CPU နဲ့ GPU သစ်တွေကို ARM ထုတ်ဖော်မိတ်ဆက်ခဲ့

[ Zawgyi ]


Mali-G77 GPU


Cortex-A77 CPU


စိုးထက်
Ref: GSMArena

[ Unicode ]

ARM ဟာ Cortex-A77 CPU နဲ့ Mali-G77 GPU တွေကို ထုတ်ဖော်မိတ်ဆက်ခဲ့ပါတယ်။ GPU ကို Bifrost ဗိသုကာတည်ဆောက်မှုကိုစွန့်ပစ်ပြီး Valhall ကိုအသုံးပြုခဲ့ပါတယ်။ CPU ကိုလည်း 7nm လုပ်ငန်းစဉ်နဲ့ A76 core အဆင့်မြှင့်တင်ထားတဲ့ ဗားရှင်းကို အသုံးပြုထားပါတယ်။

Mali-G77 GPU

၂၀၁၆ ခုနှစ်က G71 core နဲ့အတူ Bifrost ကိုမိတ်ဆက်ခဲ့ပါတယ်။ Valhall ကတော့ အရေးပါတဲ့ ဒီဇိုင်းဖြစ်ပြီး စွမ်းအင်သုံးစွဲမှု ၃၀ရာခိုင်နှုန်းထိရောက်ပြီး စွမ်းဆောင်ရည် သိပ်သည်းမှု ၃၀ရာခိုင်နှုန်းကောင်းမွန်လာပါတယ်။ ဒါ့အပြင် machine learning နည်းပညာ ဆောင်ရွက်မှု ၆၀ရာခိုင်နှုန်း တိုးတက်လာပါတယ်။ ၂၀၁၉ နှောင်းပိုင်းနဲ့ ၂၀၂၀ ခုနှစ်ထွက်ရှိတဲ့ chipset တွေမှာ G77 core အသုံးပြုထားရင် စွမ်းဆောင်ရည် ၄၀ရာခိုင်နှုန်းအထိ တိုးတက်လာနိုင်ပါတယ်။ချစ်ပ်တွေကို အနံ ၄လက်မဒါမှမဟုတ် ၈လက်မကနေ ၁၆လက်မအထိ ပြောင်းလဲဖို့ရှိပါတယ်။ အဲဒီအရာကို warps လို့ခေါ်ဆိုပြီး CPU ပေါ်က thread နဲ့ဆင်ပြီး G77 cored တစ်ခုထဲက G76 core ထက်၂ဆ စွမ်းဆောင်ရည်ပိုမိုကောင်းမွန်လာပါတယ်။

Cortex-A77 CPU

Cortex-a77 CPU ကို A76 ဒီဇိုင်းပေါ်မှာတည်ဆောက်ထားပြီး clock speed တူညီပေမယ့် စွမ်းဆောင်ရည် ၂၀ရာခိုင်နှုန်းတိုးတက်လာပါတယ်။အခု core သစ်မှာ စတုတ္ထမြောက် ALU ပါဝင်လာတာကြောင့် integer မြန်နှုန်း ၅၀ရာခိုင်နှုန်းအထိ တိုးမြှင့်လာပါတယ်။ ဒါ့အပြင် cycle တစ်ခုတည်းအတွင်း ရိုးရှင်းတဲ့ လုပ်ဆောင်ချက်တွေပြုလုပ်နိုင်ပါတယ်။

စိုးထက်
Ref: GSMArena