COVID-19 feature ပါဝင်တဲ့ iOS 13.5 ကိုဖြန့်ချိ

Apple ဟာ COVID-19 နဲ့တိုက်ရိုက်ပတ်သက်တဲ့ feature တွေကို iOS 13.5 နဲ့အတူ ဖြန့်ချိလိုက်ပါတယ်။ iOS 13.5 မှာမျက်နှာဖုံးဝတ်ပြီး Face ID အသုံးပြုနိုင်တဲ့ လုပ်ဆောင်ချက် ပါဝင်သလို Apple နဲ့ Google ပူးပေါင်းဖန်တီးထားတဲ့ COVID-19 ထိတွေ့မှုနှုန်း သတိပေးချက်စနစ်လည်း ပါဝင်လာပါတယ်။

အရင် iOS ဗားရှင်းတုန်းက မျက်နှာဖုံးဝတ်ပြီး Face ID သုံးလို့မရတဲ့ ပြဿနာရှိပါတယ်။ iOS 13.5 မှာတော့ မျက်နှာပြင်အောက်ခြေကို swipe လုပ်လိုက်ရင် passcode နဲ့ဝင်လို့ရအောင် ပြုလုပ်ပေးထားပါတယ်။ ဒါ့အပြင် iOS 13.5 မှာ Apple နဲ့ Google ရဲ့ ရောဂါထိတွေ့မှုနှုန်း သတိပေးချက် API ပါဝင်လာပါတယ်။ ဒါကြောင့် သုံးစွဲသူက ကျန်းမာရေးအေဂျင်စီတွေက ဖန်တီးထားတဲ့ app တွေကို အသုံးပြုနိုင်ပါမယ်။ အဲဒီ app တွေက COVID-19 ရောဂါရှိသူနဲ့ ဆက်သွယ်တဲ့အခါမှာ သတိပေးသွားပါမယ်။ တကယ်လို့ app ကိုမထည့်သွင်းထားရင် API ကိုသုံးလို့မရပါဘူး။

အနာဂတ်မှာ Apple နဲ့ Google က operating system ထဲလုပ်ဆောင်ချက်ကို တိုက်ရိုက်ထည့်သွင်း တည်ဆောက်သွားမှာပါ။ ဖုန်းပေါ်မှာ ကျန်းမာရေးအေဂျင်စီတွေက app မရှိလည်း COVID-19 ရှိသူတွေနဲ့ ဆက်ဆံတဲ့အခါ သတိပေးသွားမှာ ဖြစ်ပါတယ်။

စိုးထက်
Ref: TheVerge

Viber မှာလည်း အင်တာနက်ဂျာနယ်က သတင်းတွေကို ဖတ်ရှုနိုင်တယ်နော် . . . ဒီ https://vb.me/internetjournalcommunity လင့်ခ်ကနေ ဝင်လိုက်ရုံပဲ. . .