Samsung ဖုန်းဗားရှင်း အမြင့်များအတွက် ဖောင့်များကို အလွယ်တကူ ဖန်တီးပြုလုပ်နိုင်မယ့် App ဖြစ်ပါတယ်။ TTF ဖောင့်ဖိုင်ကို Samsung (5.11, 6.0, 7.0) ဖုန်းတွေမှာ အသုံးပြုနိုင်တဲ့ zFont apk ဖိုင်အဖြစ် ပြောင်းနိုင်မှာ ဖြစ်ပါတယ်။ ဖုန်းထဲက TTF ဖောင့် ဖိုင်တွေကိုလည်း List ထုတ်ပြပေးနိုင်ပြီး ရရှိလာတဲ့ zFont apk ကို ပြန်လည်မျှဝေနိုင်မှာလည်း ဖြစ်ပါတယ်။ App ကို Android version 4.4 နဲ့အထက်မှာ သုံးနိုင်ပြီး Download လုပ်ချင်တယ်ဆိုရင်တော့ ဒီနေရာမှာ Download ပြုလုပ်နိုင်ပါတယ်။
-ရဲထွဋ်ဝင်း