Crash Team Racing Nitro-Fueled

[ Zawgyi ]

ကေလး နည္းနည္းဆန္ေပမယ့္ ကားၿပိဳင္ပြဲဂိမ္းေကာင္းေကာင္း ကစားခ်င္သူေတြအတြက္ စိတ္ႀကိဳက္ျဖစ္မယ့္ ဂိမ္းသစ္ေလးပါ။ ကားၿပိဳင္ပြဲဆိုေပမယ့္ ကိုယ္ထည္ အေသးစားကာတြန္း ဇာတ္ေကာင္ ကားေလးေတြနဲ႔ ၿပိဳင္ပြဲ၀င္ရမွာပါ။ ရလဒ္ကေတာ့ ကိုယ္ထည္ေသးတာေၾကာင့္ လက္ကိုင္က အရမ္းသြက္လြန္းသြားၿပီးထိန္းခ်ဳပ္ ေမာင္းႏွင္ရ အရမ္းခက္သြားပါတယ္။ ဒီေတာ့
ကြန္ပ်ဴတာန႔ဲကစားလို႔ သိပ္အဆင္မေျပေတာ့ဘူး။ Console နဲ႔ပဲ အေကာင္းဆံုး ကစားႏုိင္မွာပါ။ ဟုတ္ပါတယ္၊ ဒီဂိမ္းက Nintendo Switch, PS4နဲ႔ Xbox One ေတြ အတြက္ပဲ လာပါတယ္။

Single အေနနဲ႔ေရာ Multi အေနနဲ႔ပါ ကစားႏုိင္မယ့္ အခုဂိမ္းက ၿပိဳင္ဘက္အခ်င္းခ်င္း တိုက္ခုိက္ယွဥ္ၿပိဳင္ ေမာင္းႏွင္မႈေတြအျပင္ လမ္းတစ္ေလွ်ာက္ ပစၥည္းေတြနဲ႔ တိုက္ခိုက္ႏုိင္မႈေတြ၊ ခြက္ေတြ၊ လမ္းမွားေတြကိုပါ ေရွာင္ကြင္း ေမာင္းႏွင္ၿပီး အႏုိင္ရေအာင္ ကစားရမွာပါ။ Nitro Version မွာ ကစားသူတစ္ေယာက္အေနနဲ႔ မိမိကားကို စြမ္းအင္ဖြင့္ၿပီး ျမန္ ဆန္ေအာင္ ေမာင္းႏွင္ႏုိင္မႈအျပင္ ၿပိဳင္ဘက္ကို ေနာက္ေကာက္ခ်ႏိုင္ေအာင္ ေႏွးသြားေစမယ့္ စြမ္းအင္အသံုးျပဳႏုိင္မႈေတြပါ ပါလာပါတယ္။

Mode အေနနဲ႔ေတာ့ ၃ မ်ိဳး ေရြးခ်ယ္ေမာင္းႏွင္ႏုိင္မွာပါ။ Quick ကေတာ့ တစ္ပြဲတည္းန႔ဲ အၿပီးသတ္ အေျဖထုတ္ အႏုိင္ရမယ့္ ကစားနည္းပါ။ Circuit ကေတာ့ ပတ္လမ္းေမာင္း ၿပိဳင္ပြဲပါ။ ပတ္လမ္းကို ဘယ္ႏွစ္ပတ္ ပတ္မယ္၊ ဘယ္လိုပတ္လမ္းမွာ ေမာင္းႏွင္မယ္ဆိုတာကိုပဲ ေရြးခ်ယ္ၿပီး စိတ္ႀကိဳက္ပတ္လမ္းေမာင္း ၿပိဳင္ပြဲတစ္ခုကို ဖန္တီးက စားႏုိင္မွာပါ။ Adventure ကေတာ့ စြန္႔စားခန္းဆန္တယ္၊ ျပင္ပလမ္းေၾကာင္းမွာ ေမာင္းႏွင္ရမွာျဖစ္ၿပီး ၿမိဳ႕တြင္းလမ္းေတြေရာ ၿမိဳ႕ျပင္လမ္းမေတြေရာ ေတာတြင္းလမ္းေၾကာင္း ေမာင္းႏွင္မႈေတြပါ ပါရွိပါတယ္။ သူငယ္ခ်င္းေတြနဲ႔ ကစားရင္ေတာ့ Adventure က ကစားလုိ႔ ပိုေကာင္းပါလိမ့္မယ္။

ကစားသမား တစ္ေယာက္ခ်င္းစီက ၿပိဳင္ပြဲအႏုိင္ရမႈအေပၚမွာ မူတည္ၿပီးေတာ့ တစ္ဆင့္ၿပီးတစ္ဆင့္ ၿပိဳင္ပြဲေတြေရာလမ္းေၾကာင္းေတြ အပါအ၀င္ စြမ္းအင္နဲ႔ အသံုးျပဳႏိုင္မယ့္ စနစ္သစ္ေတြပါ ပြင့္လာပါတယ္။ ၿပီးေတာ့ အခု Version မွာ စနစ္သစ္တစ္ခု ပါလာတာက Online ဂိမ္းအျဖစ္ ကစားႏိုင္ျခင္းပါ။ Online ခ်ိတ္ကစားသူခ်င္း မိတ္ဖြဲ႕ယွဥ္ၿပိဳင္ႏုိင္မယ္၊ အဆင့္ေဖာ္ျပခ်က္ေတြ ၾကည့္ႏုိင္၊ သိႏို္င္မယ္၊ ကစားသမား တစ္ေယာက္ခ်င္းစီရဲ႕ စိ္တ္ႀကိဳက္ဖန္တီးထားတဲ့ ကားေလးေတြကိုဒီဇုိင္း ရယူဖန္တီးကစားႏုိင္မယ္။ အစမ္းေမင္းႏွင္ကစားဖုိ႔အတြက္ Classic အဆင့္ပါလာတယ္။ ကၽြမ္းက်င္ၿပီဆိုရင္ေတာ့ AdvMode မွာ ေသခ်ာ၀င္ကစား ႏုိင္ၿပီေပါ့။

ၿပီးေတာ့ ပတ္လမ္းစံု၊ ကားမ်ိဳးစံုေရြးခ်ယ္ ကစားႏုိင္ေအာင္ Crash Nitro Kart န႔ဲ Crash Tag Team Racing ဂိမ္းေတြထဲက ပတ္လမ္းေတြ၊ ကားေတြကိုအခု Version မွာ ျဖည့္စြက္ထားေသးတာ ေတြြ႕ရပါတယ္။ စိတ္ႀကိဳက္ပါပဲ။ Grand Prix ဆိုတဲ့ အခ်ိန္အကန္႔အသတ္နဲ႔ ပန္းဝင္ေအာင္ ေမာင္းႏွင္ရမယ့္ Mode လည္း Online အေနနဲ႔ ပါလာတယ္။ ဆရာက်ၿပီလုိ႔ ယူဆမိသူေတြအတြက္ေတာ့ စိန္ေခၚမႈႀကီး တစ္ခုပါပဲ။ ႐ုပ္ထြက္နဲ႔ ဂိမ္းဒီဇို္င္းကေတာ့ အထက္မွာေျပာခဲ့သလို ကေလးနည္းနည္းဆန္ပါတယ္။ ဒါေပမဲ့ တကယ္တမ္းစမ္းေမာင္း ၾကည့္ခ်ိန္မွာေတာ့ ေတာ္ေတာ္ေလး ခက္ပါတယ္။ အထူးသျဖင့္ေတာ့ လက္ကိုင္က သြက္လြန္းတာေၾကာင့္ တစ္ခ်က္ေလးဂိမ္းထဲကေန အာ႐ံုလြင့္လိုက္တာနဲ႔ သင့္ရဲ႕ကားေလးက လမ္းေဘး
က်သြားႏိုင္တာမို႔ အာ႐ံုျပည့္ကစားရင္း ရင္ခုန္စရာေကာင္းမယ့္ ဂိမ္းသစ္ေလးလို႔ မွတ္ခ်က္ေပးခ်င္ပါတယ္။

[ Unicode ]

ကလေး နည်းနည်းဆန်ပေ မယ့် ကားပြိုင်ပွဲဂိမ်းကောင်းကောင်း ကစားချင်သူတွေအတွက် စိတ်ကြိုက်ဖြစ်မယ့် ဂိမ်းသစ်လေးပါ။ ကားပြိုင်ပွဲဆိုပေမယ့် ကိုယ်ထည် အသေးစားကာတွန်း ဇာတ်ကောင် ကားလေးတွေနဲ့ ပြိုင်ပွဲဝင်ရမှာပါ။ ရလဒ်ကတော့ ကိုယ်ထည်သေးတာကြောင့် လက်ကိုင်က အရမ်းသွက်လွန်းသွားပြီးထိန်းချုပ် မောင်းနှင်ရ အရမ်းခက်သွားပါတယ်။ ဒီတော့ ကွန်ပျူတာနဲ့ကစားလို့ သိပ်အဆင်မပြေတော့ဘူး။ Console နဲ့ပဲ အကောင်းဆုံး ကစားနိုင်မှာပါ။ ဟုတ်ပါတယ်၊ ဒီဂိမ်းက Nintendo Switch, PS4နဲ့ Xbox One တွေ အတွက်ပဲ လာပါတယ်။

Single အနေနဲ့ရော Multi အနေနဲ့ပါ ကစားနိုင်မယ့် အခုဂိမ်းက ပြိုင်ဘက်အချင်းချင်း တိုက်ခိုက်ယှဉ်ပြိုင် မောင်းနှင်မှုတွေအပြင် လမ်းတစ်လျှောက် ပစ္စည်းတွေနဲ့ တိုက်ခိုက်နိုင်မှုတွေ၊ ခွက်တွေ၊ လမ်းမှားတွေကိုပါ ရှောင်ကွင်း မောင်းနှင်ပြီး အနိုင်ရအောင် ကစားရမှာပါ။ Nitro Version မှာ ကစားသူတစ်ယောက်အနေနဲ့ မိမိကားကို စွမ်းအင်ဖွင့်ပြီး မြန် ဆန်အောင် မောင်းနှင်နိုင်မှုအပြင် ပြိုင်ဘက်ကို နောက်ကောက်ချနိုင်အောင် နှေးသွားစေမယ့် စွမ်းအင်အသုံးပြုနိုင်မှုတွေပါ ပါလာပါတယ်။

Mode အနေနဲ့တော့ ၃ မျိုး ရွေးချယ်မောင်းနှင်နိုင်မှာပါ။ Quick ကတော့ တစ်ပွဲတည်းနဲ့ အပြီးသတ် အဖြေထုတ် အနိုင်ရမယ့် ကစားနည်းပါ။ Circuit ကတော့ ပတ်လမ်းမောင်း ပြိုင်ပွဲပါ။ ပတ်လမ်းကို ဘယ်နှစ်ပတ် ပတ်မယ်၊ ဘယ်လိုပတ်လမ်းမှာ မောင်းနှင်မယ်ဆိုတာကိုပဲ ရွေးချယ်ပြီး စိတ်ကြိုက်ပတ်လမ်းမောင်း ပြိုင်ပွဲတစ်ခုကို ဖန်တီးက စားနိုင်မှာပါ။ Adventure ကတော့ စွန့်စားခန်းဆန်တယ်၊ ပြင်ပလမ်းကြောင်းမှာ မောင်းနှင်ရမှာဖြစ်ပြီး မြို့တွင်းလမ်းတွေရော မြို့ပြင်လမ်းမတွေရော တောတွင်းလမ်းကြောင်း မောင်းနှင်မှုတွေပါ ပါရှိပါတယ်။ သူငယ်ချင်းတွေနဲ့ ကစားရင်တော့ Adventure က ကစားလို့ ပိုကောင်းပါလိမ့်မယ်။

ကစားသမား တစ်ယောက်ချင်းစီက ပြိုင်ပွဲအနိုင်ရမှုအပေါ်မှာ မူတည်ပြီးတော့ တစ်ဆင့်ပြီးတစ်ဆင့် ပြိုင်ပွဲတွေရောလမ်းကြောင်းတွေ အပါအဝင် စွမ်းအင်နဲ့ အသုံးပြုနိုင်မယ့် စနစ်သစ်တွေပါ ပွင့်လာပါတယ်။ ပြီးတော့ အခု Version မှာ စနစ်သစ်တစ်ခု ပါလာတာက Online ဂိမ်းအဖြစ် ကစားနိုင်ခြင်းပါ။ Online ချိတ်ကစားသူချင်း မိတ်ဖွဲ့ယှဉ်ပြိုင်နိုင်မယ်၊ အဆင့်ဖော်ပြချက်တွေ ကြည့်နိုင်၊ သိနို်င်မယ်၊ ကစားသမား တစ်ယောက်ချင်းစီရဲ့ စိ်တ်ကြိုက်ဖန်တီးထားတဲ့ ကားလေးတွေကိုဒီဇိုင်း ရယူဖန်တီးကစားနိုင်မယ်။ အစမ်းမေင်းနှင်ကစားဖို့အတွက် Classic အဆင့်ပါလာတယ်။ ကျွမ်းကျင်ပြီဆိုရင်တော့ AdvMode မှာ သေချာဝင်ကစား နိုင်ပြီပေါ့။

ပြီးတော့ ပတ်လမ်းစုံ၊ ကားမျိုးစုံရွေးချယ် ကစားနိုင်အောင် Crash Nitro Kart နဲ့ Crash Tag Team Racing ဂိမ်းတွေထဲက ပတ်လမ်းတွေ၊ ကားတွေကိုအခု Version မှာ ဖြည့်စွက်ထားသေးတာ တွွေ့ရပါတယ်။ စိတ်ကြိုက်ပါပဲ။ Grand Prix ဆိုတဲ့ အချိန်အကန့်အသတ်နဲ့ ပန်းဝင်အောင် မောင်းနှင်ရမယ့် Mode လည်း Online အနေနဲ့ ပါလာတယ်။ ဆရာကျပြီလို့ ယူဆမိသူတွေအတွက်တော့ စိန်ခေါ်မှုကြီး တစ်ခုပါပဲ။ ရုပ်ထွက်နဲ့ ဂိမ်းဒီဇို်င်းကတော့ အထက်မှာပြောခဲ့သလို ကလေးနည်းနည်းဆန်ပါတယ်။ ဒါပေမဲ့ တကယ်တမ်းစမ်းမောင်း ကြည့်ချိန်မှာတော့ တော်တော်လေး ခက်ပါတယ်။ အထူးသဖြင့်တော့ လက်ကိုင်က သွက်လွန်းတာကြောင့် တစ်ချက်လေးဂိမ်းထဲကနေ အာရုံလွင့်လိုက်တာနဲ့ သင့်ရဲ့ကားလေးက လမ်းဘေးကျသွားနိုင်တာမို့ အာရုံပြည့်ကစားရင်း ရင်ခုန်စရာကောင်းမယ့် ဂိမ်းသစ်လေးလို့ မှတ်ချက်ပေးချင်ပါတယ်။