Credit Transfer Systems အား အဆင့်မြင့်ပညာကဏ္ဍ တက္ကသိုလ်၊ ဒီဂရီကောလိပ်များတွင် ကျင့်သုံးနိုင်ရေး အလုပ်ရုံ ဆွေးနွေးပွဲကျင်းပ

နိုင်ငံတကာတွင် ကျင့်သုံးနေတဲ့ Credit Transfer Systems ကို အဆင့်မြင့်ပညာကဏ္ဍရှိ တက္ကသိုလ်၊ ဒီဂရီ ကောလိပ်၊ ကောလိပ်တွေမှာ ကျင့်သုံးနိုင်ဖို့ အလုပ်ရုံဆွေးနွေးပွဲကို ဇန်နဝါရီလ ၁၅ ရက် နံနက် ၉ နာရီ က နေပြည်တော် ပညာရေးဝန်ကြီးဌာန ရုံးအမှတ် (၁၃) အစည်းအဝေးခန်းမမှာ ကျင်းပခဲ့တယ်လို့ ပညာရေးဝန်ကြီးဌာနက သိရပါတယ်။

မြန်မာနိုင်ငံ၏ ပညာရေးကဏ္ဍကြီး (၃) ရပ်ဖြစ်တဲ့ အခြေခံပညာရေး၊ အဆင့်မြင့်ပညာရေး နည်းပညာနှင့် သက်မွေးပညာရေး ဖွံ့ဖြိုးတိုးတက်စေရန် မူဝါဒများ ချမှတ် အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိကြောင်းကို ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း ပြောကြားခဲ့ပါတယ်။ ဆက်လက်ပြီး အဆင့်မြင့်ပညာ ကဏ္ဍတွင် ကမ္ဘာတစ်ဝှမ်းလုံးနှင့် ပညာရေးပူးပေါင်းဆောင်ရွက်မှု၊ ပညာရေးကူးလူး ဆက်ဆံမှုတွေ အဆင်ပြေချောမွေ့စွာ အကောင်အထည်ဖော် ဆောင်ရွက်လုပ်ကိုင်ဖို့အတွက် Academic Credit System သည် အဓိက အခန်းကဏ္ဍမှ ပါဝင်လျက်ရှိကြောင်း၊ ၂၀၁၇ ခုနှစ် အဆင့်မြင့်ပညာကဏ္ဍဆိုင်ရာ ပညာရေးဖွံ့ဖြိုး တိုးတက်မှု အကောင်အထည်ဖော်ရေး နှီးနှောဖလှယ်ပွဲတွင်လည်း Academic Credit Transfer Systems နဲ့ ပတ်သက်၍ တင်ပြခဲ့ကြောင်း၊ Academic Credit Transfer Systems သည် ကျောင်းသားများနဲ့ တက္ကသိုလ်များအတွက် ဒေသတွင်း သော်လည်းကောင်း၊ နိုင်ငံတကာနှင့် သော်လည်းကောင်း ပညာရေးကူးလူး ဆက်ဆံရာတွင်အဆင် ပြေချောမွေ့စွာ ချိန်ညှိနိုင်စေဖို့ မျှော်လင့်ကြောင်း ပြောကြားခဲ့ပါတယ်။

-ဝေဝေ