Covid-19 Phishing လှုပ်ရှားမှုနှင့်ပတ်သက်၍ သတိပေးချက်ထုတ်ပြန်ထား

Covid-19 နဲ့ပတ်သက်ပြီး လူအများ HomeStay နေကြခြင်းကို အကြောင်းပြုကာ ဟက်ကာများက “အင်တာနက် 1000GB ပေးမည်” ဟု မက်လုံးပေးလိမ်လည်သော Phishing Campaign လှုပ်ရှားမှုများ ပြုလာကြကြောင်း (mmCERT/cc) မှ သတိပေးချက်ထုတ်ပြန်ထားပါတယ်။

ထုန်ပြန်ချက်တွင် ဆိုက်ဘာလုံခြုံရေးအသိပညာ နည်းပါးသူများက ပုံ(၁)တွင်မြင်ရသည့်အတိုင်း Messenger မှတစ် ဆင့်ပေးပို့ခြင်း၊ Facebook တွင် ပို့စ်များကို share လုပ်ခြင်းများ ပြုလုပ်နေကြသည်ကို တွေ့မြင်ရနေသလို အဆိုပါလင့်ကိုနှိပ်ခြင်းဖြင့် Facebook နဲ့ပတ်သက်သော အချက်အလက်များကို တိုက်ခိုက်သူများက ခိုးယူနိုင်ခြင်း၊ malicious website များမှတစ်ဆင့် နောက်ဆက်တွဲဆိုးကျိုးများကို ဖြစ်စေနိုင်ခြင်းတို့ကြောင့် အလားတူ ပို့စ်များတွေ့ရှိပါက Share ခြင်း၊ Messenger မှတဆင့် အခြားသူများထံ ဖြန့်ဝေခြင်းမျိုး မပြုလုပ်ကြဖို့ မြန်မာနိုင်ငံကွန်ပျူတာအရေးပေါ်တုံ့ပြန်ရေးအဖွဲ့ (mmCERT/cc) ထုန်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အသုံးပြုသူများအနေဖြင့် Link တွေကို နှိပ်ပါက 1000GB Free Internet ကိုရရှိရန် Covid-19 နဲ့ပတ်သက်တဲ့ မေးခွန်း(၃)ခုကို ဖြေဆိုခိုင်းမှာ ဖြစ်ကြောင်း၊ ပုံမှာမြင်ရတဲ့အတိုင်း Obfuscated လုပ်ထားသော JavaScript ဖိုင်ကို အလုပ်လုပ်စေမှာဖြစ်ပြီး ၎င်းတို့ရဲ့ပို့စ်ကို နောက်ထပ်လူ(၁၅)ယောက်ထံ နောက်ထပ်ဖြန့်ဝေခိုင်းခြင်း၊ malicious link ပါရှိသော Survey များကို ဖြေဆိုခိုင်းခြင်းများ ပြုလုပ်စေမှာဖြစ်တယ်လို့သိရပါတယ်။ Link ကို ဝင်ရောက်လိုက် တဲ့အခါမှာ Facebook နဲ့ပတ်သက်တဲ့ အချက်အလက်များကို တိုက်ခိုက်သူများက ခိုးယူနိုင်ခြင်း၊ malicious website များမှတစ်ဆင့် နောက်ဆက်တွဲဆိုးကျိုးများကို ဖြစ်စေနိုင်ခြင်းတို့ကြောင့် အလားတူ ပို့စ်များတွေ့ရှိပါက Shareခြင်း၊ Messenger မှတဆင့် အခြားသူများထံ ဖြန့်ဝေခြင်းမျိုး မပြုလုပ်ကြဖို့ mmCERT က သတိပေးထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

Photo: mmCERT

-ကျော်ဇေယျ