ေဒၚလာ ၃၁ သန္းတန္ ေတာင္ကိုရီးယား cryptocurrency မ်ား ခိုးယူခံရ

[ Zawgyi ]

အေမရိကန္ေဒၚလာ ၃၁ သန္း တန္ေၾကးရိွတဲ့ virtual ေငြေၾကးစနစ္ေတြဟာ ဟက္ကာေတြရဲ႕ခိုးယူမႈကို ခံခဲ့ရတယ္လို႔ ေတာင္ကိုရီးယား cryptocurrency အိတ္ခ်ိန္းလုပ္ငန္းႀကီးတစ္ခုက ဇြန္လ ၂၀ ရက္ (ဗုဒၶဟူးေန႔) က ေျပာၾကားလိုက္ပါတယ္။

ေတာင္ကိုရီးယားရဲ႕ ဒုတိယအႀကီးဆံုး အိတ္ခ်ိန္းျဖစ္တဲ့ Bithumb ဟာ ဇြန္လ ၁၉ ရက္ (အဂၤါေန႔ည) က ဆိုက္ဘာတိုက္ခိုက္မႈေတြနဲ႔ ရင္ဆိုင္ခဲ့ရၿပီးတဲ့ေနာက္ ကိုရီးယားဝမ္ ၃၅ ဘီလ်ံတန္ေၾကးရိွတဲ့ cryptocurrency ေတြကို ဆံုး႐ံႈးခဲ့ရတာ ျဖစ္ပါတယ္။

ဟက္ခံရၿပီးတဲ့ေနာက္ cryptocurrency ေတြကေန ကိုရီးယားဝမ္ ေရာင္းဝယ္လဲလွယ္မႈေတြကို ရပ္ဆိုင္းထားတယ္လို႔ Bithumb က ဆိုပါတယ္။

ဘယ္လို coin အမ်ိဳးစားေတြ ဆံုး႐ံႈးခဲ့ရတယ္ဆိုတာကိုေတာ့ Bithumb က မေျပာၾကားခဲ့ပါဘူး။ ဒါေပမဲ့ ဆံုး႐ံႈးမႈေတြအတြက္ ေလ်ာ္ေၾကးေပးသြားမယ္လို႔ ကုမၸဏီက ကတိျပဳထားပါတယ္။

Cryptocurrency အိတ္ခ်ိန္းေတြအေပၚ ဆိုက္ဘာတိုက္ခိုက္မႈေတြ ဆက္တိုက္ျပဳလုပ္လာတာဟာ ရင္းႏွီးျမွဳပ္ႏွံသူေတြအတြက္ လံုၿခံဳေရးအႏၲရာယ္ စိုးရိမ္ပူပန္မႈေတြကို ပိုမိုျမင့္တက္လာေစပါတယ္။ ဒီလအေစာပိုင္းကလည္း Coinrail လို႔ေခၚတဲ့ ေတာင္ကိုရီးယားက အိတ္ခ်ိန္းငယ္တစ္ခု ဟက္ခံခဲ့ရၿပီး ေဒၚလာ ၃၇ သန္း တန္ေၾကးရိွတဲ့ coin ေတြ ဆံုး႐ံႈးခဲ့ရပါတယ္။

-ေနာင္ေနာင္
Ref: TIME

[ Unicode ]

အမေရိကန်ဒေါ်လာ ၃၁ သန်း တန်ကြေးရှိတဲ့ virtual ငွေကြေးစနစ်တွေဟာ ဟက်ကာတွေရဲ့ခိုးယူမှုကို ခံခဲ့ရတယ်လို့ တောင်ကိုရီးယား cryptocurrency အိတ်ချိန်းလုပ်ငန်းကြီးတစ်ခုက ဇွန်လ ၂၀ ရက် (ဗုဒ္ဓဟူးနေ့) က ပြောကြားလိုက်ပါတယ်။

တောင်ကိုရီးယားရဲ့ ဒုတိယအကြီးဆုံး အိတ်ချိန်းဖြစ်တဲ့ Bithumb ဟာ ဇွန်လ ၁၉ ရက် (အင်္ဂါနေ့ည) က ဆိုက်ဘာတိုက်ခိုက်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရပြီးတဲ့နောက် ကိုရီးယားဝမ် ၃၅ ဘီလျံတန်ကြေးရှိတဲ့ cryptocurrency တွေကို ဆုံးရှုံးခဲ့ရတာ ဖြစ်ပါတယ်။

ဟက်ခံရပြီးတဲ့နောက် cryptocurrency တွေကနေ ကိုရီးယားဝမ် ရောင်းဝယ်လဲလှယ်မှုတွေကို ရပ်ဆိုင်းထားတယ်လို့ Bithumb က ဆိုပါတယ်။

ဘယ်လို coin အမျိုးစားတွေ ဆုံးရှုံးခဲ့ရတယ်ဆိုတာကိုတော့ Bithumb က မပြောကြားခဲ့ပါဘူး။ ဒါပေမဲ့ ဆုံးရှုံးမှုတွေအတွက် လျော်ကြေးပေးသွားမယ်လို့ ကုမ္ပဏီက ကတိပြုထားပါတယ်။

Cryptocurrency အိတ်ချိန်းတွေအပေါ် ဆိုက်ဘာတိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်လာတာဟာ ရင်းနှီးမြှုပ်နှံသူတွေအတွက် လုံခြုံရေးအန္တရာယ် စိုးရိမ်ပူပန်မှုတွေကို ပိုမိုမြင့်တက်လာစေပါတယ်။ ဒီလအစောပိုင်းကလည်း Coinrail လို့ခေါ်တဲ့ တောင်ကိုရီးယားက အိတ်ချိန်းငယ်တစ်ခု ဟက်ခံခဲ့ရပြီး ဒေါ်လာ ၃၇ သန်း တန်ကြေးရှိတဲ့ coin တွေ ဆုံးရှုံးခဲ့ရပါတယ်။

-နောင်နောင်
Ref: TIME