပဳသင္တန္း၊ လွ်ပ္စစ္ကၽြမ္းက်င္မႈ အတတ္ပညာသင္တန္း၊ ပရိေဘာဂျပဳလုပ္မႈ အတတ္ပညာသင္တန္း၊ ဟိုတယ္ႏွင့္ ဧည့္၀တ္ျပဳမႈဆိုင္ရာ အတတ္ပညာသင္တန္းတို႔အျပင္ သတၱဳပစၥည္းထုတ္လုပ္မႈ အတတ္ပညာသင္တန္းတို႔ပင္ ျဖစ္ပါတယ္။ စီးပြားေရးလုပ္ငန္းနယ္ပယ္ အသီးသီးရွိ လူငယ္ေတြ လူ႔စြမ္းအားအရင္းအျမစ္ ဖြံ႕ၿဖိဳးတိုးတက္ေစဖို႔နဲ႔ ကၽြမ္းက်င္၀န္ထမ္းေတြ ျဖစ္ေျမာက္ေစဖို႔ ရည္ရြယ္ဖြင့္လွစ္တဲ့ သင္တန္းျဖစ္ပါတယ္။

ဒီ CVT Myanmar ကို ရင္းႏွီး ျမႇဳပ္ႏွံထားတာ ဘယ္ကလဲဆိုတာ ေျပာျပေပးပါဦး။

CVT Myanmar ကို ပထမတုန္းက ဆြစ္လူမ်ိဳးတစ္ေယာက္တည္းက စခဲ့တာျဖစ္ၿပီး Industrial က တျဖည္းျဖည္း က်ယ္ျပန္႔လာတာနဲ႔အမွ် အစိုးရရဲ႕ အကူညီေပးမႈေတြေၾကာင့္ ေျမေနရာသုံးစြဲခြင့္ေတြ ရခဲ့ၿပီး အေဆာက္အဦးကက်ေတာ့ ဆြစ္အစိုးရရဲ႕ အကူညီနဲ႔ ေဆာက္လုပ္ခဲ့တာပါ။ ေျမေနရာလည္းရွိၿပီး ေက်ာင္းေဆာက္ၿပီးၿပီဆိုေတာ့ Operation ေတြ လုပ္ေဆာင္တဲ့ အခါမွာ ကုန္က်စရိတ္အရမ္းကုန္တယ္။ ႐ိုး႐ိုး Powerpoint နဲ႔ သီအိုရီပဲ သင္ၾကားတဲ့ ေက်ာင္းမဟုတ္တဲ့အတြက္ လက္ေတြ႕လုပ္ေဆာင္တဲ့ေနရာမွာ စက္ေတြ၊ စြမ္းအင္ေတြ အသုံးျပဳၿပီး လုပ္ေဆာင္ရတယ္။ အဲ့အတြက္ raw Material ေတြ အမ်ားႀကီး ကုန္တယ္။ ဒီ Operation အတြက္ ကုန္က်စရိတ္ကေတာ့ ဆြစ္ဇာလန္မွာရွိတဲ့ ဘုတ္အဖြဲ႕အစည္းကို ေထာက္ပံ့ေနတဲ့ Member ေတြ စုစုေပါင္း ၁၀၀ ေက်ာ္ေလာက္ရွိမယ္။ သူတို႔ေတြက ဒီ Operation ကုန္က်စရိတ္ကို ဖန္တီးေပးတာပါ။

ဒီပညာသင္ႏွစ္မွာ CVT Myanmar အေနနဲ႔ ဘာေတြ ျပဳျပင္ေျပာင္းလဲမႈေတြ ျပဳလုပ္ထားပါသလဲ။

ဒီပညာသင္ႏွစ္ ျပဳျပင္ေျပာင္းလဲမႈက နံပတ္ ၁ အေနနဲ႔ ေက်ာင္းေဆာက္တယ္။ ၾကက္ေျခနီမွာ အၿမဲတမ္းသင္ၾကားခဲ့ရာကေန ၾကက္ေျခနီမွာ Theories Classroom ပဲရွိတယ္။ Practical ကို Professional Association ေတြနဲ႔ တြဲဖက္ၿပီး နားလည္မႈယူၿပီးေတာ့ ေနရာေတြေပးထားတာရွိတယ္။ အခုေတာ့ အဲလိုျပန္႔က်ဲမေနေတာ့ဘဲ အခုလို တစုတစည္းတည္း ျဖစ္သြားတယ္။

ေနာက္တစ္ခုက Software ပိုင္း၊ အဲအပိုင္းမွာေတာ့ သင္ၾကားတဲ့အပိုင္းမွာ အရင္က အၿမဲ ၃ ႏွစ္ Program မွာ ဥပမာ လွ်ပ္စစ္သြယ္တန္းမႈ ပညာသင္တန္း အဲမွာပထမႏွစ္၊ ဒုတိယႏွစ္၊ တတိယႏွစ္ ဆိုၿပီးရွိတယ္။ ပထမႏွစ္မွာ ဘာသာရပ္ႀကီး ၅ မ်ိဳး ေလာက္ရွိတယ္။ ဒုတိယမွာ ၅ မ်ိဳး၊ တတိယႏွစ္မွာ ၅ မ်ိဳး အားလုံးေပါင္း ၁၅ မ်ိဳးေလာက္ရွိတယ္။ အဲဒါေတြအားလုံးၿပီးမွ Diploma ရမွာျဖစ္တယ္။ အဲဒါကေတာ့ Mainstream သြားေနတာ စာေတြ႕၊ လက္ေတြ႕ေပါင္းၿပီး ဖြင့္တဲ့သင္တန္းျဖစ္တယ္။ အဲအတြက္ေၾကာင့္ အျပင္ကကုမၸဏီနဲ႔ တြဲလုပ္ရတာေတြ ရွိတယ္။ တြဲလုပ္တဲ့ကုမၸဏီလည္း ၃၀၀ ေက်ာ္ ေလာက္ရွိတယ္။ အလုပ္မရွိတဲ့ ကေလးေတြအမ်ားႀကီးရွိတယ္။ အလုပ္မရွိဘူး မိဘေတြက သက္ေမြး၀မ္းေက်ာင္းအေနနဲ႔ တက္ေစခ်င္တယ္။ မိဘေတြကလည္း ေထာက္ပံ့ေပးမယ္။ ဒါမ်ိဳးကေလးေတြ ရည္ရြယ္ၿပီး Short Course သင္တန္းေတြ ဖြင့္လွစ္သြားဖို႔ ရွိတယ္။ ခုနကေျပာတဲ့ ဘာသာရပ္ႀကီး ၁၅ မ်ိဳးဆိုပါဆို႔၊ အဲဒီ ဘာသာရပ္ေတြကို ခြဲၿပီးေတာ့ Modular Course အေနနဲ႔ဖြင့္လွစ္ဖို႔ ဒီႏွစ္ကို ျပဳလုပ္ထားတယ္။ ခုနက ေျပာတဲ့ Main Stream ကေတာ့ Free သင္ၾကားေပးမွာ ျဖစ္ၿပီး Short Course ေတြကေတာ့ေပးႏိုင္တဲ့ သူေတြက တက္ၾကတာေပါ့။ အဲေတာ့ ေပးႏုိင္တဲ့ကေလးေတြက အခက္ခဲရွိတဲ့ ကေလးေတြကို မွ်သလိုျဖစ္သြားတာေပါ့။ အဲ Program လုပ္တဲ့အတြက္ ဘာေတြျပဳျပင္ ေျပာင္းလဲရလည္းဆိုရင္ Modular Course ေတြ ျပန္ခ်ိန္းရတယ္။ ကိုယ္လိုခ်င္တဲ့ ဘယ္ Level လဲ ဒီ Level နဲ႔ မူတည္ၿပီးေတာ့ ဒီဇိုင္းျပန္လုပ္ရတယ္။ CVT Myanmar ရဲ႕ အနာဂတ္ရည္မွန္းခ်က္က တစ္ခ်ိန္မွာ ဒီေက်ာင္းသည္ ျမန္မာႏုိင္ငံကပိုင္တဲ့ ျမန္မာလူမ်ိဳးေတြႀကီးပဲ လုပ္ေဆာင္ႏိုင္တဲ့ ေက်ာင္းတစ္ ခုျဖစ္ခ်င္တယ္။ အဲဒါမွ ေရရွည္မွာ တိုင္းျပည္မွာရပ္တည္ သြားလို႔ရမယ့္ တကယ္လိုအပ္တဲ့ လူငယ္ေတြအတြက္ အမ်ားႀကီး ေက်ာင္းကေန ေထာက္ပံ့ၿပီးေတာ့ သင္ၾကားပို႔ခ်ေနတဲ့ အစီအစဥ္ေတြ အမ်ားႀကီးလုပ္ႏုိင္လိမ့္မယ္။ ေရွ႕ႏွစ္ေတာ့ အြန္လုိင္းသင္ၾကား ေရးလုပ္ဖုိ႔ရွိတယ္။

သင္တန္းေတြကိုေရာ ဘယ္အခ်ိန္ေတြ ေလွ်ာက္လႊာလက္ခံၿပီး ေခၚလဲသိပါရေစ။

CVT ရွိသင္တန္းအသီးသီးကုိ ႏွစ္စဥ္ ေမလပထမပတ္မွာ စတင္ဖြင့္လွစ္တယ္။ သင္တန္းအသီး သီးအတြက္ ၀င္ခြင့္ ေလွ်ာက္လႊာ ေတြကုိ ႏွစ္စဥ္ ဒီဇင္ဘာလကေန မတ္လအတြင္း လာေရာက္ ထုတ္ယူေလွ်ာက္ထားႏိုင္တယ္။ စာေတြ႕နဲ႔ လက္ေတြ႕ တစ္ၿပိဳင္တည္း သင္ၾကားေပးမႈပံုစံအရ သင္တန္းသူ၊ သင္တန္းသားေတြ အေနနဲ႔လည္း မိမိေရြးခ်ယ္ရာလုပ္ငန္း ကုမၸဏီအသီးသီးမွာ စတင္အလုပ္လုပ္ကုိင္ေနသူမ်ား (ဒါမွမဟုတ္) လုပ္ငန္းခြင္မွာ အလုပ္သင္၀န္ထမ္းငယ္မ်ား အျဖစ္ ၀င္ေရာက္ၿပီး ျဖစ္ရမယ္။ စက္မႈဇုန္မ်ား၊ စက္႐ံုအလုပ္႐ံုသုိ႔ ေလ့လာေရး ခရီးထြက္ျခင္းနဲ႔ စာတမ္းမ်ား ျပဳစုေစၿခင္းေတြ လည္း လက္ေတြ႕ေလ့က်င့္မႈ အပုိင္းထဲ ပါ၀င္ပါတယ္။ လူငယ္ေတြအေနနဲ႔ မိမိလုပ္ငန္းခြင္မွာ ေန႔စဥ္ တာ၀န္ထမ္းေဆာင္ရင္း know-how မ်ားေလ့က်င့္ျခင္း၊ CVT မွာ တစ္ပတ္ကို တစ္ရက္ႏႈန္းနဲ႔ အသက္ေမြး၀မ္းေက်ာင္းဆုိင္ရာ စာေတြ႕ဘာသာရပ္မ်ားကုိ သင္ယူျခင္း၊ တစ္ႏွစ္ကို အနည္းဆံုး ႏွစ္ပတ္ႏႈန္းနဲ႔ စာေတြ႕ဆက္စပ္မႈရွိေသာ လက္ေတြ႕ပညာရပ္မ်ား (Practical Training Courses – PTC) ကုိ CVT က ကၽြမ္းက်င္တဲ့ဆရာ၊ ဆရာမေတြရဲ႕ နည္းလမ္းမွန္မွန္ စနစ္က်စြာ သင္ႀကားေပးျခင္း စသည့္ မ႑ိဳင္ သံုးခု (3 Pillars) ျဖစ္တဲ့ CVT, Apprentices, Enterprise နဲ႔ သင္တန္းေတြ ပုိ႔ခ်ေပးေနပါတယ္။ သင္တန္း သားေတြအေနနဲ႔လည္း သင္တန္းစရိတ္ ေပးေဆာင္ရန္ မလုိအပ္ဘဲ ပညာရပ္မ်ားကုိ ဆည္းပူးႏုိင္ပါတယ္။

သင္႐ိုးညႊန္းတမ္းေတြကို ဘယ္က အေထာက္အကူျပဳၿပီး သင္ၾကားပါသလဲ။

သင္႐ိုးကေတာ့လည္း ဆြစ္္ဇာလန္ကပဲ။ Electrical နဲ႔ ပတ္သက္ၿပီး သင္႐ိုးကို VKSE ဆိုတာ သူက Electronic Electrical နဲ႔ပတ္သက္တဲ့ ကုမၸဏီ ေပါင္းမ်ားစြာရဲ႕ Association ရွိတယ္။ ဆြစ္ဇာလန္ကလာၿပီး သင္တန္းေပးေနတာ ရွိတယ္။ ဒီကဆရာေတြကို ဒီမွာရွိတဲ့ local အတိုင္းသင္ၾကားတယ္။

သက္ေမြးဘာသာရပ္က ဖြံ႔ၿဖိဳးတိုးတက္လာတဲ့အေပၚ ဆရာမအေနနဲ႔ ထင္ျမင္ခ်က္ေလးေပးပါအုံး။

အရင္တုန္းကကေလးေတြကို ၁၀ တန္းေအာင္မွ ထမင္းစား လက္မွတ္ရမယ္ဆိုတာ အေဖ၊ အေမေတြက ေျပာၾကတယ္။ ဒီေခတ္မွာေတာ့ အသက္ေမြး၀မ္း ေက်ာင္းပညာရပ္ကိုတက္မွ ထမင္းစားလက္မွတ္ရမယ္ဆိုတာ လုံး၀ယုံၾကည္တယ္။ ႏိုင္ငံေတာ္ကလည္း ပံ့ပိုးေနတယ္ တြန္းအားေတြေပးေနတဲ့အတြက္ေၾကာင့္မလို႔ အားျဖစ္တယ္။ ကိုယ့္ႏိုင္ငံမွာ ကေလးေတြက အၿမဲတမ္း မိဘေတြ ထိန္းခ်ဳပ္မႈလက္ေအာက္မွာ ႀကီးလာက်တာမ်ားတယ္။ ပညာေရးလက္ေအာက္မွာ မိဘေတြကိုယ္တိုင္ နားလည္ေပးဖို႔ လိုအပ္တယ္။ ကိုယ့္သား/သမီးက အသက္ေမြး၀မ္းေက်ာင္းကို စိတ္၀င္စားတာလား၊ Academic လိုင္းကို စိတ္၀င္စားတာလား မူတည္ၿပီး ေရြးခ်ယ္ေပး ဖို႔လိုအပ္တယ္။ ဒီ ၂ ခုဟာ Professional Education နဲ႔
Academic Education ဘယ္ဟာမွ မနိမ့္ပါဘူး။

CVT Myanmar အေနနဲ႔လက္ရွိေက်ာင္းသားဦးေရဘယ္ေလာက္ရွိပါသလဲ။

ဘာသာရပ္ ၅ မ်ိဳးကို တစ္ႏွစ္ကို ဘာသာရပ္တစ္မ်ိဳး ၁ ခန္း လူဦးေရ ၂၅ ေယာက္လက္ခံတယ္။

တစ္ႏွစ္တစ္ႏွစ္ကို လူ ၁၅၀၊ ၂၀၀ ၾကားကိုေခၚျဖစ္တယ္။ အစိုးရပိုင္းဆိုင္ရာကေရာ ဘယ္လိုပံ့ပိုးမႈေတြရွိလဲ။

၀န္ႀကီးဌာန ၂ ခုနဲ႔ MOU ထိုိးထားပါတယ္။ တစ္ခုက အလုပ္သမား၀န္ႀကီးဌာန အဲေတာ့ ေက်ာင္းအတြက္ ေျမေနရာေပးတယ္။ အလုပ္သမား၀န္ ႀကီးဌာနက အသိအမွတ္ျပဳတဲ့ Vocational Training အေနနဲ႔ အသိအမွတ္ ျပဳထားတာရွိပါတယ္။ ေနာက္တစ္ခုက Education နဲ႔ MOU ထိုးတယ္။ ပညာေရး၀န္ႀကီးက ေျမေနရာ တစ္ခုေပးတယ္။ အဲမွာ VE4M နဲ႔ ဟိုတယ္သင္တန္း အတြက္ အသုံးျပဳခြင့္ ေပးထားတယ္။ ဒါက အစုိးရကပံ့ပိုးမႈေတြပါ။

အလုပ္အကိုင္နဲ႔ ပညာေရး ဆက္စပ္မႈ အတုိင္းအတာဘယ္ ေလာက္ေလာက္ရွိပါသလဲ။

ကိုယ့္ႏုိင္ငံအေနထားနဲ႔ Education To Employment တိုက္႐ိုက္အခ်ိဳးက်ဖို႔ မလြယ္ေသးဘူး။ Vocational Education သည္ တိုက္႐ိုက္အခ်ိဳးက်တယ္။ ဘာေၾကာင့္လဲဆိုေတာ့ သူသည္ ဒီဇိုင္နာျဖစ္ခ်င္တယ္ဆိုတာသ႔ူရဲ႕ ရည္ရြယ္ခ်က္ သူသည္ ဒီဇိုင္းသင္တန္းတက္တယ္။ အဲဒါ တကယ့္ Education To Employment၊ Academic က်ေတာ့ ပညာရပ္ဆိုင္ရာမွာနက္ နက္နဲနဲနဲ႔ကို သြားေနတာ ကိုယ့္ႏုိင္ငံအေနအထားနဲ႔က်ေတာ့ အဲ Level ကို အေ၀းႀကီး လိုေသးတယ္။ တကယ္ကို ကၽြမ္းက်င္တဲ့ ၀န္ထမ္းေတြ Expand ေတြ လိုအပ္တယ္။ ဒါေတြကို အရင္ျဖည့္ဆည္း ရမယ္။ ဒါေတြကို ျဖည့္ဆည္းမွသာလွ်င္ ပညာေရးနဲ႔ အလုပ္အကိုင္ ဆက္စပ္မႈက ပိုၿပီးအဓိပၸာယ္ရွိမယ္။

-ေဝေဝ

[ Unicode ]

CVT Myanmar က ဆွစ်ဇာလန်နိုင်ငံမှ သက်ဆိုင်ရာ စာတွေ့၊ လက်တွေ့ အလုပ်သင် သင်တန်းကျောင်းတွေနဲ့ ဆွစ်ဇာလန်နိုင်ငံရဲ့ နည်းပညာတွေနဲ့ ချိတ်ဆက်ကာ သင်ရိုးညွှန်းတမ်းတွေ ကို နှစ်စဉ်ခေတ်နဲ့အညီမြန်မာနိုင်ငံ ရဲ့ လိုအပ်ချက်အတိုင်း ပြင်ဆင် သင်ကြားပို့ချပေးလျက်ရှိ ပါ တယ်။ ဒီလို သင်ကြားပေးတာတွေ နဲ့ ပတ်သက်ပြီး အင်တာနက်ဂျာနယ် စာဖတ်ပရိသတ်တွေ အသေးစိတ်သိရှိနိုင်ဖို့အတွက် CVT Myanmar မှ အမှုဆောင်အရာရှိချုပ် ဒေါ်ခင်မြတ်စန္ဒာနဲ့ တွေ့ဆုံ မေးမြန်းခဲ့ပါတယ်။

Center for Vocational Training ကျောင်းအနေနဲ့ လက်ရှိဖွင့်လှစ်ထားတဲ့ သင်တန်းတွေနဲ့ ပတ်သက်ပြီး ပြောပြပေးပါ။

လူငယ်တွေ အသက်မွေးမှုပညာရပ်တစ်ခု တတ်မြောက်ထားဖို့ အမှန်တကယ် လိုအပ်လှပြီး အလုပ်လုပ်ရင်း ကုန်ကျစရိတ်မရှိတဲ့ သင်တန်းတွေ သင်ယူလေ့လာလို့ရအောင် အတတ်ပညာ ၅ မျိုးဖွင့်လှစ်ထားပါတယ်။ အဲဒါတွေကတော့စီးပွားရေး အထောက်အကူပြုသင်တန်း၊ လျှပ်စစ်ကျွမ်းကျင်မှု အတတ်ပညာသင်တန်း၊ ပရိဘောဂပြုလုပ်မှု အတတ်ပညာသင်တန်း၊ ဟိုတယ်နှင့် ဧည့်ဝတ်ပြုမှုဆိုင်ရာ အတတ်ပညာသင်တန်းတို့အပြင် သတ္တုပစ္စည်းထုတ်လုပ်မှု အတတ်ပညာသင်တန်းတို့ပင် ဖြစ်ပါတယ်။ စီးပွားရေးလုပ်ငန်းနယ်ပယ် အသီးသီးရှိ လူငယ်တွေ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေဖို့နဲ့ ကျွမ်းကျင်ဝန်ထမ်းတွေ ဖြစ်မြောက်စေဖို့ ရည်ရွယ်ဖွင့်လှစ်တဲ့ သင်တန်းဖြစ်ပါတယ်။

ဒီ CVT Myanmar ကို ရင်းနှီး မြှုပ်နှံထားတာ ဘယ်ကလဲဆိုတာ ပြောပြပေးပါဦး။

CVT Myanmar ကို ပထမတုန်းက ဆွစ်လူမျိုးတစ်ယောက်တည်းက စခဲ့တာဖြစ်ပြီး Industrial က တဖြည်းဖြည်း ကျယ်ပြန့်လာတာနဲ့အမျှ အစိုးရရဲ့ အကူညီပေးမှုတွေကြောင့် မြေနေရာသုံးစွဲခွင့်တွေ ရခဲ့ပြီး အဆောက်အဦးကကျတော့ ဆွစ်အစိုးရရဲ့ အကူညီနဲ့ ဆောက်လုပ်ခဲ့တာပါ။ မြေနေရာလည်းရှိပြီး ကျောင်းဆောက်ပြီးပြီဆိုတော့ Operation တွေ လုပ်ဆောင်တဲ့ အခါမှာ ကုန်ကျစရိတ်အရမ်းကုန်တယ်။ ရိုးရိုး Powerpoint နဲ့ သီအိုရီပဲ သင်ကြားတဲ့ ကျောင်းမဟုတ်တဲ့အတွက် လက်တွေ့လုပ် ဆောင်တဲ့နေရာမှာ စက်တွေ၊ စွမ်းအင်တွေ အသုံးပြုပြီး လုပ်ဆောင်ရတယ်။ အဲ့အတွက် raw Material တွေ အများကြီး ကုန်တယ်။ ဒီ Operation အတွက် ကုန်ကျစရိတ်ကတော့ ဆွစ်ဇာလန်မှာရှိတဲ့ ဘုတ်အဖွဲ့အစည်းကို ထောက်ပံ့နေတဲ့ Member တွေ စုစုပေါင်း ၁၀၀ ကျော်လောက်ရှိမယ်။ သူတို့တွေက ဒီ Operation ကုန်ကျစရိတ်ကို ဖန်တီးပေးတာပါ။

ဒီပညာသင်နှစ်မှာ CVT Myanmar အနေနဲ့ ဘာတွေ ပြုပြင်ပြောင်းလဲမှုတွေ ပြုလုပ်ထားပါသလဲ။

ဒီပညာသင်နှစ် ပြုပြင်ပြောင်းလဲမှုက နံပတ် ၁ အနေနဲ့ ကျောင်းဆောက်တယ်။ ကြက်ခြေနီမှာ အမြဲတမ်းသင်ကြားခဲ့ရာကနေ ကြက်ခြေနီမှာ Theories Classroom ပဲရှိတယ်။ Practical ကို Professional Association တွေနဲ့ တွဲဖက်ပြီး နားလည်မှုယူပြီးတော့ နေရာတွေပေးထားတာရှိတယ်။ အခုတော့ အဲလိုပြန့်ကျဲမနေတော့ဘဲ အခုလို တစုတစည်းတည်း ဖြစ်သွားတယ်။

နောက်တစ်ခုက Software ပိုင်း၊ အဲအပိုင်းမှာတော့ သင်ကြားတဲ့အပိုင်းမှာ အရင်က အမြဲ ၃ နှစ် Program မှာ ဥပမာ လျှပ်စစ်သွယ်တန်းမှု ပညာသင်တန်း အဲမှာပထမနှစ်၊ ဒုတိယနှစ်၊ တတိယနှစ် ဆိုပြီးရှိတယ်။ ပထမနှစ်မှာ ဘာသာရပ်ကြီး ၅ မျိုး လောက်ရှိတယ်။ ဒုတိယမှာ ၅ မျိုး၊ တတိယနှစ်မှာ ၅ မျိုး အားလုံးပေါင်း ၁၅ မျိုးလောက်ရှိတယ်။ အဲဒါတွေအားလုံးပြီးမှ Diploma ရမှာဖြစ်တယ်။ အဲဒါကတော့ Mainstream သွားနေတာ စာတွေ့၊ လက်တွေ့ပေါင်းပြီး ဖွင့်တဲ့သင်တန်းဖြစ်တယ်။ အဲအတွက်ကြောင့် အပြင်ကကုမ္ပဏီနဲ့ တွဲလုပ်ရတာတွေ ရှိတယ်။ တွဲလုပ်တဲ့ကုမ္ပဏီလည်း ၃၀၀ ကျော် လောက်ရှိတယ်။ အလုပ်မရှိတဲ့ ကလေးတွေအများကြီးရှိတယ်။ အလုပ်မရှိဘူး မိဘတွေက သက်မွေးဝမ်းကျောင်းအနေနဲ့ တက်စေချင်တယ်။ မိဘတွေကလည်း ထောက်ပံ့ပေးမယ်။ ဒါမျိုးကလေးတွေ ရည်ရွယ်ပြီး Short Course သင်တန်းတွေ ဖွင့်လှစ်သွားဖို့ ရှိတယ်။ ခုနကပြောတဲ့ ဘာသာရပ်ကြီး ၁၅ မျိုးဆိုပါဆို့၊ အဲဒီ ဘာသာရပ်တွေကို ခွဲပြီးတော့ Modular Course အနေနဲ့ဖွင့်လှစ်ဖို့ ဒီနှစ်ကို ပြုလုပ်ထားတယ်။ ခုနက ပြောတဲ့ Main Stream ကတော့ Free သင်ကြားပေးမှာ ဖြစ်ပြီး Short Course တွေကတော့ပေးနိုင်တဲ့ သူတွေက တက်ကြတာပေါ့။ အဲတော့ ပေးနိုင်တဲ့ကလေးတွေက အခက်ခဲရှိတဲ့ ကလေးတွေကို မျှသလိုဖြစ်သွားတာပေါ့။ အဲ Program လုပ်တဲ့အတွက် ဘာတွေပြုပြင် ပြောင်းလဲရလည်းဆိုရင် Modular Course တွေ ပြန်ချိန်းရတယ်။ ကိုယ်လိုချင်တဲ့ ဘယ် Level လဲ ဒီ Level နဲ့ မူတည်ပြီးတော့ ဒီဇိုင်းပြန်လုပ်ရတယ်။ CVT Myanmar ရဲ့ အနာဂတ်ရည်မှန်းချက်က တစ်ချိန်မှာ ဒီကျောင်းသည် မြန်မာနိုင်ငံကပိုင်တဲ့ မြန်မာလူမျိုးတွေကြီးပဲ လုပ်ဆောင်နိုင်တဲ့ ကျောင်းတစ် ခုဖြစ်ချင်တယ်။ အဲဒါမှ ရေရှည်မှာ တိုင်းပြည်မှာရပ်တည် သွားလို့ရမယ့် တကယ်လိုအပ်တဲ့ လူငယ်တွေအတွက် အများကြီး ကျောင်းကနေ ထောက်ပံ့ပြီးတော့ သင်ကြားပို့ချနေတဲ့ အစီအစဉ်တွေ အများကြီးလုပ်နိုင်လိမ့်မယ်။ ရှေ့နှစ်တော့ အွန်လိုင်းသင်ကြား ရေးလုပ်ဖို့ရှိတယ်။

သင်တန်းတွေကိုရော ဘယ်အချိန်တွေ လျှောက်လွှာလက် ခံပြီး ခေါ်လဲသိပါရစေ။

CVT ရှိသင်တန်းအသီးသီးကို နှစ်စဉ် မေလပထမပတ်မှာ စတင်ဖွင့်လှစ်တယ်။ သင်တန်းအသီး သီးအတွက် ၀င်ခွင့် လျှောက်လွှာ တွေကို နှစ်စဉ် ဒီဇင်ဘာလကနေ မတ်လအတွင်း လာရောက် ထုတ်ယူလျှောက်ထားနိုင်တယ်။ စာတွေ့နဲ့ လက်တွေ့ တစ်ပြိုင်တည်း သင်ကြားပေးမှုပုံစံအရ သင်တန်းသူ၊ သင်တန်းသားတွေ အနေနဲ့လည်း မိမိရွေးချယ်ရာလုပ်ငန်း ကုမ္ပဏီအသီးသီးမှာ စတင်အလုပ်လုပ်ကိုင်နေသူများ (ဒါမှမဟုတ်) လုပ်ငန်းခွင်မှာ အလုပ်သင်ဝန်ထမ်းငယ်များ အဖြစ် ၀င်ရောက်ပြီး ဖြစ်ရမယ်။ စက်မှုဇုန်များ၊ စက်ရုံအလုပ်ရုံသို့ လေ့လာရေး ခရီးထွက်ခြင်းနဲ့ စာတမ်းများ ပြုစုစေခြင်းတွေ လည်း လက်တွေ့လေ့ကျင့်မှု အပိုင်းထဲ ပါ၀င်ပါတယ်။ လူငယ်တွေအနေနဲ့ မိမိလုပ်ငန်းခွင်မှာ နေ့စဉ် တာဝန်ထမ်းဆောင်ရင်း know-how များလေ့ကျင့်ခြင်း၊ CVT မှာ တစ်ပတ်ကို တစ်ရက်နှုန်းနဲ့ အသက်မွေးဝမ်းကျောင်းဆိုင်ရာ စာတွေ့ဘာသာရပ်များကို သင်ယူခြင်း၊ တစ်နှစ်ကို အနည်းဆုံး နှစ်ပတ်နှုန်းနဲ့ စာတွေ့ဆက်စပ်မှုရှိသော လက်တွေ့ပညာရပ်များ (Practical Training Courses – PTC) ကို CVT က ကျွမ်းကျင်တဲ့ဆရာ၊ ဆရာမတွေရဲ့ နည်းလမ်းမှန်မှန် စနစ်ကျစွာ သင်ကြားပေးခြင်း စသည့် မဏ္ဍိုင် သုံးခု (3 Pillars) ဖြစ်တဲ့ CVT, Apprentices, Enterprise နဲ့ သင်တန်းတွေ ပို့ချပေးနေပါတယ်။ သင်တန်း သားတွေအနေနဲ့လည်း သင်တန်းစရိတ် ပေးဆောင်ရန် မလိုအပ်ဘဲ ပညာရပ်များကို ဆည်းပူးနိုင်ပါတယ်။

သင်ရိုးညွှန်းတမ်းတွေကို ဘယ်က အထောက်အကူပြုပြီး သင်ကြားပါသလဲ။

သင်ရိုးကတော့လည်း ဆွစ််ဇာလန်ကပဲ။ Electrical နဲ့ ပတ်သက်ပြီး သင်ရိုးကို VKSE ဆိုတာ သူက Electronic Electrical နဲ့ပတ်သက်တဲ့ ကုမ္ပဏီ ပေါင်းများစွာရဲ့ Association ရှိတယ်။ ဆွစ်ဇာလန်ကလာပြီး သင်တန်းပေးနေတာ ရှိတယ်။ ဒီကဆရာတွေကို ဒီမှာရှိတဲ့ local အတိုင်းသင်ကြားတယ်။

သက်မွေးဘာသာရပ်က ဖွံ့ဖြိုးတိုးတက်လာတဲ့အပေါ် ဆရာမအနေနဲ့ ထင်မြင်ချက်လေးပေးပါအုံး။

အရင်တုန်းကကလေးတွေကို ၁၀ တန်းအောင်မှ ထမင်းစား လက်မှတ်ရမယ်ဆိုတာ အဖေ၊ အမေတွေက ပြောကြတယ်။ ဒီခေတ်မှာတော့ အသက်မွေးဝမ်း ကျောင်းပညာရပ်ကိုတက်မှ ထမင်းစားလက်မှတ်ရမယ်ဆိုတာ လုံးဝယုံကြည်တယ်။ နိုင်ငံတော်ကလည်း ပံ့ပိုးနေတယ် တွန်းအားတွေပေးနေတဲ့အတွက်ကြောင့်မလို့ အားဖြစ်တယ်။ ကိုယ့်နိုင်ငံမှာ ကလေးတွေက အမြဲတမ်း မိဘတွေ ထိန်းချုပ်မှုလက်အောက်မှာ ကြီးလာကျတာများတယ်။ ပညာရေးလက်အောက်မှာ မိဘတွေကိုယ်တိုင် နားလည်ပေးဖို့ လိုအပ်တယ်။ ကိုယ့်သား/သမီးက အသက်မွေးဝမ်းကျောင်းကို စိတ်ဝင်စားတာလား၊ Academic လိုင်းကို စိတ်ဝင်စားတာလား မူတည်ပြီး ရွေးချယ်ပေး ဖို့လိုအပ်တယ်။ ဒီ ၂ ခုဟာ Professional Education နဲ့ Academic Education ဘယ်ဟာမှ မနိမ့်ပါဘူး။

CVT Myanmar အနေနဲ့လက်ရှိကျောင်းသားဦးရေဘယ်လောက်ရှိပါသလဲ။

ဘာသာရပ် ၅ မျိုးကို တစ်နှစ်ကို ဘာသာရပ်တစ်မျိုး ၁ ခန်း လူဦးရေ ၂၅ ယောက်လက်ခံတယ်။

တစ်နှစ်တစ်နှစ်ကို လူ ၁၅၀၊ ၂၀၀ ကြားကိုခေါ်ဖြစ်တယ်။ အစိုးရပိုင်းဆိုင်ရာကရော ဘယ်လိုပံ့ပိုးမှုတွေ ရှိလဲ။

၀န်ကြီးဌာန ၂ ခုနဲ့ MOU ထိိုးထားပါတယ်။ တစ်ခုက အလုပ်သမားဝန်ကြီးဌာန အဲတော့ ကျောင်းအတွက် မြေနေရာပေးတယ်။ အလုပ်သမားဝန် ကြီးဌာနက အသိအမှတ်ပြုတဲ့ Vocational Training အနေနဲ့ အသိအမှတ် ပြုထားတာရှိပါတယ်။ နောက်တစ်ခုက Education နဲ့ MOU ထိုးတယ်။ ပညာရေးဝန်ကြီးက မြေနေရာ တစ်ခုပေးတယ်။ အဲမှာ VE4M နဲ့ ဟိုတယ်သင်တန်း အတွက် အသုံးပြုခွင့် ပေးထားတယ်။ ဒါက အစိုးရကပံ့ပိုးမှုတွေပါ။

အလုပ်အကိုင်နဲ့ ပညာရေး ဆက်စပ်မှု အတိုင်းအတာဘယ် လောက်လောက်ရှိပါသလဲ။

ကိုယ့်နိုင်ငံအနေထားနဲ့ Education To Employment တိုက်ရိုက်အချိုးကျဖို့ မလွယ်သေးဘူး။ Vocational Education သည် တိုက်ရိုက်အချိုးကျတယ်။ ဘာကြောင့်လဲဆိုတော့ သူသည် ဒီဇိုင်နာဖြစ်ချင်တယ်ဆိုတာသူ့ရဲ့ ရည်ရွယ်ချက် သူသည် ဒီဇိုင်းသင်တန်းတက်တယ်။ အဲဒါ တကယ့် Education To Employment၊ Academic ကျတော့ ပညာရပ်ဆိုင်ရာမှာနက် နက်နဲနဲနဲ့ကို သွားနေတာ ကိုယ့်နိုင်ငံအနေအထားနဲ့ကျတော့ အဲ Level ကို အဝေးကြီး လိုသေးတယ်။ တကယ်ကို ကျွမ်းကျင်တဲ့ ၀န်ထမ်းတွေ Expand တွေ လိုအပ်တယ်။ ဒါတွေကို အရင်ဖြည့်ဆည်း ရမယ်။ ဒါတွေကို ဖြည့်ဆည်းမှသာလျှင် ပညာရေးနဲ့ အလုပ်အကိုင် ဆက်စပ်မှုက ပိုပြီးအဓိပ္ပာယ်ရှိမယ်။