CRE C2 LED Portable Projector

COVID-19 အိမ်တွင်းပုန်းကာလမှာ မိမိနေအိမ်ထဲမှာပဲ အိမ်တွင်းရုပ်ရှင်ရုံအသေးစား အဖြစ် ဖန်တီးပေးနိုင်မယ့် CRE C2 LED Portable Projector ဖြစ်တယ်။ Portable Projector ဖြစ်တဲ့အတွက် သယ်ဆောင်ရ လွယ်ကူပါတယ်။

WiFi စနစ် ပါဝင်တဲ့အတွက် ဖုန်းနဲ့ပဲဖြစ်ဖြစ် laptop နဲ့ပဲဖြစ်ဖြစ် အသုံးပြုတဲ့အခါ အဆင်ပြေစေမှာ ဖြစ်ပါတယ်။ ရုပ်ထွက်အရည်အသွေး 800 x 480 dpi native resolution (Support 1080 Full HD) အထိနဲ့ အလင်းအားအနေနဲ့ 500 ANSI Lumen အထိရရှိနိုင်မှာ ဖြစ်ပါတယ်။ Contrast က 2000:1 ရရှိလို့ ရုပ်ထွက်ပိုင်းအတွက် အဆင်ပြေစေမှာ ဖြစ်ပါတယ်။ lmage System က Single-chip LCD technology ဖြစ်ပြီး LED Lamp နဲ့ဖြစ်ပါတယ်။ Light Lifetime က နာရီပေါင်း ၃၀,၀၀၀ အထိ ခံနိုင်ပါတယ်။ Throw Ration က 1.35 : 1 ရရှိပြီး မြင်ကွင်းတွေကို ၃၀ လက်မကနေ ၁၂၀ လက်မအရွယ်အစား အထိ ချဲ့နိုင်ပါတယ်။ Android Version 6.0 ထောက်ပံ့ပေးထားပြီး RAM 1GB နဲ့ Rom 8GB ပါဝင်ပါတယ်။ Mirroring Function တွေအနေနဲ့ MIRCAS/Airplay/DLNA စတာတွေနဲ့ ချိတ်ဆက်နိုင်ပြီး ဟန်းဆက်၊ Tablet တွေကို App သွင်းကာ ကြိုးမဲ့ ချိတ်ဆက်နိုင်မှာ ဖြစ်ပါတယ်။ Built – in အနေနဲ့ 2600mAh Battery ထောက်ပံ့ပေးထားသလို WiFi ကိုလည်း Built in အနေနဲ့ ထောက်ပံ့ပေးထားပါတယ်။ Music format ကို MP3/WMA/ASF/OGG/AAC/WAV MP3/WMA/AAC/WAV/OGG/AC3(Play by MX Player Pro)/DDP/TrueHD/DTS/ DTS/HD/FLAC/APE, Photo format ကို JPEG/BMP/PNG HD JPEG/BMP/GIF/PNG/TIFF, Video format ကို MP4/AVI/MKV/FLV/MOV/MPG/VOB/RMVB/3GP AVI/RM/RMVB/TS/VOB/MKV/MOV/ ISO/WMV/ASF/FLV/DAT/MPG/MPEG တွေအသုံးပြုနိုင်ပြီး TXT format မှာတော့ TXT file တွေ ဖွင့်နိုင်ပါတယ်။ အခြားသော ထောက်ပံ့မှုတွေအနေနဲ့ Super Bass : 3W x 2, Audio & Video Input x 1, 3.5 Audio output x1, HDMI x 1, USB x 1 စတာတွေပါဝင်ပါတယ်။

တန်ဖိုးက ၂၂၄,၀၀၀ ကျပ် ဖြစ်ပြီး Technoland Computer ဖုန်း – ၀၉ ၉ ၇၀၀၃၅၀၁ (ရန်ကုန်)၊ ၀၉ ၉ ၇၆၀၁၈၃၈၆ (မန်း) နဲ့ ၀၉ ၉ ၇၆၀၁၈၃၉ ၃ (နေပြည်တော်) မှာ ဝယ်ယူနိုင်ပါတယ်။

-ကျော်ဇေယျ

»»» စိတ်ဝင်စားဖွယ်ရာအကြောင်းအရာ စုံစုံလင်လင်နဲ့တင်ဆက်ထားတဲ့ အင်တာနက်ဂျာနယ် အပတ်စဉ်တနင်္လာနေ့တိုင်းထွက်ရှိနေပါပြီ
အိမ်အရောက်ဖတ်ရှုဖို့ ရန်ကုန်ဆိုရင် ဖုန်း – 09443053320 မန္တလေးဆိုရင် ဖုန်း – 0943010747 ကိုသာဖုန်းလေးတစ်ချက်ဆက်လိုက်ပါ «««